YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 31:1-18

ထွက်မြောက်ရာ 31:1-18 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊ နား​ထောင်​လော့၊ ငါ​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ​ကို အ​မည်​ဖြင့်​ခန့်​ထား​၏။ သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။ သူ​နှင့်​အ​တူ ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား၊ အ​ဟော​လျ​ဘ​ကို​လည်း ငါ​ခန့်​ထား၏။ ငါ​သည် သင့်​အား​မှာ​ထား​သ​မျှ​တို့​ကို လိ​မ္မာ​သော​သူ​အ​ပေါင်း​တို့​သည် လုပ်​တတ်​မည်​အ​ကြောင်း၊ သူ​တို့​နှ​လုံး​ထဲ​သို့ ဉာဏ်​ပ​ညာ​ကို​ငါ​သွင်း​ထား​ပြီ။ ထို​သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော သေ​တ္တာ​အ​ဖုံး၊ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ စား​ပွဲ​နှင့် စား​ပွဲ​တန်​ဆာ​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်၊ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော ပ​လ္လင်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှ​င့် အင်​တုံ​ခြေ​ထောက်​ကို​လည်း​ကောင်း၊ အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ​၏​သား​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ လိမ်း​စ​ရာ​ဆီ​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌​သုံး​ဖို့ နံ့​သာ​ပေါင်း​မွှေး​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင်​တို့​ကို​သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ငါ​နှင့် သင်​တို့​၏​သား​စဉ်​မြေး​ဆက်​စပ်​ကြား၌ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ဖို့​ရာ၊ ငါ့​ဥ​ပုသ်​နေ့​ကို စင်​စစ်​စောင့်​ရ​ကြ​မည်။ ဥ​ပုသ်​နေ့​သည် သင်​တို့​အား​သန့်​ရှင်း​သော​ကြောင့် ထို​နေ့​ကို​စောင့်​ရ​ကြ​မည်။ ဥ​ပုသ်​နေ့​ကို​ဖျက်​သော​သူ​တိုင်း အ​သေ​ခံ​ရ​မည်။ ထို​နေ့၌ အ​လုပ်​လုပ်​သော သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း၍ ငြိမ်​ရ​သော​ဥ​ပုသ်​နေ့​ဖြစ်၏။ ဥ​ပုသ်​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်။ သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည်၊ ထာ​ဝ​ရ​ပ​ဋိ​ညာဉ် ဖြစ်​စေ​ခြင်း​ငှာ၊ ဥ​ပုသ်​နေ့​ရက်​အ​စဉ်​အ​တိုင်း ဥ​ပုသ်​စောင့်​ရ​ကြ​မည်။ ထို​သို့​စောင့်​လျှင်၊ ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​စပ်​ကြား၌ ထာ​ဝ​ရ​လ​က္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို၊ ခြောက်​ရက်​တွင်​ဖန်​ဆင်း၍၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​လျက် အား​ဖြည့်​တော်​မူ​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။