YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 7:1-13

ထွက်မြောက်ရာ 7:1-13 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ သင့်​ကို ဖာ​ရော​ဘု​ရင်၏ ဘု​ရား​အ​ရာ၌ ငါ​ခန့်​ထား၏။ သင်၏​အစ်​ကို​အာ​ရုန်​သည်၊ သင်၏​ပ​ရော​ဖက်​ဖြစ်​ရ​လိမ့်​မည်။ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို သင်​သည်​ပြန်​ပြော​ရ​မည်။ ဖာ​ရော​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​လိုက်​ရ​မည်​အ​ကြောင်း​ကို၊ သင်၏​အစ်​ကို အာ​ရုန်​သည် သူ့​ထံ၌​လျှောက်​ရ​မည်။ ငါ​သည်​လည်း ဖာ​ရော​မင်း၏​နှ​လုံး​ကို​ခိုင်​မာ​စေ၍၊ အဲ​ဂု​တ္တု​ပြည်၌ ငါ၏​နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​များ​ပြား​စေ​မည်။ သို့​သော်​လည်း ဖာ​ရော​မင်း​သည်​သင်​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​လိမ့်​မည်။ ငါ​သည်​လည်း ငါ့​လက်​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ​တင်၍ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် ငါ၏​ဗိုလ်​ပါ​များ၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ငါ့​လက်​ကို​ဆန့်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​အ​ထဲ​မှ နုတ်​ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​သိ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ပြု​ကြ၏။ ဖာ​ရော​ဘု​ရင်​ထံ၌​လျှောက်​ကြ​သော​အ​ခါ၊ မော​ရှေ၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​ရှိ၏။ အာ​ရုန်၏​အ​သက်​သည် အ​နှစ်​ရှစ်​ဆယ်​သုံး​နှစ်​ရှိ၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား​မိန့်​တော်​မူ​သည်​ကား၊ ဖာ​ရော​ဘု​ရင်​က၊ သင်​တို့​အ​တွက် ထူး​ဆန်း​သော​တန်​ခိုး​ကို​ပြ​လော့​ဟု​ဆို​လျှင်၊ သင်၏​လှံ​တံ​ကို​ယူ၍ ရှေ့​တော်၌​ချ​လော့​ဟု အာ​ရုန်​အား​ပြော​လော့။ လှံ​တံ​သည်​လည်း မြွေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​သ​ဖြင့်၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချ၍ မြွေ​ဖြစ်​လေ၏။ ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊ မိ​မိ​တို့​ကိုင်​သော​လှံ​တံ​များ​ကို​ချ၍ မြွေ​ဖြစ်​ကြ​လေ၏။ သို့​သော်​လည်း အာ​ရုန်၏​လှံ​တံ​သည် သူ​တို့၏​လှံ​တံ​များ​ကို မျို​လေ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည်​နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။

ထွက်မြောက်ရာ 7:1-13 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ​ဂျစ်​ဘု​ရင် ၏​ရှေ့​တွင်​သင်​သည်​ဘု​ရား​ကဲ့​သို့​လည်း​ကောင်း၊ သင်​၏​အစ်​ကို​အာ​ရုန်​သည်​သင့်​ကိုယ်​စား​ပြော ဆို​ရ​သော​ပ​ရော​ဖက်​ကဲ့​သို့​လည်း​ကောင်း​ငါ ဖြစ်​စေ​မည်။- ငါ​သည်​သင့်​အား​မိန့်​ကြား​သ​မျှ​ကို​အာ​ရုန် အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွင့်​ပြု​စေ​ရန် သူ သည်​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား​ရ​မည်။- သို့​ရာ​တွင်​ငါ​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် ရာ​အ​မှု​တို့​ကို​ငါ​ပြ​သော်​လည်း၊- သူ​သည်​သင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင်​ငါ​၏​တန်​ခိုး​ကို ပြ​၍ ပြည်​သူ​ပြည်​သား​တို့​ကို​ပြင်း​ထန်​စွာ ဒဏ်​ခတ်​လျက် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​အ​ပေါင်း တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​မည်။- ထို​သို့​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​တန်​ခိုး ကို​ပြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ထုတ် ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဘု​ရင်​အား​လျှောက် ထား​ကြ​၏။- ဘု​ရင်​ထံ​သို့​ဝင်​၍​လျှောက်​ထား​ချိန်​၌​မော​ရှေ သည် အ​သက်​ရှစ်​ဆယ်၊ အာ​ရုန်​သည်​အ​သက်​ရှစ် ဆယ်​သုံး​နှစ်​ရှိ​ကြ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊- ``အ​ကယ်​၍​ဖာ​ရော​ဘု​ရင်​က`ငါ​ယုံ​နိုင်​ရန် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​လော့' ဟု​ဆို​လျှင်​သင် သည်​အာ​ရုန်​အား`ဘု​ရင်​ရှေ့​၌​သင်​၏​တောင် ဝှေး​ကို​ပစ်​ချ​ရန်​ပြော​လော့။ တောင်​ဝှေး​သည် မြွေ​ဖြစ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။- မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဘု​ရင်​ထံ​သို့​ဝင်​ကြ ၏။ ထို​နောက်​အာ​ရုန်​သည်​သူ​၏​တောင်​ဝှေး​ကို ဘု​ရင်​နှင့်​မှူး​မတ်​များ​ရှေ့​တွင်​ပစ်​ချ​လိုက် ရာ​တောင်​ဝှေး​သည်​မြွေ​ဖြစ်​လေ​၏။- ထို​အ​ခါ​ဘု​ရင်​သည်​သူ​၏​ပ​ညာ​ရှိ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​၍၊ သူ​တို့​သည် မှော်​အ​တတ်​ဖြင့်​အ​လား​တူ​ပ​ညာ​စွမ်း​ကို ပြ​ကြ​၏။- ထို​သူ​တို့​သည်​မိ​မိ​တို့​၏​တောင်​ဝှေး​များ​ကို ပစ်​ချ​ရာ တောင်​ဝှေး​များ​သည်​မြွေ​ဖြစ်​ကြ ကုန်​၏။ သို့​ရာ​တွင်​အာ​ရုန်​၏​မြွေ​က​ထို​သူ တို့​၏​မြွေ​များ​ကို​မျို​လိုက်​လေ​၏။- ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​ခေါင်း​မာ​လျက်​နေ​လေ​၏။

