YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 4:1-8

ယေဇကျေလ 4:1-8 JBMLE

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ အုတ်​ပြား​ကို​ယူ၍ သင့်​ရှေ့​မှာ ထား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​ပုံ​ကို ရေး​လော့။ မြို့​ကို​ဝိုင်း၍ မြို့​ပြင်၌ တပ်​တည်​လော့။ မြေ​ရိုး​ကို​လည်း ဖို့​လော့။ တပ်​သား​တို့​ကို​လည်း ခင်း​ကျင်း​လော့။ မြို့​ပတ်​လည်​တွင် ဝက်​ခွ​တိုင်​တို့၌ တုံး​တို့​ကို​လည်း ဆွဲ​ထား​လော့။ ထို​မှ​တစ်​ပါး၊ သံ​ပြား​ကို​ယူ၍၊ သင်​နှင့် မြို့​စပ်​ကြား​မှာ သံ​ရိုး​ဖြစ်​စေ​ခြင်း​ငှာ ထောင်​ပြီး​လျှင်၊ မြို့​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​ထား​လော့။ ထို​သို့ ဝိုင်း​ထား​သ​ဖြင့်၊ ထို​မြို့​သည် ဝိုင်း​ထား​ခြင်း​ကို ခံ​ရ​မည်။ ဤ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​လိမ့်​မည်။ ထို​မှ​တစ်​ပါး၊ သင်​သည် လက်​ဝဲ​နံ​စောင်း​ဖြင့် အိပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ထို​နံ​စောင်း၌ တင်​ထား​လော့။ ထို​သို့​အိပ်​ရ​သော နေ့​ရက်​အ​ရေ​အ​တွက်​အ​တိုင်း သူ​တို့​အ​ပြစ်​ကို​ခံ​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရက်​သုံး​ရာ​ကိုး​ဆယ် အ​ရေ​အ​တွက်​အ​တိုင်း၊ သူ​တို့​အ​ပြစ်​နှင့်​ယှဉ်​သော နှစ်​ပေါင်း​ကို သင်၏​အ​ပေါ်၌ ငါ​တင်​ထား​ပြီ။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို သင်​သည်​ခံ​ရ​မည်။ ထို​နေ့​ရက်​စေ့​ပြီး​မှ၊ တစ်​ဖန် လက်​ယာ​နံ​စောင်း​ဖြင့် အိပ်၍၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ယု​ဒ​အ​မျိုး၏​အ​ပြစ်​ကို ခံ​ဦး​လော့။ နှစ်​အ​စား၌ ရက်​ကို​ငါ​ထား​ပြီ။ သင်​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​သည် အ​မှု​မှာ၊ မျက်​နှာ​ထား၍ လက်​ရုံး​ကို​ဆန့်​လျက်၊ မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​ရ​မည်။ ငါ​သည် သင့်​ကို​ချည်​နှောင်၍ ဝိုင်း​ထား​ခြင်း​အ​မှု​ကို ပြု​ရ​သော​ကာ​လ​မ​စေ့​မီ၊ သင်​သည် တစ်​ဖက်​မှ​တစ်​ဖက်​သို့ မ​စောင်း​ရ။