YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 29

29
အဲ​ဂု​တ္တု ပြည်​နှ​င့်​ဆိုင်​သော​ဗျာ​ဒိတ်
1သ​က္က​ရာဇ်​ဆယ်​ခု၊ ဒ​သ​မ​လ တစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊#ဟေ​ရှာ၊ ၁၉:၁-၂၅။ ယေ၊ ၄၆:၂-၂၆။ 2အ​ချင်း​လူ​သား၊ သင်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​တစ်​ဖက်၌ မျက်​နှာ​ထား၍၊ သူ​နှင့် အဲ​ဂု​တ္တု​ပြည် တစ်​ပြည်​လုံး​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု​လျက်၊ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း၊ ကိုယ်​မြစ်​များ​အ​လယ်၌ နေ​လျက်၊ ငါ့​မြစ်​ကို ငါ​ပိုင်၏။ ငါ့​အ​ဖို့ ငါ​ဖန်​ဆင်း​ပြီ​ဟု ဆို​တတ်​သော မိ​ကျောင်း​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ 4သင့်​ပါး​ရိုး​ကို သံ​ချိတ်​နှင့်​ချိတ်၍၊ သင့်​မြစ်၌​နေ​သော ငါး​တို့​ကို သင့်​အ​ကြေး​တို့၌ ငါ​ကပ်​စေ​မည်။ သင့်​မြစ်​များ​အ​လယ်​ထဲ​က သင့်​ကို​ငါ​နုတ်၍ မြစ်၌​ရှိ​သ​မျှ​သော ငါး​တို့​သည် သင့်​အ​ကြေး​တို့၌ ကပ်​ကြ​လိမ့်​မည်။ 5သင်​နှင့် သင့်​မြစ်၌​ရှိ​သ​မျှ​သော ငါး​တို့​ကို တော၌ ငါ​ပစ်​ထား​မည်။ လွင်​ပြင်၌​ကျ၍ နောက်​တစ်​ဖန် စု​ဝေး​ခြင်း​ကို​မ​ပြု​ရ။ တော​သား​ရဲ​များ၊ မိုး​ကောင်း​ကင်​ငှက်​များ စား​စ​ရာ​ဖို့ သင့်​ကို​ငါ​အပ်၏။ 6ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​ပြည်​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ကျူ​တောင်​ဝှေး ဖြစ်​လေ​ပြီ။#ဟေ​ရှာ၊ ၃၆:၆။ 7သင့်​ကို လက်​နှင့်​ကိုင်​သော​အ​ခါ သင်​သည် အ​ကိုင်​မ​ခံ။ သူ​တို့ ပ​ခုံး​ဆစ်​ကို ဖြုတ်​လေ၏။ သင်​နှင့်​ကိုယ်​ကို​ထောက်​သော​အ​ခါ သင်​သည်​ကျိုး​၍ သူ​တို့​ခါး​ကို နာ​စေ၏။
8သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင့်​အ​ပေါ်​သို့ ဓား​ကို​ဆောင်​ခဲ့၍ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ဖြတ်​သ​ဖြင့်၊ 9အဲ​ဂု​တ္တု​ပြည်​သည် လူ​ဆိတ်​ညံ​လျက်၊ ပျက်​စီး​လျက်​ရှိ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​လိမ့်​မည်။ သင်​က၊ ငါ့​မြစ်​ကို​ငါ​ပိုင်၏။ ငါ​ဖန်​ဆင်း​ပြီ​ဟု ဆို​မိ​သော​ကြောင့်၊ 10သင်​နှင့် သင့်​မြစ်​တစ်​ဖက်၌ ငါ​နေ၏။ အဲ​ဂု​တ္တု​ပြည်​ကို မိ​ဂ​ဒေါ​လ​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အဲ​သ​ယော​ပိ​ပြည် စွန်း တိုင်​အောင်​လည်း​ကောင်း၊ ဓား​နှင့်​ဖျက်​ဆီး၍ ဆိတ်​ညံ​စေ​မည်။ 11အ​နှစ်​လေး​ဆယ်​ပတ်​လုံး လူ​လျှောက်၍​မ​သွား​ရ။ တိ​ရ​စ္ဆာန်​လည်း လျှောက်၍​မ​သွား​ရ။ အ​ဘယ်​သူ​မျှ မ​နေ​ရ။ 12ပျက်​စီး​သော​ပြည်​တို့​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​ဖျက်​ဆီး​မည်။ လူ​ဆိတ်​ညံ​သော​မြို့​တို့​တွင် အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​မြို့​တို့​သည် ပျက်​စီး​လျက်​ရှိ​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့​ကို ငါ​ကွဲ​ပြား ပျံ့​လွင့်​စေ​မည်။
