YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 7:14-25

ထွက်မြောက်ရာ 7:14-25 JBMLE

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ၏။ နံ​နက်​အ​ချိန်၌ ဖာ​ရော​ဘု​ရင်​ထံ​သို့​သွား​လော့။ သူ​သည် ရေ​ဆိပ်​သို့ သွား​လိမ့်​မည်။ သူ​မ​ရောက်​မီ သင်​သည် မြစ်​ကမ်း​နား​မှာ​ရပ်​နေ​လော့။ မြွေ​ဖြစ်​သော လှံ​တံ​ကို​လည်း လက်​တွင်​ကိုင်​လော့။ ဟေ​ဗြဲ​အ​မျိုး​သား​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​လူ​တို့​သည်​တော၌ ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့​ဟု အ​မိန့်​တော်​ပါ​သော ကျွန်ုပ်​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​တော်​မူ​ပြီ။ ကိုယ်​တော်​သည် ယ​ခု​တိုင်​အောင် နား​မ​ထောင်​ဘဲ​နေ​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ ငါ​ကိုင်​သော​လှံ​တံ​နှင့် မြစ်​ရေ​ကို​ရိုက်၍ ထို​ရေ​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ မြစ်၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​လိမ့်​မည်။ မြစ်​ရေ​လည်း​နံ​လိမ့်​မည်၊ အဲ​ဂု​တ္တု​လူ​တို့​သည်​လည်း မြစ်​ရေ​ကို​ရွံ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​အား သင်၏​လှံ​တံ​ကို​ယူ၍ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ၊ ကန်​ရေ၊ တွင်း​ရေ​ရှိ​သ​မျှ​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့။ ထို​ရေ​ရှိ​သ​မျှ​တို့​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၊ သစ်​ခွက်၊ ကျောက်​အိုး၌​မျှ​မ​ကြွင်း အ​သွေး​ရှိ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မိန့်​တော်​မူ၏။ မော​ရှေ​နှင့် အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ပြု၍၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချီ၍ မြစ်​ရေ​ကို ရိုက်​သ​ဖြင့်၊ မြစ်​ရေ​ရှိ​သ​မျှ​သည်​အ​သွေး​ဖြစ်​လေ၏။ မြစ်၌​ရှိ​သော ငါး​တို့​သည်​လည်း​သေ​ကြ၍၊ မြစ်​ရေ​နံ​သော​ကြောင့်၊ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​ကြ။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​သွေး​နှံ့​ပြား​လျက်​ရှိ​လေ၏။ အဲ​ဂု​တ္တု​အ​မျိုး​သား​ဝိ​ဇ္ဇာ​ဆ​ရာ​တို့​လည်း ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ထို​အ​တူ​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ နန်း​တော်​သို့​လှည့်​လည်​ပြန်​သွား၍ ထို​အ​မှု​ကို နှ​လုံး​မ​သွင်း​ဘဲ​နေ​လေ၏။ ထို​အ​ခါ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​သော​ကြောင့်၊ သောက်​ရေ​ကို​ရ​ခြင်း​ငှာ မြစ်​နား​မှာ​တွင်း​တူး​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကို​ဒဏ်​ခတ်၍ ခု​နစ်​ရက်​ကို​လွန်​စေ​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။