YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 23:1-19

ထွက်မြောက်ရာ 23:1-19 JBMLE

သင်​သည် မှား​သော​သ​တင်း​စ​ကား​ကို မ​ကြား​မ​ပြော​ရ။ မ​တ​ရား​သော​သူ​တို့​နှင့် ဝိုင်း​ညီ၍ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​ရ။ လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။ ဆင်း​ရဲ​သော​သူ​ဘက်​၌​လည်း မ​ငဲ့​ကွက်​ရ။ သင်​သည် ရန်​သူ​၏​မြင်း​နွား လမ်း​လွဲ​သည်​ကို တွေ့​မြင်​လျှင်၊ အ​မှန်​ပြန်​ပို့​ရ​မည်။ သင့်​ကို မုန်း​သော​သူ​၏​မြည်း​သည်၊ မိ​မိ​ဆောင်​ရွက်​သော ဝန်​အောက်​မှာ လဲ​နေ​သည်​ကို တွေ့​မြင်​လျှင်၊ မ မ​စ​ဘဲ​နေ​နိုင်​သ​လော။ အ​မှန်​ဝိုင်း​ညီ၍ မ​စ​ရ​မည်။ သင်၌ ဆင်း​ရဲ​သော​သူ​သည် တ​ရား​တွေ့​သော​အ​ခါ၊ သူ့​ကို မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ မ​ဟုတ်​မ​မှန်​သော​အ​မှု​ကို ရှောင်​ရ​မည်။ အ​ပြစ်​မ​ရှိ​သော​သူ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကွပ်​မျက်​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​မ​တ​ရား​သော​သူ​ကို အ​ပြစ်​မ​လွှတ်။ သင်​သည် တံ​စိုး​မ​စား​ရ။ တံ​စိုး​သည် ပ​ညာ​ရှိ​တို့၏​မျက်​စိ​ကို​ကွယ်​စေ၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​စ​ကား​ကို လွဲ​စေ​တတ်၏။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ခဲ့​ဖူး​သော​ကြောင့်၊ ဧည့်​သည်​၏​စိတ်​သ​ဘော​ကို သိ​ကြ၏။ ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်၍ အ​သီး​ကို​သိမ်း​ရ​မည်။ သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။ ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။ ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။ တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။ သင်​တို့​တွင် ယောက်ျား​အ​ပေါင်း​တို့​သည်၊ တစ်​နှစ်​လျှင်​သုံး​ကြိမ် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​နှာ​ပြ​ရ​ကြ​မည်။ ငါ့​ယဇ်​ကောင်၏​အ​သွေး​ကို၊ တ​ဆေး​ပါ​သော​မုန့်​နှင့်​ရော၍ မ​ပူ​ဇော်​ရ။ ငါ့​ယဇ်​ကောင်​ဆီ​ဥ​ကို နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။ သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။