YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 48

48
အ​နွယ်​များ​အား​မြေ​ခွဲ​ဝေ​ခြင်း
1ဣ​သ​ရေ​လ​အ​မျိုး ခ​ရိုင်​စု​အ​မည်​ကား၊ မြောက်​ဘက်၌ ဟေ​သ​လုန်​လမ်း​နှင့် ဟာ​မတ်​လမ်း​နား၊ ဟာ​ဇ​ရေ​နန်​မြို့​ပါ​လျက် ဒ​မာ​သက်​မြို့​နယ် မြောက်၊ ဟာ​မတ်​မြို့​နယ် တိုင်​အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​မှ​သည် ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း ဒန်​ခ​ရိုင်​ရှိ​ရ​မည်။ 2ဒန်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် အာ​ရှာ​ခ​ရိုင်​ရှိ​ရ​မည်။ 3အာ​ရှာ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် နဿ​လိ​ခ​ရိုင်​ရှိ​ရ​မည်။ 4နဿ​လိ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် မ​နာ​ရှေ​ခ​ရိုင်​ရှိ​ရ​မည်။ 5မ​နာ​ရှေ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဧ​ဖ​ရိမ်​ခ​ရိုင်​ရှိ​ရ​မည်။ 6ဧ​ဖ​ရိမ်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ရု​ဗင်​ခ​ရိုင်​ရှိ​ရ​မည်။ 7ရု​ဗင်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ယု​ဒ​ခ​ရိုင်​ရှိ​ရ​မည်။
ပူ​ဇော်​ရ​သော မြေ​ကွက်
8ယု​ဒ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် သင်​တို့​ပူ​ဇော်​ရ​သော မြေ​ကွက်​ရှိ​ရ​မည်။ ထို​မြေ​အ​နံ​ကား၊ ကျူ​လုံး​အ​ပြန် နှစ်​သောင်း​ငါး​ထောင်၊ အ​လျား​ကား အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ခ​ရိုင်​အ​လျား​နှင့် ညီ​ရ​မည်။ ထို​မြေ​အ​တွင်း၌ သန့်​ရှင်း​ရာ​ဌာ​န​ရှိ​ရ​မည်။ 9ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​သော​မြေ​ကွက်​မူ​ကား၊ အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ 10ထို​သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​သည် ယဇ်​ပ​ရော​ဟိတ်​ဖို့ ဖြစ်၍ မြောက်​ဘက်၌ နှစ်​သောင်း​ငါး​ထောင်၊ အ​နောက်​ဘက်၌ အ​နံ​တစ်​သောင်း၊ အ​ရှေ့​ဘက်၌ အ​နံ​တစ်​သောင်း၊ တောင်​ဘက်၌ အ​လျား​နှစ်​သောင်း​ငါး​ထောင်​ကျယ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​သည် ထို​အ​ကွက်​အ​လယ်၌ ရှိ​ရ​မည်။ 11ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လမ်း​လွှဲ​သော​အ​ခါ လေ​ဝိ​လူ​ကဲ့​သို့ လမ်း​မ​လွှဲ။ ငါ့​အ​မှု​ကို​အ​စဉ်​ဆောင်၍ သန့်​ရှင်း​သော ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ ဖြစ်​ရ​မည်။ 12လေ​ဝိ​လူ​နေ​ရာ မြေ​အ​နား​မှာ ထို​သို့​ပူ​ဇော်​သော​မြေ​သည် ယဇ်​ပု​ရော​ဟိတ်​တို့​အ​ဖို့ အ​လွန်​သန့်​ရှင်း​သော​မြေ ဖြစ်​ရ​မည်။ 13ယဇ်​ပု​ရော​ဟိတ် မြေ​အ​နား​မှာ​လေ​ဝိ​လူ​နေ​ရာ မြေ​ကွက်​သည် အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ တစ်​သောင်း​ရှိ​ရ​မည်။ 14ထို​မြေ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​သော​ကြောင့်၊ လေ​ဝိ​လူ​တို့​သည် မြေ​ကို မ​ရောင်း​ရ။ အ​ဦး​သီး​သော အ​သီး​ကို အ​ခြား​သော​ဥ​စ္စာ​နှင့် မ​ဖယ်​လှယ်​ရ။ အ​ဖိုး​နှင့် မ​ရောင်း​ရ။
15နှစ်​သောင်း​ငါး​ထောင်​အ​နား​မှာ ကြွင်း​သေး​သော မြေ​ငါး​ထောင်​သည် လူ​နေ​ရာ​မြို့​နှင့် မြို့​နယ်​တည်​စ​ရာ​ဖို့​ဖြစ်၍၊ ထို​မြေ​အ​လယ်၌ မြို့​တည်​ရ​မည်။ 16မြို့​အ​တိုင်း​အ​ရှည်​ကား၊ မြောက်​ဘက်၌ လေး​ထောင်​ငါး​ရာ၊ တောင်​ဘက်၌ လေး​ထောင်​ငါး​ရာ၊ အ​ရှေ့​ဘက်၌ လေး​ထောင်​ငါး​ရာ၊ အ​နောက်​ဘက်၌ လေး​ထောင်​ငါး​ရာ​ရှိ​ရ​မည်။ 17မြို့​နယ်​ကား၊ မြောက်​ဘက်၌ နှစ်​ရာ​ငါး​ဆယ်၊ တောင်​ဘက်၌ နှစ်​ရာ​ငါး​ဆယ်၊ အ​ရှေ့​ဘက်၌ နှစ်​ရာ​ငါး​ဆယ်၊ အ​နောက်​ဘက်၌ နှစ်​ရာ​ငါး​ဆယ်​ရှိ​ရ​မည်။ 18သန့်​ရှင်း​သော မြေ​အ​နား​မှာ အ​လျား၌ ကြွင်း​သေး​သော အ​ရှေ့​ဘက်၌ တစ်​သောင်း၊ အ​နောက်​ဘက်၌ တစ်​သောင်း ကျယ်​သော​မြေ၌​ဖြစ်​သော အ​သီး​အ​နှံ​သည်၊ မြို့​အ​မှု​ကို စောင့်​သော​သူ​တို့ စား​စ​ရာ​ဖို့​ဖြစ်​ရ​မည်။ 19မြို့​အ​မှု​စောင့်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ထဲ​က ရွေး​ကောက်​ရ​မည်။ 20ပူ​ဇော်​သော မြေ​ကွက်​ပေါင်း​ကား၊ အ​လျား နှစ်​သောင်း​ငါး​ထောင်၊ အ​နံ နှစ်​သောင်း​ငါး​ထောင်​ကျယ်၍၊ မြို့​နယ်​ပါ​လျက် သန့်​ရှင်း​သော ထို​စ​တု​ရန်း​မြေ​ကို ပူ​ဇော်​ရ​မည်။
မင်း​သား​အ​ဖို့​မြေ
21ထို​သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​မြေ​နှင့် မြို့​နယ်​နှစ်​ဖက်၌ ကြွင်း၍၊ အ​ရှေ့​ဘက်၌ နှစ်​သောင်း​ငါး​ထောင်၊ အ​နောက်​ဘက်၌ နှစ်​သောင်း​ငါး​ထောင်​ကျယ်​သော မြေ​စွန်း​နှစ်​ကွက်​တို့​သည် မင်း​သား​အ​ဖို့ ဖြစ်​ရ​မည်။ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ​မြေ​နှင့် အိမ်​တော်၏ သန့်​ရှင်း​ရာ​ဌာ​န​သည် ထို​နှစ်​ကွက်​စပ်​ကြား​မှာ နေ​ရာ​ကျ​ရ​မည်။ 22ထို​သို့​စပ်​ကြား​မှာ​ကျ​သော လေ​ဝိ​လူ​နေ​ရာ အ​ပိုင်း​အ​ခြား၊ မြို့​နယ်​အ​ပိုင်း​အ​ခြား၊ ပြင်​ဘက်​နှစ်​ဖက်၊ ယု​ဒ​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​စပ်​ကြား​မှာ ကျ​သော​မြေ​ရှိ​သ​မျှ​သည် မင်း​သား​အ​ဖို့​ဖြစ်​ရ​မည်။
