YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 7:14-25

ထွက်မြောက်ရာ 7:14-25 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ၏။ နံ​နက်​အ​ချိန်၌ ဖာ​ရော​ဘု​ရင်​ထံ​သို့​သွား​လော့။ သူ​သည် ရေ​ဆိပ်​သို့ သွား​လိမ့်​မည်။ သူ​မ​ရောက်​မီ သင်​သည် မြစ်​ကမ်း​နား​မှာ​ရပ်​နေ​လော့။ မြွေ​ဖြစ်​သော လှံ​တံ​ကို​လည်း လက်​တွင်​ကိုင်​လော့။ ဟေ​ဗြဲ​အ​မျိုး​သား​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​လူ​တို့​သည်​တော၌ ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့​ဟု အ​မိန့်​တော်​ပါ​သော ကျွန်ုပ်​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​တော်​မူ​ပြီ။ ကိုယ်​တော်​သည် ယ​ခု​တိုင်​အောင် နား​မ​ထောင်​ဘဲ​နေ​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊ ငါ​ကိုင်​သော​လှံ​တံ​နှင့် မြစ်​ရေ​ကို​ရိုက်၍ ထို​ရေ​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ မြစ်၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​လိမ့်​မည်။ မြစ်​ရေ​လည်း​နံ​လိမ့်​မည်၊ အဲ​ဂု​တ္တု​လူ​တို့​သည်​လည်း မြစ်​ရေ​ကို​ရွံ​ကြ​လိမ့်​မည်​အ​ကြောင်း​ကို ပြန်​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မိန့်​တော်​မူ​ပြန်​သည်​ကား၊ အာ​ရုန်​အား သင်၏​လှံ​တံ​ကို​ယူ၍ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ချောင်း​ရေ၊ မြစ်​ရေ၊ အိုင်​အင်း​ရေ၊ ကန်​ရေ၊ တွင်း​ရေ​ရှိ​သ​မျှ​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့။ ထို​ရေ​ရှိ​သ​မျှ​တို့​သည် အ​သွေး​ဖြစ်​လိမ့်​မည်။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၊ သစ်​ခွက်၊ ကျောက်​အိုး၌​မျှ​မ​ကြွင်း အ​သွေး​ရှိ​လိမ့်​မည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မိန့်​တော်​မူ၏။ မော​ရှေ​နှင့် အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ပြု၍၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချီ၍ မြစ်​ရေ​ကို ရိုက်​သ​ဖြင့်၊ မြစ်​ရေ​ရှိ​သ​မျှ​သည်​အ​သွေး​ဖြစ်​လေ၏။ မြစ်၌​ရှိ​သော ငါး​တို့​သည်​လည်း​သေ​ကြ၍၊ မြစ်​ရေ​နံ​သော​ကြောင့်၊ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​ကြ။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​သွေး​နှံ့​ပြား​လျက်​ရှိ​လေ၏။ အဲ​ဂု​တ္တု​အ​မျိုး​သား​ဝိ​ဇ္ဇာ​ဆ​ရာ​တို့​လည်း ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ထို​အ​တူ​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ နန်း​တော်​သို့​လှည့်​လည်​ပြန်​သွား၍ ထို​အ​မှု​ကို နှ​လုံး​မ​သွင်း​ဘဲ​နေ​လေ၏။ ထို​အ​ခါ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​သော​ကြောင့်၊ သောက်​ရေ​ကို​ရ​ခြင်း​ငှာ မြစ်​နား​မှာ​တွင်း​တူး​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကို​ဒဏ်​ခတ်၍ ခု​နစ်​ရက်​ကို​လွန်​စေ​တော်​မူ၏။

ထွက်မြောက်ရာ 7:14-25 Common Language Bible (BCL)

