YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 39

39
ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ
(ထွ၊ ၂၈:၁-၁၄)
1သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ၊ ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​နှင့် လုပ်​လေ၏။ 2ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့် ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို လုပ်​ရာ​တွင်၊ 3ရွှေ​ကို​အ​ပြား​ခတ်၍ ရွှေ​ကြိုး​ကို​လှီး​ပြီး​မှ၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​ကို ထူး​ဆန်း​စွာ​အ​ပြောက်​ထိုး​လေ​၏။ 4သိုင်း​ကြိုး​နှစ်​ပင်​ကို​လုပ်​၍ သင်​တိုင်း​အ​ပေါ်​နား​ချင်း​တွဲ​မိ​စေ​ခြင်း​ငှာ၊ တစ်​ဖက်​တစ်​ချက်​ကို ဆွဲ​ချုပ်​လေ၏။ 5ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တိုင်း​အ​ပေါ်​နား၌ ထူး​ဆန်း​သော​ရင်​စည်း​ကို​လည်း သင်​တိုင်း​ကိုယ်​ကဲ့​သို့ ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​နှင့်​လည်း​ကောင်း လုပ်​လေ​၏။ 6ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​သွေး၍ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​တို့​ကို အ​က္ခ​ရာ​တင်​ပြီး​မှ၊ ရွှေ​ကျောက်​အိုး၌ ထည့်​လေ၏။ 7ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​ဖို့​ရာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​အ​ပေါ်​မှာ တပ်​လေ၏။
ရင်​ဖုံး
(ထွ၊ ၂၈:၁၅-၃၀)
8ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လည်း​ကောင်း၊ သင်​တိုင်း​ကို​လုပ်​သည်​နည်း​တူ၊ ရင်​ဖုံး​ကို​ထူး​ဆန်း​စွာ လုပ်​လေ​၏။ 9ရင်​ဖုံး​နှစ်​ထပ်​ခေါက်​လျက်၊ အ​လျား​တစ်​ထွာ၊ အ​နံ​တစ်​ထွာ၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၏။ 10ထို​ရင်​ဖုံး၌ ကျောက်​မြတ်​ကို လေး​တန်း​စီ​လေ၏။ ပ​ထ​မ​အ​တန်း​ကား ကျောက်​နီ၊ ဥဿ​ဖ​ယား၊ ပ​တ္တ​မြား။ 11ဒု​တိ​ယ​အ​တန်း​ကား မြ၊ နီ​လာ၊ စိန်။ 12တ​တိ​ယ​အ​တန်း​ကား ဝှါ​ကိ​န္သု၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်။ 13စ​တု​တ္ထ​အ​တန်း​ကား မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​ဖြစ်၍၊ အ​သီး​အ​သီး​တို့​ကို ရွှေ​အိုး၌​စီ​လေ၏။ 14ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​ရှိ​သည်​အ​တိုင်း တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထို​ကျောက်​တို့၌ ထို​တစ်​ဆယ်​နှစ်​ပါး​သော နာ​မည်​အ​သီး​အ​သီး​တို့​ကို​တင်​လျက် ကျောက်​တစ်​လုံး​လျှင် နာ​မည်​တစ်​ပါး​စီ​ပါ​၏။ 15-18ရင်​ဖုံး​အ​ပေါ်​ထောင့်​နှစ်​ခု၌၊ ရွှေ​နှစ်​ကွင်း​ကို​လည်း​ကောင်း၊ ရွှေ​ကျောက်​အိုး နှစ်​လုံး​ကို​လည်း​ကောင်း ကျစ်​သော​ရွှေ​ကြိုး နှစ်​ပင်​ကို​လည်း​ကောင်း လုပ်​ပြီး​မှ၊ ထို​ရွှေ​ကွင်း၌​တပ်၍ သင်​တိုင်း​သိုင်း​ကြိုး​အ​ပေါ်​မှာ​ရှိ​သော ကျောက်​အိုး​တို့၌​တွဲ​လေ​၏။ 19တစ်​ဖန်​ရွှေ​နှစ်​ကွင်း​ကို​လုပ်၍ သင်​တိုင်း​အောက်​နား​မှာ​ရှိ​သော ရင်​ဖုံး​အောက်​ထောင့်​နှစ်​ခု၌ တပ်​လေ၏။ 20အ​ခြား​သော​ရွှေ​နှစ်​ကွင်း​ကို​လည်း လုပ်၍ သင်​တိုင်း​အ​ရှေ့​ဘက်​အောက်​နား​နှင့် ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​နား ဆက်​မီ​ရာ​တွင် သင်​တိုင်း​ကို တစ်​ဖက်​တစ်​ချက်၌ တပ်​လေ၏။ 21ရင်​ဖုံး​ရွှေ​နှစ်​ကွင်း​ကို၊ သင်​တိုင်း​ရွှေ​နှစ်​ကွင်း​နှင့်​တွဲ၍၊ ပြာ​သော​ကြိုး​ဖြင့် ပြီး​စေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ရင်​ဖုံး​သည် ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​မှာ​ဆွဲ၍ သင်​တိုင်း​နှင့် မ​ကွာ​ဘဲ အ​မြဲ​နေ​လေ​၏။
အ​ခြား​သော​အ​ဝတ်​အထည်များ
