YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 31:1-18

ထွက်မြောက်ရာ 31:1-18 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊ နား​ထောင်​လော့၊ ငါ​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ​ကို အ​မည်​ဖြင့်​ခန့်​ထား​၏။ သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။ သူ​နှင့်​အ​တူ ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား၊ အ​ဟော​လျ​ဘ​ကို​လည်း ငါ​ခန့်​ထား၏။ ငါ​သည် သင့်​အား​မှာ​ထား​သ​မျှ​တို့​ကို လိ​မ္မာ​သော​သူ​အ​ပေါင်း​တို့​သည် လုပ်​တတ်​မည်​အ​ကြောင်း၊ သူ​တို့​နှ​လုံး​ထဲ​သို့ ဉာဏ်​ပ​ညာ​ကို​ငါ​သွင်း​ထား​ပြီ။ ထို​သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော သေ​တ္တာ​အ​ဖုံး၊ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ စား​ပွဲ​နှင့် စား​ပွဲ​တန်​ဆာ​ကို​လည်း​ကောင်း၊ စင်​ကြယ်​သော​မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်၊ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော ပ​လ္လင်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှ​င့် အင်​တုံ​ခြေ​ထောက်​ကို​လည်း​ကောင်း၊ အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ​၏​သား​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ လိမ်း​စ​ရာ​ဆီ​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌​သုံး​ဖို့ နံ့​သာ​ပေါင်း​မွှေး​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင်​တို့​ကို​သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ငါ​နှင့် သင်​တို့​၏​သား​စဉ်​မြေး​ဆက်​စပ်​ကြား၌ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ဖို့​ရာ၊ ငါ့​ဥ​ပုသ်​နေ့​ကို စင်​စစ်​စောင့်​ရ​ကြ​မည်။ ဥ​ပုသ်​နေ့​သည် သင်​တို့​အား​သန့်​ရှင်း​သော​ကြောင့် ထို​နေ့​ကို​စောင့်​ရ​ကြ​မည်။ ဥ​ပုသ်​နေ့​ကို​ဖျက်​သော​သူ​တိုင်း အ​သေ​ခံ​ရ​မည်။ ထို​နေ့၌ အ​လုပ်​လုပ်​သော သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အား သန့်​ရှင်း၍ ငြိမ်​ရ​သော​ဥ​ပုသ်​နေ့​ဖြစ်၏။ ဥ​ပုသ်​နေ့၌ အ​လုပ်​လုပ်​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​ရ​မည်။ သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​သည်၊ ထာ​ဝ​ရ​ပ​ဋိ​ညာဉ် ဖြစ်​စေ​ခြင်း​ငှာ၊ ဥ​ပုသ်​နေ့​ရက်​အ​စဉ်​အ​တိုင်း ဥ​ပုသ်​စောင့်​ရ​ကြ​မည်။ ထို​သို့​စောင့်​လျှင်၊ ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​စပ်​ကြား၌ ထာ​ဝ​ရ​လ​က္ခ​ဏာ​သက်​သေ​ဖြစ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို၊ ခြောက်​ရက်​တွင်​ဖန်​ဆင်း၍၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​လျက် အား​ဖြည့်​တော်​မူ​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ ထို​သို့ ဘု​ရား​သ​ခင်​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှေ​နှင့် နှုတ်​ဆက်​တော်​မူ​သည်​အ​ဆုံး၌၊ လက်​ညှိုး​တော်​နှင့် အ​က္ခ​ရာ​တင်​သော သက်​သေ​ခံ​ချက်၊ ကျောက်​ပြား​နှစ်​ပြား​ကို ပေး​တော်​မူ၏။