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင် သည်​အ​လွန်​ခေါင်း​မာ​လျက်​ရှိ​၏။ သူ​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​မ​လွှတ်​ဘဲ​နေ​၏။- နံ​နက်​တွင်​ဘု​ရင်​သည်​နိုင်း​မြစ်​ကမ်း​သို့​ဆင်း သော​အ​ခါ​သူ့​ထံ​သို့​သွား​လော့။ မြွေ​အ​ဖြစ် သို့​ပြောင်း​ခဲ့​သော​တောင်​ဝှေး​ကို​ယူ​ဆောင်​၍ မြစ်​ကမ်း​ပေါ်​တွင်​စောင့်​နေ​လော့။- ဘု​ရင်​အား`ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​၏​လူ​မျိုး​တော် သည်​တော​ကန္တာ​ရ​တွင်​မိ​မိ​အား​ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​ရန် ကျွန်ုပ်​ကို​ပြော​ခိုင်း​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​ယ​ခု​တိုင်​အောင်​အ​မိန့် တော်​ကို​မ​လိုက်​နာ​ပါ။- အ​ရှင်​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း ယ​ခု​ငါ​ပြု မည့်​အ​မှု​ဖြင့်​သင်​သိ​ရ​လိမ့်​မည်​ဟု​မိန့်​တော် မူ​ပြီ။ ကျွန်ုပ်​သည်​ဤ​တောင်​ဝှေး​နှင့်​မြစ်​ရေ​ကို ရိုက်​သ​ဖြင့်​ရေ​သည်​သွေး​ဖြစ်​လိမ့်​မည်။- မြစ်​ထဲ​ရှိ​ငါး​တို့​သေ​၍​မြစ်​ရေ​သည်​နံ​စော် သ​ဖြင့်၊ အီ​ဂျစ်​ပြည်​သား​တို့​သည်​ထို​ရေ​ကို မ​သောက်​သုံး​နိုင်​ဖြစ်​ရ​လိမ့်​မည်' ဟု​ဘု​ရင် ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို​မိန့်​တော် မူ​သည်​မှာ ``အာ​ရုန်​အား သင်​သည်​အီ​ဂျစ်​ပြည် တွင်​ရှိ​သ​မျှ​သော မြစ်၊ ချောင်း၊ အင်း၊ အိုင်​ရေ လှောင်​ကန်​တို့​၏​ရေ​ပေါ်​၌ တောင်​ဝှေး​ကို​ကိုင်​၍ လက်​ဆန့်​လော့။ တစ်​ပြည်​လုံး​တွင်​သစ်​သား​ခွက်၊ ကျောက်​ခွက်​တို့​ပါ​မ​ကျန်​ရှိ​သ​မျှ​သော​ရေ တို့​သည်​သွေး​ဖြစ်​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အာ​ရုန်​သည်​ဘု​ရင်​နှင့်​သူ​၏​မှူး​မတ်​များ​၏ ရှေ့​တွင်​တောင်​ဝှေး​ကို​မြှောက်​၍ မြစ်​ရေ​ကို​ရိုက် ရာ​မြစ်​ရေ​သည်​သွေး​ဖြစ်​လေ​၏။- မြစ်​ထဲ​၌​ရှိ​သော​ငါး​တို့​သည်​သေ​ကုန်​၏။ ရေ သည်​အ​လွန်​အ​နံ့​ဆိုး​သ​ဖြင့် အီ​ဂျစ်​ပြည် သား​တို့​သည်​ထို​ရေ​ကို​မ​သောက်​သုံး​နိုင် ကြ​ချေ။ အီ​ဂျစ်​တစ်​ပြည်​လုံး​နေ​ရာ​အ​နှံ့ တွင်​သွေး​နှင့်​ပြည့်​လေ​၏။- သို့​ရာ​တွင်​အီ​ဂျစ်​မှော်​ဆ​ရာ​တို့​က​လည်း၊ မိ​မိ​တို့​၏​အ​တတ်​ဖြင့်​ရေ​ကို​သွေး​ဖြစ်​စေ ကြ​ရာ​ဘု​ရင်​သည် ယ​ခင်​နည်း​တူ​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မော​ရှေ နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လေ​၏။- ဘု​ရင်​သည်​ထို​အ​မှု​အ​ရာ​ကို​အ​ရေး​မ ကြီး​သော​ကိစ္စ​ဟူ​၍ သ​ဘော​ပိုက်​ကာ​နန်း တော်​သို့​ပြန်​သွား​လေ​၏။- အီ​ဂျစ်​ပြည်​သား​တို့​သည်​မြစ်​ရေ​ကို​မ​သောက် သုံး​နိုင်​ကြ​သ​ဖြင့်၊ မြစ်​ကမ်း​တစ်​လျှောက် တွင်​သောက်​ရေ​အ​တွက်​တွင်း​တူး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​ကို​သွေး​ဖြစ်​စေ ပြီး​နောက် ခု​နစ်​ရက်​ကြာ​လေ​၏။

