YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 34:11-16

ယေဇကျေလ 34:11-16 JBMLE

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​ကိုယ်​တိုင်​လိုက်၍ ငါ့​သိုး​တို့​ကို​ရှာ​မည်။ ကွဲ​ပြား​လျက်​ရှိ​သော မိ​မိ​သိုး​တို့​တွင် သိုး​ထိန်း​ရောက်​သော​အ​ခါ ကြိုး​စား၍​ရှာ​သ​ကဲ့​သို့၊ ငါ​သည်​လည်း ငါ့​သိုး​တို့​ကို ကြိုး​စား၍​ရှာ​မည်။ မိုး​အုံ့​၍ မိုက်​သော​နေ့၌ သူ​တို့​ကွဲ​ပြား​သော အ​ရပ်​ရပ်​တို့​က ငါ​နုတ်​ဆောင်​မည်။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​က ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၊ မြစ်​တို့​အ​နား အ​စ​ရှိ​သော​နေ​စ​ရာ​အ​ရပ်​ရပ်​တို့၌ ကျွေး​မွေး​မည်။ ကောင်း​သော ကျက်​စား​ရာ​အ​ရပ်၌ ကျွေး​မွေး​မည်။ မြင့်​သော ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ သူ​တို့​ခြံ​ရှိ​လိမ့်​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်​မှာ ကောင်း​သော​ခြံ၌​အိပ်၍၊ ကြွယ်​ဝ​သော ကျက်​စား​ရာ၌ ကျက်​စား​ကြ​လိမ့်​မည်။ ငါ​သည် ငါ့​သိုး​များ​ကို ကျွေး​မွေး​မည်။ အိပ်​ရာ​ကို​လည်း ငါ​ပေး​မည်။ ပျောက်​သော​သိုး​ကို ငါ​ရှာ​မည်။ သူ​တစ်​ပါး​နှင်​သော​သိုး​ကို လိုက်၍​ဆောင်​ခဲ့​မည်။ အ​ရိုး​ကျိုး​သော သိုး​ကို အ​ဝတ်​နှင့်​စည်း​မည်။ အား​နည်း​သော သိုး​ကို မ​စ​မည်။ ဆူ​ဖြိုး၍ အား​ရှိ​သော​သိုး​ကို​ကား၊ တ​ရား​အ​တိုင်း​ကျွေး​မွေး၍ ကွပ်​မျက်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။