YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 4:10-17

ထွက်မြောက်ရာ 4:10-17 JBMLE

မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ၏​နှုတ်​ကို​အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ စ​ကား​အ​သော​သူ၊ နား​ပင်း​သော​သူ၊ မျက်​စိ​မြင်​သော​သူ၊ မ​မြင်​သော​သူ​တို့​ကို အ​ဘယ်​သူ​ဖန်​ဆင်း​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ယ​ခု​သွား​လော့။ သင်၏​နှုတ်၌​ငါ​ရှိ၍၊ သင်​သည် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သွန်​သင်​မည်​ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​လို​တော်​ရှိ​သော​သူ၏​လက်​တွင် ပေး​လိုက်​တော်​မူ​ပါ​ဟု​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား အ​မျက်​တော်​ထွက်၍၊ လေ​ဝိ​လူ​အာ​ရုန်​သည် သင်၏​အစ်​ကို​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​သည်​ကောင်း​မွန်​စွာ​ပြော​တတ်​သည်​ကို ငါ​သိ၏။ သူ​သည်​လည်း​သင့်​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ယ​ခု​လာ၏။ တွေ့​မြင်​သော​အ​ခါ ဝမ်း​မြောက်​လိမ့်​မည်။ သင်​သည်​သူ​နှင့်​စ​ကား​ပြော၍၊ သူ​ပြော​စ​ရာ​စ​ကား​ကို​ပေး​ရ​မည်။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သူ၏​နှုတ်၌​လည်း​ကောင်း​ငါ​ရှိ၍၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို သွန်​သင်​မည်။ သူ​သည်​လည်း လူ​တို့​ရှေ့​မှာ​သင်၏​စ​ကား​ပြန်​လုပ်၍၊ သင်၏ နှုတ်​ကိုယ်​စား​ဖြစ်​လိမ့်​မည်။ သင်​သည်​လည်း သူ၏​ဘု​ရား​သ​ခင်​ကိုယ်​စား ဖြစ်​လိမ့်​မည်။ သင်​သည် နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လ​တ္တံ့​သော ဤ​လှံ​တံ​ကို​လည်း၊ သင်၏​လက်၌​ကိုင်​ရ​မည်​ဟု မိန့်​တော်​မူ၏။