YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 19:1-7

ထွက်မြောက်ရာ 19:1-7 JBMLE

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ တ​တိ​ယ​လ တစ်​ရက်​နေ့၌ သိ​နာ​တော​သို့​ရောက်​ကြ​၏။ ရေ​ဖိ​ဒိမ်​အ​ရပ်​က​ထွက်​သွား​ပြီး​မှ သိ​နာ​တော​သို့​ရောက်၍၊ ထို​တော၌ တောင်​ရှေ့​မှာ တပ်​ချ​ကြ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင့်​ထံ​တော်​သို့​တက်​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​က​ခေါ်​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​သား​တို့​အား ပြန်​ပြော​ရ​သော​အ​မိန့်​တော်​ဟူ​မူ​ကား၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​ပြု​သော​အ​ကြောင်း၊ သင်​တို့​ကို ရွှေ​လင်း​တ​အ​တောင်​ဖြင့် ထမ်း၍ ကိုယ်​ဖို့​သိမ်း​ယူ​သော​အ​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ရ​ကြ​ပြီ။ ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။ သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။ မော​ရှေ​သည်​ပြန်​လာ၍ လူ​တို့​တွင် အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော စ​ကား​အ​လုံး​စုံ​တို့​ကို ပြန်​ပြော​လေ​၏။