YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 31

31
လေ​ဗ​နုန်​အာ​ရဇ်​ပင်
1သ​က္က​ရာဇ် တစ်​ဆယ်​တစ်​ခု၊ တ​တိ​ယ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် သူ၏​အ​လုံး​အ​ရင်း​အား​ဟော​ပြော​ရ​မည်​မှာ၊ သင်​သည် ဘုန်း​တန်​ခိုး​ကြီး၍ အ​ဘယ်​သူ​နှင့် တူ​သ​နည်း။ 3အာ​ရှု​ရိ​လူ​သည် အ​ဆင်း​လှ၍ လွှမ်း​မိုး​သော​အ​ကိုင်း၊ မြင့်​သော​အ​ရပ်၊ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​နှင့် ပြည့်​စုံ​သော ထိပ်​ဖျား​ရှိ​သော လေ​ဗ​နုန်​အာ​ရဇ်​ပင်​ဖြစ်၏။ 4မြစ်​ရေ၏​ကျေး​ဇူး​ကြောင့် ကြီး​မား​ခြင်း၊ နက်​နဲ​သော​ရေ၏​ကျေး​ဇူး​တ​ရား​ကြောင့် အ​ရပ်​မြင့်​ခြင်း​ရှိ၏။ သူ​စိုက်​ရာ အ​ရပ်​ရပ်​တို့၌ ရေ​စီး၍၊ ခပ်​သိမ်း​သော တော​ပင်​ရှိ​ရာ​သို့ မြစ်​ရေ​သည် နှံ့​ပြား​လေ၏။ 5ထို​သို့​သော​အား​ဖြင့် တော​သစ်​ပင်​တ​ကာ​တို့​ထက် အ​ရပ်​မြင့်​လေ၏။ တိုး​ပွား​သော​အ​ခါ ရေ​များ​သော​ကြောင့် အ​ကိုင်း​အ​ခက်​များ​ပြား၍၊ အ​လက်​တို့​သည် ရှည်​လျား​ကြ၏။ 6မိုး​ကောင်း​ကင် ငှက်​အ​ပေါင်း​တို့​သည် အ​ကိုင်း​အ​ခက်​တို့၌ အ​သိုက်​လုပ်​ကြ၏။ တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် အ​ကိုင်း​အ​ခက်​တို့ အောက်၌​သာ ဖွား​ကြ၏။ ထို​အ​ပင်၏​အ​ရိပ်၌ ကြီး​မား​သော လူ​မျိုး​အ​ပေါင်း​တို့​သည် နေ​ကြ၏။ 7ထို​သို့ ရေ​များ​သော​အ​ရပ်၌ အ​မြစ်​စွဲ​သော​ကြောင့်၊ ကြီး​မြင့်၍ အ​ခက်​အ​လက်​ရှည်​လျား​သ​ဖြင့် လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၏။ 8ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌ အာ​ရဇ်​ပင်​တို့​သည် ထို​အ​ပင်​ကို မ​ကွယ်​နိုင်။ ထင်း​ရှူး​ပင်​နှင့် အာ​ရ​မုန်​ပင်​တို့​သည် ထို​သို့​သော အ​ကိုင်း​အ​ခက်​နှင့် မ​ပြည့်​စုံ​ကြ။ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ သစ်​ပင်​တစ်​ပင်​မျှ ထို​အ​ပင်​ကဲ့​သို့ အ​ဆင်း​မ​လှ။#က၊ ၂:၉။ 9ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏​ဥ​ယျာဉ်​တော်၌ ရှိ​သ​မျှ​သော သစ်​ပင်​တို့​သည် ထို​အ​ပင်​ကို ငြူ​စူ​သည်​တိုင်​အောင် အ​ခက်​အ​လက် များ​ပြား​သော​အား​ဖြင့် သူ၏​အ​ဆင်း​ကို ငါ​လှ​စေ၏။
10တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အာ​ရဇ်​ပင်​သည် အ​ရပ်​မြင့်​လျက်၊ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​နှင့် ပြည့်​စုံ​သော မိ​မိ​ထိပ်​ဖျား​ကို ချီး​မြှောက်​လျက်၊ စိတ်​လည်း​မြင့်၍ ဝါ​ကြွား​လျက်​ရှိ​သော​ကြောင့်၊ 11လူ​မျိုး​တို့​တွင် တန်​ခိုး​ကြီး၍ သူ့​ကို​ကျပ်​တည်း​စွာ စီ​ရင်​သော​သူ၏​လက်​သို့ ငါ​အပ်​လေ​ပြီ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့် နှင်​ထုတ်​လေ​ပြီ။ 12ကြောက်​မက်​ဖွယ်​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ့​ကို​ခုတ်​လှဲ၍ ပစ်​ထား​ကြ​ပြီ။ အ​ကိုင်း​အ​ခက်​တို့​သည် တောင်​ပေါ်​နှင့် ချိုင့်​ထဲ​မှာ​ကျ၍ တစ်​ပြည်​လုံး မြစ်​နား​မှာ ကျိုး​ပဲ့​လျက်​နေ​ကြ၏။ မြေ​ကြီး​သာ​အ​ပေါင်း​တို့​သည် သူ့​အ​ရိပ်​ထဲ​က​ထွက်၍ သူ့​ကို​စွန့်​သွား​ကြ၏။ 13မိုး​ကောင်း​ကင်​ငှက်​နှင့် တော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် ကျိုး​ပဲ့​သော အ​ကိုင်း​အ​ခက်​တို့​အ​ပေါ်​မှာ နေ​ရ​ကြ၏။ 14အ​ကြောင်း​မူ​ကား၊ ရေ​နား​မှာ​ရှိ​သ​မျှ​သော သစ်​ပင်​တို့​တွင် တစ်​ပင်​မျှ အ​ရပ်​မြင့်​သော​ကြောင့် မ​ဝါ​ကြွား။ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​တွင် မိ​မိ​ထိပ်​ဖျား​ကို မ​ချီး​မြှောက်​မည်​အ​ကြောင်း၊ ရေ​ကို​သောက်​သ​မျှ​သော အ​ပင်​တစ်​ပင်​မျှ အ​ရပ်​မြင့်​လျက် မ​ပြိုင်​ဝံ့​မည်​အ​ကြောင်း​တည်း။ ထို​အ​ပင်​အ​ပေါင်း​တို့​သည် မြေ​တွင်း​ထဲ​သို့​ဆင်း​တတ်​သော လူ​သား​တို့​နှင့်​အ​တူ သေ​ခြင်း​သို့​လည်း​ကောင်း၊ မြေ​အောက်​အ​ရပ်​သို့​လည်း​ကောင်း ရောက်​စေ​ခြင်း​ငှာ ငါ​အပ်​လေ​ပြီ။ 15အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​သည် မ​ရ​ဏနိုင်​ငံ​ထဲ​သို့​ဆင်း​သွား​သော​နေ့၌ နက်​နဲ​သော​အ​ရပ်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​နှင့် ငါ​ဖုံး​လွှမ်း၏။ လှိုင်း​တံ​ပိုး​တို့​ကို ငါ​ကန့်​ကွက်၍ ကြီး​စွာ​သော​ရေ​ကို ချုပ်​ထား၏။ လေ​ဗ​နုန်​တောင်​ကို သူ့​အ​ဖို့ မ​သာ​အ​ဝတ်​ကို ဝတ်​စေ၍၊ တော​သစ်​ပင်​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြ၏။ 16မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။ 17ထို​သူ​နှင့်​တ​ကွ သူ့​လက်​ရုံး​ဖြစ်၍၊ လူ​မျိုး​တို့​တွင် သူ့​အ​ရိပ်​ကို ခို​သော​သူ​တို့​သည် ဓား​ဖြင့် အ​သေ​ခံ​ရ​သော သူ​တို့​နေ​ရာ၊ မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ လိုက်​သွား​ကြ၏။ 18သင်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​အား​ဖြင့် အ​ဘယ်​မည်​သော ဧ​ဒင်​သစ်​ပင်​နှင့် တူ​သ​နည်း။ သင်​သည် ဧ​ဒင်​သစ်​ပင်​တို့​နှင့်​အ​တူ မြေ​အောက်​အ​ရပ်​သို့ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​မည်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ၊ ဓား​ဖြင့်​အ​သေ​ခံ​ရ​သော သူ​တို့​နှင့်​အ​တူ လဲ၍​နေ​ရ​မည်။ ထို​သို့ ဖာ​ရော​ဘု​ရင်​နှင့် သူ့​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​သည်​ဖြစ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