ထွက်မြောက်ရာ 7:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က​လည်း မောရှေ​အား “​ကြည့်ရှု​လော့​။ သင့်​ကို ဖာရော​မင်းကြီး​၏​ဘုရား​ကဲ့သို့ ငါ​ဖြစ်​စေ​ပြီ​။ သင်​၏​အစ်ကို​အာရုန်​သည် သင်​၏​ပရောဖက်​ဖြစ်​မည်​။ သင့်​အား ငါ​မိန့်မှာ​သော​အရာ​အားလုံး​ကို သင်​ပြော​ရ​မည်​။ ဖာရော​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​၏​ပြည်​မှ​လွှတ်​မည့်​အကြောင်း သင်​၏​အစ်ကို​အာရုန်​သည် သူ့​အား​လျှောက်​ရ​မည်​။ ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​၍ အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်အမှု​များ​ကို အများအပြား​ပြ​မည်​။ သို့သော် ဖာရော​မင်းကြီး​သည် သင်​တို့​စကား​ကို နားထောင်​လိမ့်မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​အပေါ် ငါ့​လက်​ကို​တင်​၍ ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် ငါ့​လူစု​ဖြစ်​သော ငါ့​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​မည်​။ အီဂျစ်​ပြည်​အပေါ် ငါ​၏​လက်​ကို​ဆန့်​၍ အစ္စရေး​အမျိုးသား​တို့​ကို ထို​ပြည်​ထဲ​မှ ထုတ်ဆောင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို အီဂျစ်​လူမျိုး​တို့​သည် သိမြင်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​နှင့်​အာရုန်​သည် သူ​တို့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။ ဖာရော​မင်းကြီး​ထံ​သွား​၍ လျှောက်တင်​ကြ​စဉ်က မောရှေ​သည် အသက်​ရှစ်ဆယ်​၊ အာရုန်​သည် အသက်​ရှစ်ဆယ့်​သုံး​နှစ် ရှိ​ပြီ​ဖြစ်​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​အား ဖာရော​မင်းကြီး​က ‘​သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှု​များ​ကို​ပြု​လော့​’​ဟု ဆို​လျှင် မောရှေ​က အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ပစ်ချ​လော့​’​ဟု ပြော​ရ​မည်​။ တောင်ဝှေး​သည် မြွေနဂါး​ဖြစ်သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​နှင့်​အာရုန်​သည်​လည်း ဖာရော​မင်းကြီး​ထံ​ဝင်​၍ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် သူ​၏​တောင်ဝှေး​ကို ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​၌ ပစ်ချ​သော် တောင်ဝှေး​သည် မြွေနဂါး​ဖြစ်သွား​၏​။ ထိုအခါ ဖာရော​မင်းကြီး​သည် ပညာရှိ​များ​နှင့်​မှော်ဆရာ​များ​ကို​ခေါ်​၍ ထို​အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​နတ်ဝိဇ္ဇာအတတ်​များ​ဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။ သူ​တို့​သည် အသီးသီး​မိမိ​တို့​၏​တောင်ဝှေး​ကို ပစ်ချ​ကြ​သောအခါ မြွေနဂါး​များ​ဖြစ်သွား​၏​။ သို့ရာတွင် အာရုန်​၏​တောင်ဝှေး​သည် သူ​တို့​၏​တောင်ဝှေး​များ​ကို​မျို​လေ​၏​။ သို့သော် ထာဝရဘုရား​မိန့်ဆို​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​၍ မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။