YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 37

37
ပ​ဋိ​ညာဉ်​သေ​တ္တာ
(ထွ၊ ၂၅:၁၀-၂၂)
1တစ်​ဖန် ဗေ​ဇ​လေ​လ​သည်၊ အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ 2သေတ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့် မွမ်း​မံ​လေ၏။ သေ​တ္တာ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော​ရွှေ​တန်​ဆာ​ကို​လည်း လုပ်​လေ၏။ 3ရွှေ​လေး​ကွင်း​ကို​သွန်း၍၊ သေ​တ္တာ​လေး​ထောင့်၌ တစ်​မျက်​နှာ နှစ်​ကွင်း​စီ​တပ်​လေ၏။ 4အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​ပြီး​မှ၊ 5သေ​တ္တာ​ထမ်း​စ​ရာ​ဖို့ တစ်​ဖက်​တစ်​ချက် ရွှေ​ကွင်း၌​လျှို​ထား​လေ၏။
6အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို​လည်း၊ ရွှေ​စင်​နှင့်​လုပ်​လေ၏။ 7ရွှေ​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို​လည်း၊ သေ​တ္တာ​အ​ဖုံး​တွင် အ​လျား​တစ်​ဖက်​တစ်​ချက်၌ ထု​လုပ်​လေ၏။ 8ထို​သို့ ခေ​ရု​ဗိမ်​နှစ်​ပါး​ကို၊ သေ​တ္တာ​ဖုံး​ကိုယ်​ထဲ​က​ထုတ်၍၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌ တစ်​ဖက်​တစ်​ပါး​စီ​လုပ်​ပြီး​လျှင်၊ 9ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်၍၊ သေ​တ္တာ​ဖုံး​ကို​ရှု​လျက်၊ မိ​မိ​အ​တောင်​ကို​ဖြန့်၍ သေ​တ္တာ​ဖုံး​ကို​မိုး​လျက်​ရှိ၏။
ရှေ့​တော်​မုန့်​စား​ပွဲ
(ထွ၊ ၂၅:၂၃-၃၀)
10အ​လျား​နှစ်​တောင်၊ အ​နံ​တစ်​တောင်၊ အ​မြင့်​တစ်​တောင်​ထွာ​ရှိ​သော​စား​ပွဲ​ကို​လည်း၊ အ​ကာ​ရှ​သား​နှင့် လုပ်၍၊ 11ရွှေ​စင်​နှင့်​မွမ်း​မံ​လေ၏။ စား​ပွဲ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း၊ 12အ​နံ​တစ်​လက်​ဝါး​ရှိ​သော ခါး​ပန်း​ကို​လည်း​ကောင်း၊ ခါး​ပန်း​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း လုပ်​လေ၏။ 13ရွှေ​လေး​ကွင်း​ကို​လည်း​သွန်း၍ ခြေ​ထောက်​လေး​ခု​အ​ထက်၊ စား​ပွဲ​လေး​ထောင့်၌ တပ်​လေ၏။ 14ထို​ရွှေ​ကွင်း​တို့​သည် ခါး​ပန်း​ပေါ်​မှာ​ရှိ၍၊ စား​ပွဲ​ထမ်း​စ​ရာ​ထမ်း​ပိုး​နေ​ရာ ဖြစ်၏။ 15စား​ပွဲ​ထမ်း​စ​ရာ အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့် မွမ်း​မံ​လေ၏။ 16စား​ပွဲ​တန်​ဆာ​တည်း​ဟူ​သော လင်​ပန်း၊ ဇွန်း၊ အင်​တုံ၊ လောင်း​စ​ရာ ဖ​လား​များ​ကို​လည်း ရွှေ​စင်​နှင့် လုပ်​လေ၏။
မီး​ခုံ​တိုင်
(ထွ၊ ၂၅:၃၁-၄၀)