အ​ခြား​အ​နွယ်​များ​အ​တွက်​မြေ
23ကြွင်း​သော ဣ​သ​ရေ​လ​ခ​ရိုင်​ဟူ​မူ​ကား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဗင်္ယာ​မိန်​ခ​ရိုင် ရှိ​ရ​မည်။ 24ဗင်္ယာ​မိန်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ရှိ​မောင်​ခ​ရိုင် ရှိ​ရ​မည်။ 25ရှိ​မောင်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဣ​သ​ခါ​ခ​ရိုင် ရှိ​ရ​မည်။ 26ဣ​သ​ခါ​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဇာ​ဗု​လုန်​ခ​ရိုင် ရှိ​ရ​မည်။ 27ဇာ​ဗု​လုန်​ခ​ရိုင်​အ​နား၊ အ​ရှေ့​ဘက်​မှ​သည် အ​နောက်​ဘက်​တိုင်​အောင် ဂဒ်​ခ​ရိုင် ရှိ​ရ​မည်။ 28ဂဒ်​ခ​ရိုင်​တောင်​ဘက် အ​ပိုင်း​အ​ခြား​သည် တာ​မာ​မြို့​မှ​စ၍ ကာ​ဒေ​ရှ​မြို့၊ မေ​ရိ​ဘ​ရေ​တိုင်​အောင်​လည်း​ကောင်း၊ မ​ဟာ​ပင်​လယ်​ထဲ​သို့​ဝင်​သော မြစ်​တိုင်​အောင်​လည်း​ကောင်း လျှောက်​သွား​ရ​မည်။ 29ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ဝေ​ရ​သော​မြေ၊ ဤ​ရွေ့​ကား၊ သူ​တို့​ပိုင်း​ခြား၍ နေ​ရ​သော ခ​ရိုင်​အ​သီး​အ​သီး​ဖြစ်​သ​တည်း​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
မြို့​တံ​ခါး​များ
30မြို့​မှ​ထွက်​ရာ​တံ​ခါး​များ ဟူ​မူ​ကား၊ မြို့​မြောက်​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊ 31မြို့​တံ​ခါး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မည်​ကို ဆောင်​လျက်၊ မြောက်​ဘက်၌ ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက် ရှိ​ရ​မည်။ 32မြို့​အ​ရှေ့​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊ ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက်​ရှိ​ရ​မည်။ 33မြို့​တောင်​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊ ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက်​ရှိ​ရ​မည်။ 34မြို့​အ​နောက်​ဘက်၌ လေး​ထောင်​ငါး​ရာ​ကျယ်၍၊ ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ နဿ​လိ​တံ​ခါး​တည်း​ဟူ​သော တံ​ခါး​သုံး​ပေါက်​ရှိ​ရ​မည်။#ဗျာ၊ ၂၁:၁၂-၁၃။ 35ထို​သို့ မြို့​ပတ်​လည်​အ​တိုင်း​အ​ရှည်​ကား၊ တစ်​သောင်း​ရှစ်​ထောင် ရှိ​ရ​လိမ့်​မည်။ တည်​သော​နေ့​မှ​စ၍ ထို​မြို့​ကို ယေ​ဟော​ဝါ​ရှ​မ္မ​အ​မည်​ဖြင့် ခေါ်​တွင်​ရ​လိမ့်​သ​တည်း။
ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 48: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