22ထို​မှ​တစ်​ပါး၊ ပြာ​သော​အ​ထည်​ကို​ရက်​ပြီး​မှ၊ သင်​တိုင်း​နှင့်​ဆိုင်​သော ဝတ်​လုံ​ကို ထို​အ​ထည်​နှင့်​သာ လုပ်​လေ၏။ 23ဝတ်​လုံ၌​လည်​စွပ်​ပါ၍ လည်​စွပ်​ကို​မ​စုတ်​စေ​ခြင်း​ငှာ၊ သံ​ချပ်​လည်​စွပ် ကွပ်​သ​ကဲ့​သို့ ကွပ်​လေ၏။ 24ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လုပ်​သော သ​လဲ​သီး​များ​ကို​လည်း​ကောင်း၊ 25ရွှေ​စင်​ဆည်း​လည်း​များ​ကို​လည်း​ကောင်း၊ ဝတ်​လုံ​အောက်​စွန်း​နား​ပတ်​လည်​၌၊ 26သ​လဲ​သီး​တစ်​လုံး၊ ဆည်း​လည်း​တစ်​လုံး​စီ​ခြား​လျက် အ​စဉ်​အ​တိုင်း​ဆွဲ​ထား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​မှု​တော်​ကို ဆောင်​ရ​သော​ဝတ်​လုံ​ကို လုပ်၍​ပြီး​လေ​၏။
27တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ရက်​သော​ပိတ်​ချော​အင်္ကျီ​များ​ကို​လည်း​ကောင်း၊ 28ပိတ်​ချော​ဗောင်း​ကို​လည်း​ကောင်း၊ တင့်​တယ်​သော ပိတ်​ချော ဦး​ထုပ်​များ​ကို​လည်း​ကောင်း၊ ပိတ်​ချော ဘောင်း​ဘီ​များ​ကို​လည်း​ကောင်း၊ 29ချယ်​လှယ်​သော​ပိတ်​ချော၊ အ​ထည်​ပြာ၊ အ​ထည်​မောင်း၊ အ​ထည်​နီ​ဖြင့်​ပြီး​သော ခါး​ပန်း​ကို​လည်း​ကောင်း လုပ်​လေ​၏။ 30မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သန့်​ရှင်း​သော သင်း​ကျစ်​ပြား​ကို​လည်း ရွှေ​စင်​နှင့်​လုပ်၍ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း​ခြင်း​ဟု​အ​က္ခ​ရာ​တင်၍၊ 31ပြာ​သော​ကြိုး​နှင့် ဗောင်း​အ​ပေါ်​နား၌ ချည်​ထား​လေ​၏။
လုပ်​ငန်း​ပြီး​စီး​ခြင်း
(ထွ၊ ၃၅:၁၀-၁၉)
32ထို​သို့​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြု၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​ကြ၏။ 33ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ တဲ​တော်​နှင့် အ​ပေါ်​တဲ​မှ​စ၍၊ ရွှေ​ချောင်း၊ ပျဉ်​ပြား၊ ကန့်​လန့်​ကျင်၊ တိုင်၊ ခြေ​စွပ်​တည်း​ဟူ​သော တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ 34အ​နီ​ဆိုး​သော​သိုး​ရေ​အ​မိုး၊ တ​ဟာ​ရှ​သား​ရေ​အ​မိုး၊ ကွယ်​ကာ​ရာ အ​တွင်း​ကု​လား​ကာ​ကို​လည်း​ကောင်း၊ 35သက်​သေ​ခံ​ချက်​သေ​တ္တာ​နှင့် သူ၏​ထမ်း​ပိုး၊ သူ၏​အ​ဖုံး​ကို​လည်း​ကောင်း၊ 36စား​ပွဲ​မှ​စ၍ စား​ပွဲ​တန်​ဆာ​နှင့် ရှေ့​တော်​မုန့်​ကို​လည်း​ကောင်း၊ 37စင်​ကြယ်​သော​မီး​ခုံ​မှ​စ၍၊ ပြင်​ဆင်​ရ​သော​မီး​ခွက်​များ၊ မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​နှင့် မီး​ထွန်း​စ​ရာ​ဆီ​ကို​လည်း​ကောင်း၊ 38ရွှေ​ယဇ်​ပ​လ္လင်၊ လိမ်း​ရန်​ဆီ၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး၊ တဲ​တော်​တံ​ခါး​ဝ ကာ​စ​ရာ ကု​လား​ကာ​ကို​လည်း​ကောင်း၊ 39ကြေး​ဝါ​ယဇ်​ပ​လ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပ​လ္လင်​ထမ်း​ပိုး​အ​စ​ရှိ​သော တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် သူ၏​ခြေ​ထောက်​ကို​လည်း​ကောင်း၊ 40ဝင်း​ကု​လား​ကာ၊ ဝင်း​တိုင်၊ ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ ကာ​စ​ရာ​ကု​လား​ကာ​ကြိုး​များ၊ တံ​သင်​များ​ကို​လည်း​ကောင်း၊ တဲ​တော်​အ​တွင်း၌ အ​မှု​တော်​ကို​ဆောင်​စ​ရာ​တန်​ဆာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ 41သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ ဝတ်​ရ​သော​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်၊ သူ၏​သား ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း 42ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ပြီး​စီး​အောင် လုပ်​ပြီး​မှ မော​ရှေ​ထံ​သို့​ဆောင်​ခဲ့​ကြ၏။ 43ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 39: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