YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 3:17-19

ယေဇကျေလ 3:17-19 JBMLE

အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။ သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။ သို့​မ​ဟုတ်၊ သင်​သည် လူ​ဆိုး​ကို သ​တိ​ပေး​လျက်​နှင့် သူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ မိ​မိ​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လည်း​ကောင်း မ​ရှောင်​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သင်​မူ​ကား၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို ကယ်​နုတ်​လေ​ပြီ။