13သို့​ရာ​တွင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​လေး​ဆယ်​စေ့​သော​အ​ခါ၊ ကွဲ​ပြား​လျက်​နေ​ရ​သော လူ​မျိုး​တို့​မှ အဲ​ဂု​တ္တု​လူ​တို့​ကို ငါ​ခေါ်၍ စု​ဝေး​စေ​မည်။ 14သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အဲ​ဂု​တ္တု​လူ​တို့​ကို ငါ​တစ်​ဖန်​ဆောင်​ခဲ့၍ သူ​တို့​နေ​ရင်း​ပြည်၊ ပါ​သ​ရု​ပြည်​သို့ ပြန်​စေ​မည်။ ထို​ပြည်၌ ယုတ်​သော​နိုင်​ငံ ဖြစ်​ရ​လိမ့်​မည်။ 15တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန်​အ​စိုး​မ​ရ။ နိုင်​ငံ​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​ဖြစ်​ရ​လိမ့်​မည်။ တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန် အ​စိုး​မ​ရ​စေ​ခြင်း​ငှာ ငါ​ရှုတ်​ချ​မည်။ 16ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပြည်​သား​တို့​ကို မျှော်​လင့်၍၊ မိ​မိ​အ​ပြစ်​ကို ငါ​အောက်​မေ့​စေ​သ​ဖြင့်၊ နောက်​တစ်​ဖန် ထို​ပြည်​သည် သူ​တို့​ခို​လှုံ​ရာ မ​ဖြစ်​ရာ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
17သ​က္က​ရာဇ် နှစ်​ဆယ်​ခု​နစ်​ခု၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 18အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊ သူ၏​စစ်​သူ​ရဲ​တို့​ကို တု​ရု​မြို့​တစ်​ဖက်၌ များ​စွာ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ပြီ။ စစ်​သူ​ရဲ​တိုင်း ခေါင်း​တုံး​ပြီ။ ပ​ခုံး​လည်း ပွန်း​ပြီ။ သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​နှင့် စစ်​သူ​ရဲ​တို့​သည် တု​ရု​မြို့​တစ်​ဖက်၌ အ​မှု​ဆောင်​ရွက်​ခ​ကို ထို​မြို့​တွင် မ​ခံ​ရ​ကြ။ 19သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား ငါ​ပေး​မည်။ ထို​မင်း​သည် ပြည်​သား အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ လက်​ရ​ဥ​စ္စာ အ​မျိုး​မျိုး​ကို​လည်း​ကောင်း၊ သိမ်း​ယူ​ပြီး​လျှင်၊ မိ​မိ​စစ်​သူ​ရဲ​တို့ အ​ခ​ဖို့ ဝေ​ငှ​လိမ့်​မည်။ 20ငါ့​အ​မှု​ကို ဆောင်​ရွက်​သော​ကြောင့်၊ တု​ရု​မြို့​တစ်​ဖက်၌ အ​မှု​ဆောင်​ရွက်​ခ​ဖို့ အဲ​ဂု​တ္တု​ပြည်​ကို ငါ​ပေး​ပြီ။ 21ထို​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး၏ ချို​ကို ငါ​ပေါက်​စေ၍၊ သူ​တို့​အ​ထဲ​မှာ သင်​ဟော​ပြော​ရ​သော အ​ခွင့်​ကို ငါ​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 29: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