YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 1:1-22

ထွက်မြောက်ရာ 1:1-22 JBMLE

မိ​မိ​တို့​အိမ်​သူ​အိမ်​သား​ပါ​လျက်၊ အ​ဘ​ယာ​ကုပ်​နှင့်​အ​တူ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော ဣ​သ​ရေ​လ​သား​တို့၏​အ​မည်​ဟူ​မူ​ကား၊ ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ နဿ​လိ၊ ဂဒ်၊ အာ​ရှာ​တည်း။ ယာ​ကုပ်​အ​မျိုး​သား​ပေါင်း​ကား၊ ခု​နစ်​ဆယ်​တည်း။ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ရှိ​နှင့်​သ​တည်း။ ယော​သပ်​နှင့်​အစ်​ကို​များ​မှ​စ၍၊ ထို​ကာ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။ ထို​နောက်​မှ​အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ကို​မ​သိ​သော ရှင်​ဘု​ရင်​သစ်​ပေါ်​လာ၏။ ထို​ရှင်​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထက်​သာ၍​များ​ကြ၏။ သာ၍​အား​ကြီး​ကြ၏။ လာ​ကြ၊ သူ​တို့​ကို လိ​မ္မာ​စွာ​ပြု​ကြ​စို့။ သို့​မ​ဟုတ် သူ​တို့​သည် များ​ပြား​ကြ​လိမ့်​မည်။ နောက်​တစ်​ခါ​စစ်​မှု​ရောက်​လျှင် ငါ​တို့​ရန်​သူ​ဘက်​သို့​ဝင်​စား၍ ငါ​တို့​ကို​တိုက်​သ​ဖြင့်၊ ပြည်​တော်​ထဲ​က​ထွက်​သွား​ကြ​လိမ့်​မည်​ဟု မိ​မိ​လူ​တို့​အား ဆို​လေ၏။ ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။ သို့​သော်​လည်း၊ နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း၊ တိုး​ပွား​များ​ပြား​လျက် ရှိ​ကြ၏။ သူ​တို့​ကြောင့် အဲ​ဂု​တ္တု​လူ​တို့​သည်​စိတ်​ညစ်​၍၊ အ​လွန်​ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ကြ​၏။ သ​ရွတ်​နှင့်​အုတ်​လုပ်​သော​အ​မှု၊ လယ်​လုပ်​သော​အ​မှု​အ​မျိုး​မျိုး၌ ခဲ​ယဉ်း​စွာ​စေ​ခိုင်း၍ အ​လွန်​ဆင်း​ရဲ​ပင်​ပန်း​စေ​ကြ၏။ စေ​ခိုင်း​လေ​ရာ​ရာ၌​လည်း ခဲ​ယဉ်း​စွာ​စေ​ခိုင်း​ကြ​၏။ ရှိ​ဖ​ရ​နှင့် ပု​အာ​အ​မည်​ရှိ​သော ဟေ​ဗြဲ​ဝမ်း​ဆွဲ​မ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က၊ သင်​တို့​သည် ဟေ​ဗြဲ​မိန်း​မ​တို့​အား​ဝမ်း​ဆွဲ​လုပ်၍ မွေး​ရာ​အ​ရပ်၌ စောင့်​နေ​သော​အ​ခါ၊ ယောက်ျား​ဖြစ်​လျှင် သေ​စေ၊ မိန်း​မ​ဖြစ်​လျှင် အ​သက်​ရှင်​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​လည်း၊ ဝမ်း​ဆွဲ​မ​တို့​ကို​ခေါ်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း။ ယောက်ျား​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ချမ်း​သာ​ပေး​သ​နည်း​ဟု မေး​စစ်​သော်၊ ဝမ်း​ဆွဲ​မ​တို့​က၊ ဟေ​ဗြဲ​မိန်း​မ​တို့​သည်၊ အဲ​ဂု​တ္တု​မိန်း​မ​ကဲ့​သို့​မ​ဟုတ်၊ သန်​စွမ်း​သော​ကြောင့်၊ ဝမ်း​ဆွဲ​မ မ​ရောက်​မီ သား​ကို​ဖွား​တတ်​ကြ၏​ဟု ပြန်​လျှောက်​လေ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ဝမ်း​ဆွဲ​မ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​လူ​အ​မျိုး​သည်​လည်း​များ​ပြား၍ အ​လွန်​အား​ကြီး​ကြ​လေ၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ သူ​တို့​အိမ်​သူ​အိမ်​သား​များ​ကို ပြု​စု​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ ဖွား​မြင်​သော​သူ​ငယ် ယောက်ျား​အ​ပေါင်း​တို့​ကို မြစ်​ထဲ​သို့​ချ​ပစ်​စေ။ မိန်း​မ​ကို​မူ​ကား​အ​သက်​ရှင်​စေ​ဟု မိ​မိ​လူ​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ၏။