ထွက်မြောက်ရာ 7:14-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် ခိုင်မာ​၍ အစ္စရေး​လူမျိုး​တို့​ကို လွှတ်​ရန်​ငြင်းဆန်​၏​။ နံနက်အချိန်​၌ ဖာရော​မင်းကြီး​သည် ရေဆိပ်​သို့​သွား​မည်​ဖြစ်၍ သူ​နှင့်​တွေ့ဆုံ​ရန် နိုင်း​မြစ်​ကမ်းနား​၌ သွား​စောင့်​နေ​လော့​။ မြွေ​အဖြစ်​သို့​ပြောင်းလဲ​ခဲ့​သော​တောင်ဝှေး​ကို​လည်း သင့်​လက်​ထဲ၌ ယူဆောင်​သွား​ရ​မည်​။ သင်​သည် ဖာရော​မင်းကြီး​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ငါ​၏​လူမျိုး​တော်​သည် တောကန္တာရ​၌ ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့’​ဟု ဆင့်ဆို​ရန် အကျွန်ုပ်​ကို အရှင့်​ထံသို့​စေလွှတ်​တော်မူ​၏​။ သို့သော် အရှင်မင်းကြီး​သည် ယခု​တိုင်အောင် နား​မ​ထောင်​ဘဲ​နေ​ပါ​သည်​တကား​။ ထို့ကြောင့် ‘ထာဝရဘုရား​က ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို ဤ​အမှု​အားဖြင့် သင်​သိ​ရ​လိမ့်မည် ဟု​မိန့်​တော်မူ​ပြီ​။ ဤ​အမှု​ဟူမူကား အကျွန်ုပ်​သည် နိုင်း​မြစ်​ရေ​ကို အကျွန်ုပ်​လက်​၌​ရှိ​သော​တောင်ဝှေး​ဖြင့် ရိုက်​သောအခါ သွေး​အဖြစ်​သို့​ပြောင်းသွား​မည်​။ နိုင်း​မြစ်​ထဲ၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​လိမ့်မည်​။ နိုင်း​မြစ်​သည် အပုပ်နံ့ထွက်​သဖြင့် အီဂျစ်​လူမျိုး​တို့​သည် နိုင်း​မြစ်​ရေ​ကို သောက်သုံး​နိုင်​မည်​မ​ဟုတ်​’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​သင်​သည် အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ မြစ်​များ​၊ ချောင်း​များ​၊ ရေအိုင်​များ​၊ ရေလှောင်ကန်​များ​စသည့် အီဂျစ်​ပြည်​ရှိ​ရေ​ရှိသမျှ​အပေါ်​သို့ သင်​၏​လက်​ကို​ဆန့်​လော့​။ ထိုအခါ ရေ​သည် သွေး​ဖြစ်​သွား​လိမ့်မည်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် သစ်သားခွက်​များ​နှင့်​ကျောက်ခွက်​များ​ထဲ၌​ပါမကျန် သွေး​ဖြစ်​လိမ့်မည်​’​ဟူ၍ ပြော​လော့​”​ဟု မောရှေ​အား မိန့်​တော်မူ​၏​။ မောရှေ​နှင့်​အာရုန်​သည်​လည်း ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့မှောက်​၌ တောင်ဝှေး​ကို​မြှောက်​၍ နိုင်း​မြစ်​ရေ​ကို ရိုက်​လေ​သော် နိုင်း​မြစ်​ရေ​အားလုံး သွေး​အဖြစ်​သို့​ပြောင်းသွား​လေ​၏​။ နိုင်း​မြစ်​ထဲ၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​သဖြင့် နိုင်း​မြစ်​သည် အပုပ်နံ့ထွက်​လေ​၏​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် နိုင်း​မြစ်​ထဲမှ​ရေ​ကို​မ​သောက်သုံး​နိုင်​ကြ​။ အီဂျစ်​ပြည်​တစ်ပြည်လုံး သွေး​နှင့်​ပြည့်​လေ​၏​။ အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​အားဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ ဖာရော​မင်းကြီး​သည် မိမိ​နန်းတော်​သို့​လှည့်​ပြန်သွား​ကာ ဤ​အမှု​ကို​လည်း နှလုံး​မ​သွင်း​ဘဲ​နေ​၏​။ အီဂျစ်​လူမျိုး​အပေါင်း​တို့​သည် နိုင်း​မြစ်​ရေ​ကို​မ​သောက်သုံး​နိုင်​ကြ​သဖြင့် သောက်သုံး​ရေ​ရရှိ​ရန် နိုင်း​မြစ်​တစ်လျှောက် တွင်း​တူး​ကြ​၏​။ ထာဝရဘုရား​သည် နိုင်း​မြစ်​ကို​ဒဏ်ခတ်​သည်​မှာ ခုနစ်​ရက်​ကြာ​လေ​၏​။