တစ်ဖန် ထာဝရဘုရားက၊ သင်မှစ၍ အဲဂုတ္တုပြည်မှ သင်နုတ်ဆောင်ခဲ့သောလူတို့၊ ဤအရပ်မှထွက်၍ သင်၏အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၌ ငါကျိန်ဆိုသောပြည်သို့ သွားကြလော့။ ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ငါစေလွှတ်၍၊ သူသည် ခါနနိလူ၊ အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကိုနှင်ထုတ်၍၊ နို့နှင့် ပျားရည်စီးသောပြည်သို့ သင်တို့ကိုပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသော လူမျိုးဖြစ်သောကြောင့်၊ လမ်း၌သွားစဉ် သင်တို့ကိုငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ၏။ ထိုမကောင်းသောသတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာသောအမျိုးဖြစ်ကြ၏။ သင်တို့အလယ်၌ ချက်ချင်းငါပေါ်လာ၍ ဖျက်ဆီးမည်။ ထိုကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကိုငါသိခြင်းငှာ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ဟု မောရှေအားမိန့်တော်မူနှင့်သတည်း။ ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း၌ မိမိတို့တန်ဆာများကို ချွတ်ကြ၏။ မောရှေသည် တဲတော်ကိုယူ၍ တပ်ပြင်၌ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ် စည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူအပေါင်းတို့သည် တပ်ပြင်၌ရှိသော ပရိသတ်စည်းဝေးရာတဲတော်သို့ ထွက်သွားကြ၏။
ထွက်မြောက်ရာ 33 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 33:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