17မီး​ခုံ​ကို​လည်း​ရွှေ​စင်​နှင့်​လုပ်၍၊ မီး​ခုံ​တိုင်​အ​စ​ရှိ​သော​အ​လက်​များ၊ ခွက်​များ၊ ဘူး​သီး​များ၊ ကြာ​ပွင့်​များ​တို့​ကို တစ်​စပ်​တည်း​ထု​လေ​၏။ 18မီး​ခုံ​တိုင် တစ်​ဖက်​တစ်​ချက် သုံး​လက်​စီ​ထွက်၍၊ အ​လက်​ခြောက်​လက်​ရှိ​၏။ 19မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​သုံး​လက်​တွင်၊ တစ်​လက်​တစ်​လက်၌ ဘူး၊ ကြာ​ပွင့်​နှင့်​တ​ကွ ဗာ​တံ​သီး​နှင့် ပုံ​တူ​သော​ခွက်​သုံး​ခွက်​ရှိ၏။ 20မီး​ခုံ​တိုင်၌​လည်း ဘူး၊ ကြာ​ပွင့်​နှင့်​တ​ကွ ဗာ​တံ​သီး​နှင့်​ပုံ​တူ​သော ခွက်​လေး​ခွက်​ရှိ၏။ 21မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​ခြောက်​လက်​ရှိ​သည်​အ​တိုင်း၊ အ​လက်​နှစ်​ဖက်​အောက်၌​လည်း ဘူး​သီး​တစ်​လုံး​စီ​ရှိ၏။ 22ဘူး​များ၊ အ​လက်​များ​တို့​ကို တစ်​ကိုယ်​တစ်​စပ်​တည်း​ဖြစ်​စေ၍ မီး​ခုံ​တစ်​ကိုယ်​လုံး​ကို ရွှေ​စင်​နှင့်​ထု​လုပ်​လေ၏။ 23မီး​ခွက်​ခု​နစ်​လုံး၊ မီး​ညှပ်​နှင့် မီး​ညှပ်​ခံ​စ​ရာ​ခွက်​များ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်​လေ၏။ 24မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ရွှေ​စင်​အ​ခွက်​တစ်​ဆယ်​နှင့် လုပ်​သ​တည်း။
နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ပ​လ္လင်
(ထွ၊ ၃၀:၁-၅)
25တစ်​နည်း​ကား၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​စ​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့် လုပ်​လေ၏။ ထို​ပ​လ္လင်​သည် အ​လျား​တစ်​တောင်၊ အ​နံ​တစ်​တောင်၊ စ​တု​ရန်း​လေး​ထောင့်​ဖြစ်၍ အ​မြင့်​နှစ်​တောင်​ရှိ​လေ၏။ ဦး​ချို​တို့​ကို​လည်း အ​ကာ​ရှ​သား​ဖြင့်​ပြီး​စေ၏။#ထွ၊ ၃၀:၁၁-၁၆။ 26ပ​လ္လင်​ထိပ်၊ နံ​ရံ၊ ဦး​ချို​တို့​ကို ရွှေ​စင်​နှင့် မွမ်း​မံ၍၊ အ​ပေါ်​နား​ပတ်​လည်၌​ကွပ်​သော ရွှေ​တန်​ဆာ​ကို လုပ်​လေ၏။#မ၊ ၁၇:၂၄။ 27ရွှေ​တန်​ဆာ​အောက် ပ​လ္လင်​တစ်​ဖက်​တစ်​ချက်​ထောင့်၌ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်၍ ပ​လ္လင်​ထမ်း​စာ​ရာ ထမ်း​ပိုး​နေ​ရာ​ဖြစ်​၏။ 28ထမ်း​ပိုး​တို့​ကို အ​ကာ​ရှ​သား​နှင့်​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​လေ​၏။
ဆေး​ပေါင်း​နှင့်​နံ့​သာ​မျိုး
(ထွ၊ ၃၀:၂၂-၃၈)
29ဆေး​သ​မား​အ​တတ်​နှင့် ဆေး​ပေါင်း​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ သန့်​ရှင်း​သော လိမ်း​ရန်​နံ့​သာ​ဆီ​ကို​လည်း​ကောင်း၊ နံ့​သာ​မျိုး​နှင့်​ဖော်​သော မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​စင်​ကို​လည်း​ကောင်း လုပ်​လေ၏။#ထွ၊ ၃၀:၂၂-၃၈။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 37: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