ထွက်မြောက်ရာ 31:1-18 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယု​ဒ အ​နွယ်​မှ​ဟု​ရ​၏​မြေး၊ ဥ​ရိ​၏​သား​ဖြစ်​သူ ဗေ​ဇ​လေ​လ​ကို​ရွေး​ချယ်​ထား​ပြီ။- သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ​အ​မျိုး​မျိုး ဖော်​လုပ်​နိုင်​သော​အ​တတ်၊ ကျောက်​မျက်​တို့ ကို​သွေး​၍​စီ​ခြယ်​သော​အ​တတ်၊ သစ်​သား ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ​သည့်​အ​နု ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ကျွမ်း​ကျင် ပြောင်​မြောက်​စေ​ခြင်း​ငှာ၊ ငါ​သည်​သူ့​အား အ​စွမ်း​တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။- သူ့​ကို​ကူ​ညီ​ရန်၊ ငါ​သည်​ဒန်​အ​နွယ်​မှ​အ​ဟိ သ​မက်​၏​သား​ဖြစ်​သူ အ​ဟော​လျ​ဘ​ကို​ရွေး ချယ်​ထား​ပြီ။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​လုပ် နိုင်​ရန်၊ အ​ခြား​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​အား​လည်း၊ အ​ထူး​ကျွမ်း​ကျင်​မှု ကို​ငါ​ပေး​ထား​သ​ဖြင့်၊- သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့်​အ​ဖုံး၊ တဲ​တော်​ထဲ​ရှိ​အ​သုံး​အ​ဆောင် တန်​ဆာ​အား​လုံး၊- စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​များ၊ ရွှေ​မီး​တိုင် နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ပလ္လင်၊- မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​သက်​ဆိုင် ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ​ခံ၊- အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​ဆောင်​ရွက်​ရာ​၌ ဝတ်​ဆင်​ရန်၊ ထည် ဝါ​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊- ဘိ​သိက်​ဆီ​နှင့်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက် မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​တို့​ကို​ပြု​လုပ်​နိုင် ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​မိန့်​မှာ​သည့် အ​တိုင်း​သူ​တို့​သည် ဤ​အ​ရာ​များ​ကို​ပြု လုပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့​ဆင့်​ဆို လော့။ ငါ​၏​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ဥ​ပုသ် နေ့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား ကြောင်း​ကို သား​စဉ်​မြေး​ဆက်​သ​တိ​ရ​စေ သော​အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း။- ဥပုသ်​နေ့​သည်​နား​ရက်၊ နေ့​ထူး​နေ့​မြတ်​ဖြစ် သော​ကြောင့် ထို​နေ့​ကို​စောင့်​ထိန်း​ရ​မည်။ ဥ​ပုသ် နေ့​တွင်​အ​လုပ်​လုပ်​လျက်​ထို​နေ့​ကို​မ​စောင့် ထိန်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။- သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ် ခွင့်​ရှိ​သည်။ သို့​ရာ​တွင်​သတ္တမ​နေ့​သည်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သော​နား​ရက် ဖြစ်​သည်။ ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​ကို သေ​ဒဏ်​စီ​ရင်​ရ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဥ​ပုသ်​နေ့ ကို ပ​ဋိ​ညာဉ်​၏​အ​ထိမ်း​အ​မှတ်​အ​ဖြစ်​စောင့် ထိန်း​ရ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက် ရက်​တွင်​ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို​ဖန်​ဆင်း ၍၊ သတ္တ​မ​နေ့​၌​အ​လုပ်​မှ​နား​တော်​မူ​သည် ဖြစ်​သော​ကြောင့်၊- ဥ​ပုသ်​နေ့​သည်​ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​သော​ပ​ဋိ​ညာဉ်​၏​ထာ​ဝ​ရ အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း'' ဟု​မိန့် တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။

