YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 12:1-22

ထွက်မြောက်ရာ 12:1-22 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၌ မော​ရှေ​နှင့်​အာ​ရုန်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ဤ​လ​သည် သင်​တို့၌ လ​ဦး​တည်း​ဟူ​သော နှစ်​စဉ်​တွင် ပ​ထ​မ​လ​ဖြစ်​ရ​မည်။ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။ အိမ်​ထောင်​ငယ်၍ သိုး​သ​ငယ်​တစ်​ကောင်​နှင့် မ​တန်​လျှင်၊ နီး​စပ်​သော​အိမ်​နီး​ချင်း​နှင့် စပ်​ဖက်၍ လူ​မည်​မျှ​ရှိ​သည်​ဟု ရေ​တွက်​ပြီး​လျှင်၊ တစ်​ကောင်​ကို စား​လောက်​သော​သူ​များ​ကို​ထောက်၍ သိုး​သ​ငယ်​တစ်​ကောင်​ကို ယူ​ရ​မည်။ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။ ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။ သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။ အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။ အ​သား​စိမ်း​သည်​ဖြစ်​စေ၊ ရေ​နှင့်​ပြုတ်​သည်​ဖြစ်​စေ မ​စား​ရ။ ခေါင်း၊ ခြေ​ထောက်၊ အ​သည်း၊ နှ​လုံး​စ​သည်​တို့​နှင့်​တ​ကွ၊ မီး​ကင်​ပြီး​မှ စား​ရ​မည်။ နံ​နက်​တိုင်​အောင် ထို​အ​သား​ကို​မ​ကြွင်း​စေ​ရ။ အ​နည်း​ငယ်​ကြွင်း​လျှင် မီး​နှင့်​ရှို့​ရ​မည်။ အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။ ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ ပ​ထ​မ​နေ့၌​လည်း​ကောင်း၊ ခု​နစ်​ရက်​နေ့၌​လည်း​ကောင်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်၌ လူ​တိုင်း​စား​ခြင်း​ကိ​စ္စ​နှင့်​ဆိုင်​သော အ​လုပ်​အ​ဆောင်​မှ​တစ်​ပါး အ​ခြား​သော​အ​လုပ်​ကို မ​လုပ်​မ​ဆောင်​ရ။ ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။ ပ​ထ​မ​လ​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​မှ​စ၍ နှစ်​ဆယ်​တစ်​ရက်​နေ့ ညဉ့်​ဦး​တိုင်​အောင်၊ သင်​တို့​သည် တ​ဆေး​မ​ပါ​သော​မုန့်​ကို စား​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး သင်​တို့​အိမ်​များ​၌ တ​ဆေး​မ​ရှိ​ရ။ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ဖြစ်​စေ၊ ပြည်​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်​တို့၌ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။ တ​ဆေး​မ​ပါ​သော​မုန့်​ကို​သာ​စား​ရ​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​သည် အိမ်​ထောင်​များ​အ​သီး​အ​သီး ကိုယ်​စီ​ကိုယ်​စီ သိုး​သ​ငယ်​တို့​ကို​ယူ၍ ပ​သ​ခါ​ပွဲ​ဖို့​သတ်​ကြ​လော့။ ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။