YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:15-25

ထွက်မြောက်ရာ 2:15-25 JBMLE

ထို​သ​တင်း​ကို ဖာ​ရော​ဘု​ရင်​ကြား​သော​အ​ခါ၊ မော​ရှေ​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ပြေး၍၊ မိ​ဒျန်​ပြည်​သို့ ရောက်​လျှင်၊ ရေ​တွင်း​နား​မှာ​ထိုင်၍​နား​နေ​လေ၏။ ထို​အ​ခါ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်၏​သ​မီး ညီ​အစ်​မ​ခု​နစ်​ယောက်​တို့​သည်၊ မိ​မိ​တို့​အ​ဘ၏​သိုး​ဆိတ်​များ​ကို ရေ​တိုက်​ခြင်း​ငှာ​လာ၍​ရေ​ခပ်​ပြီး​လျှင်၊ ရေ​သောက်​ခွက်​တို့​၌ လောင်း​ကြ​၏။ သိုး​ထိန်း​အ​ချို့​တို့​လည်း​လာ၍ သိုး​ဆိတ်​များ​ကို​မောင်း​ကြ​၏။ ထို​အ​ခါ မော​ရှေ​သည်​ထ၍ ထို​မိန်း​မ​တို့​ဘက်၌​နေ​လျက်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​လေ၏။ ထို​မိန်း​မ​တို့​သည် အ​ဘ​ရွေ​လ​ထံ​သို့​ရောက်​ကြ​သော်၊ အ​ဘ​က အ​ဘယ်​ကြောင့် ယ​နေ့​အ​လျင်​အ​မြန်​ရောက်​လာ​ရ​ကြ​သ​နည်း​ဟု မေး​လေ​၏။ သူ​တို့​က​လည်း၊ အဲ​ဂု​တ္တု​လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​တို့​ကို​သိုး​ထိန်း​တို့​လက်​မှ ကယ်​နုတ်၍၊ ရေ​လို​သ​မျှ​ကို​ခပ်​သ​ဖြင့်၊ သိုး​ဆိတ်​များ​ကို​ရေ​တိုက်​ပါ​သည်​ဟု ပြန်​ပြော​၏။ အ​ဘ​က​လည်း၊ ထို​သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် သူ့​ကို​ပစ်​ထား​ခဲ့​သ​နည်း။ အ​စာ​စား​စေ​ခြင်း​ငှာ သူ့​ကို​ခေါ်​ချေ​ကြ​ဟု ဆို​လေ​၏။ မော​ရှေ​သည် ထို​သူ​ထံ​မှာ​နေ၍​ပျော်​မွေ့​သ​ဖြင့်၊ သ​မီး​ဇိ​ပေါ​ရ​ကို​မော​ရှေ​အား ထိမ်း​မြား​ပေး​စား​လေ​၏။ ထို​မိန်း​မ​ဖွား​သော​သား​ကို ဂေ​ရ​ရှုံ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု​ဆို​သ​တည်း။ ကာ​လ​အင်​တန်​ကြာ​ပြီး​မှ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် အ​နိ​စ္စ​ရောက်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လည်း အ​စေ​ကျွန်​ခံ​ရ​သော​ကြောင့် ညည်း​တွား​ငို​ကြွေး​ကြ​၏။ ထို​သို့​အ​စေ​ကျွန်​ခံ၍ ငို​ကြွေး​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့ တက်​ရောက်​လေ​၏။ သူ​တို့ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​လျှင်၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပြု​ခဲ့​ဖူး​သော​ပ​ဋိ​ညာဉ်​ကို အောက်​မေ့​တော်​မူ၏။ ဘု​ရား​သ​ခင်​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု၍ သူ​တို့​အ​မှု​ကို ဆင်​ခြင်​တော်​မူ​၏။