YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 7:1-13

ထွက်မြောက်ရာ 7:1-13 JBMLE

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ သင့်​ကို ဖာ​ရော​ဘု​ရင်၏ ဘု​ရား​အ​ရာ၌ ငါ​ခန့်​ထား၏။ သင်၏​အစ်​ကို​အာ​ရုန်​သည်၊ သင်၏​ပ​ရော​ဖက်​ဖြစ်​ရ​လိမ့်​မည်။ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို သင်​သည်​ပြန်​ပြော​ရ​မည်။ ဖာ​ရော​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​လိုက်​ရ​မည်​အ​ကြောင်း​ကို၊ သင်၏​အစ်​ကို အာ​ရုန်​သည် သူ့​ထံ၌​လျှောက်​ရ​မည်။ ငါ​သည်​လည်း ဖာ​ရော​မင်း၏​နှ​လုံး​ကို​ခိုင်​မာ​စေ၍၊ အဲ​ဂု​တ္တု​ပြည်၌ ငါ၏​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​များ​ပြား​စေ​မည်။ သို့​သော်​လည်း ဖာ​ရော​မင်း​သည်​သင်​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်။ ငါ​သည်​လည်း ငါ့​လက်​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​တင်၍ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် ငါ၏​ဗိုလ်​ပါ​များ၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ငါ့​လက်​ကို​ဆန့်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​အ​ထဲ​မှ နုတ်​ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​သိ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ပြု​ကြ၏။ ဖာ​ရော​ဘု​ရင်​ထံ၌​လျှောက်​ကြ​သော​အ​ခါ၊ မော​ရှေ၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​ရှိ၏။ အာ​ရုန်၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​သုံး​နှစ်​ရှိ၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား​မိန့်​တော်​မူ​သည်​ကား၊ ဖာ​ရော​ဘု​ရင်​က၊ သင်​တို့​အ​တွက် ထူး​ဆန်း​သော​တန်​ခိုး​ကို​ပြ​လော့​ဟု​ဆို​လျှင်၊ သင်၏​လှံ​တံ​ကို​ယူ၍ ရှေ့​တော်၌​ချ​လော့​ဟု အာ​ရုန်​အား​ပြော​လော့။ လှံ​တံ​သည်​လည်း မြွေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​သ​ဖြင့်၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချ၍ မြွေ​ဖြစ်​လေ၏။ ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊ မိ​မိ​တို့​ကိုင်​သော​လှံ​တံ​များ​ကို​ချ၍ မြွေ​ဖြစ်​ကြ​လေ၏။ သို့​သော်​လည်း အာ​ရုန်၏​လှံ​တံ​သည် သူ​တို့၏​လှံ​တံ​များ​ကို မျို​လေ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည်​နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။