YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 1:1-5

ဂလာတိ 1:1-5 JBMLE

လူ​နှင့်​မ​စပ်​ဆိုင်၊ လူ၏​အ​ခွင့်​မ​ရှိ​ဘဲ​လျက်၊ ယေ​ရှု​ခ​ရစ်၏​အ​ခွင့်​နှင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​ခွင့်​နှင့် လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​မှ​စ၍၊- ငါ့​ထံ​မှာ​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​သည် ဂ​လာ​တိ​ပြည်၌​ရှိ​သော အ​သင်း​တော်​များ​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။- ထို​သ​ခင်​သည် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ဆိုး​ညစ်​သော ဤ​ပ​စ္စု​ပ္ပန်​ဘ​ဝ​မှ ငါ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ၊ ငါ​တို့​အ​ပြစ်​ကြောင့် ကိုယ်​ကို​ကိုယ် အပ်​ပေး​တော်​မူ၏။- ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။