ထွက်မြောက်ရာ 31:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ကြည့်​လော့​။ ငါ​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​လေ​ပြီ​။ သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။ ထို့ကြောင့် သူ​သည် ရွှေ​၊ ငွေ​၊ ကြေးနီ​သွန်းလုပ်​ရာ​တွင်​လည်း အနုပညာလက်ရာ​မြောက်​စွာ သွန်းလုပ်​နိုင်​၏​။ ကျောက်​ကို​ထုဆစ်ပုံဖော်​ခြင်း​၊ သစ်သား​ကို​ထွင်းထုပုံဖော်​ခြင်း​စသော လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို​လည်း တတ်မြောက်​၏​။ သူ​နှင့်အတူ ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား အဟောလျဘ​ကို​လည်း ခန့်ထား​ပြီ​။ လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​ထဲတွင် သူ​တို့​အား ဉာဏ်ပညာ​ကို​သွင်းပေး​ပြီ​ဖြစ်၍ သူ​တို့​သည် သင့်​အား ငါ​မိန့်မှာ​သော​အရာ​အားလုံး​ကို ပြုလုပ်​ပေး​နိုင်​လိမ့်မည်​။ ထို​သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို​လည်းကောင်း​၊ သက်သေခံချက်​သေတ္တာ​တော်​နှင့် ထို​သေတ္တာ​တော်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ကို​လည်းကောင်း​၊ တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ စားပွဲ​နှင့် ထို​စားပွဲ​၏​တန်ဆာပလာ​များ​ကို​လည်းကောင်း​၊ ရွှေ​စင်​ဆီမီးခုံ​နှင့် ထို​ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ နံ့သာပေါင်း​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊ မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ အင်တုံ​နှင့် ထို​အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​ရက်ထည်​အဝတ်တန်ဆာ​၊ သန့်ရှင်း​သော​အဝတ်တန်ဆာ​နှင့် ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​ကို​လည်းကောင်း​၊ ဘိသိက်​ဆီ​ကို​လည်းကောင်း​၊ သန့်ရှင်းရာဌာန​တော်​အတွက် အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း သင့်​အား​ငါ​မိန့်မှာ​သမျှ​အတိုင်း ပြုလုပ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ထာဝရဘုရား​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​အရှင်​ဖြစ်ကြောင်း​သိမြင်​စေရန် ငါ​၏​ဥပုသ်နေ့​ကို သင်​တို့ ဧကန်အမှန် စောင့်ထိန်း​ရ​မည်​။ ဤ​အမှု​သည် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​တိုင်အောင် ငါ​နှင့်​သင်​တို့​ကြားတွင် အမှတ်လက္ခဏာ​ဖြစ်​၏​။ ဥပုသ်နေ့​သည် သင်​တို့​အတွက် သန့်ရှင်း​သောကြောင့် သင်​တို့​သည် ထို​နေ့​ကို​စောင့်ထိန်း​ရ​မည်​။ ဥပုသ်နေ့​ကို​ညစ်ညူး​စေ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ တစ်စုံတစ်ယောက်​သည် ဥပုသ်နေ့​၌​အလုပ်​လုပ်​လျှင် ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ ခြောက်​ရက်​ပတ်လုံး​အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​၊ ထာဝရဘုရား​အတွက် သန့်ရှင်း​သော​နေ့​ဖြစ်​၏​။ ဥပုသ်နေ့​၌​အလုပ်​လုပ်​သော​သူ​မည်သူမဆို မုချ​အသတ်​ခံရ​မည်​။ အစ္စရေး​အမျိုးသား​တို့​သည် ဥပုသ်နေ့​ကို​အလေးထား​ရ​မည်​။ ထာဝရ​ပဋိညာဉ်​အဖြစ် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် ဥပုသ်နေ့​ကို​စောင့်ထိန်း​ရ​မည်​။ ဤ​အမှု​သည် ငါ​နှင့်​အစ္စရေး​အမျိုးသား​တို့​ကြား ထာဝရ​အမှတ်လက္ခဏာ​ဖြစ်​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ခြောက်​ရက်​ပတ်လုံး ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ပြီး သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​၍ အနားယူ​တော်မူ​သောကြောင့်​ဖြစ်​သည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ ဤသို့ သိနာ​တောင်​ပေါ်၌ ဘုရားသခင်​သည် မောရှေ​အား မိန့်ဆို​တော်မူ​ပြီးနောက် လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို သူ့​အား ပေးအပ်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။