အဘမူကား၊ မိမိညီအစ်ကိုကို အထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကို ပြုသောအပြစ်ကြောင့်၊ အသေသတ်ခြင်းကို ခံရမည်။ သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏အပြစ်ကို မခံရသလောဟု မေးကြသော်၊ သားသည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။ ပြစ်မှားသောသူသည် အသေခံရမည်။ သားသည် အဘ၏အပြစ်ကို မခံရ။ အဘသည် သား၏အပြစ်ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်း အကျိုးကိုလည်းကောင်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကိုလည်းကောင်း ခံရလိမ့်မည်။
ယေဇကျေလ 18 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေဇကျေလ 18:18-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