YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 4:1-4

ထွက်မြောက်ရာ 4:1-4 JBMLE

မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။ မြေ​ပေါ်​မှာ​ပစ်​ချ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ပစ်​ချ​သ​ဖြင့်၊ လှံ​တံ​သည်​မြွေ​ဖြစ်၍၊ မော​ရှေ​သည် သူ့​ရှေ့​မှ​ပြေး​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​လက်​ကို​ဆန့်၍ သူ့​အ​မြီး​ကို​ကိုင်​ဖမ်း​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် လက်​ကို​ဆန့်၍ ဖမ်း​မိ​သ​ဖြင့်၊ သူ၏​လက်၌ လှံ​တံ​ဖြစ်​ပြန်​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။