YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 1:1-22

ထွက်မြောက်ရာ 1:1-22 Judson Bible (JBMLE)

မိ​မိ​တို့​အိမ်​သူ​အိမ်​သား​ပါ​လျက်၊ အ​ဘ​ယာ​ကုပ်​နှင့်​အ​တူ အဲ​ဂု​တ္တု​ပြည်​သို့​ရောက်​လာ​သော ဣ​သ​ရေ​လ​သား​တို့၏​အ​မည်​ဟူ​မူ​ကား၊ ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ နဿ​လိ၊ ဂဒ်၊ အာ​ရှာ​တည်း။ ယာ​ကုပ်​အ​မျိုး​သား​ပေါင်း​ကား၊ ခု​နစ်​ဆယ်​တည်း။ ယော​သပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ရှိ​နှင့်​သ​တည်း။ ယော​သပ်​နှင့်​အစ်​ကို​များ​မှ​စ၍၊ ထို​ကာ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သေ​ကြ​ကုန်​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။ ထို​နောက်​မှ​အဲ​ဂု​တ္တု​ပြည်၌ ယော​သပ်​ကို​မ​သိ​သော ရှင်​ဘု​ရင်​သစ်​ပေါ်​လာ၏။ ထို​ရှင်​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​တို့​ထက်​သာ၍​များ​ကြ၏။ သာ၍​အား​ကြီး​ကြ၏။ လာ​ကြ၊ သူ​တို့​ကို လိ​မ္မာ​စွာ​ပြု​ကြ​စို့။ သို့​မ​ဟုတ် သူ​တို့​သည် များ​ပြား​ကြ​လိမ့်​မည်။ နောက်​တစ်​ခါ​စစ်​မှု​ရောက်​လျှင် ငါ​တို့​ရန်​သူ​ဘက်​သို့​ဝင်​စား၍ ငါ​တို့​ကို​တိုက်​သ​ဖြင့်၊ ပြည်​တော်​ထဲ​က​ထွက်​သွား​ကြ​လိမ့်​မည်​ဟု မိ​မိ​လူ​တို့​အား ဆို​လေ၏။ ထို​ကြောင့်​အဲ​ဂု​တ္တု​မင်း​တို့​သည်၊ ကျပ်​တည်း​စွာ​နှိပ်​စက်​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်၊ ဘ​ဏ္ဍာ​တော်​သို​ထား​ဖို့၊ ပိ​သုံ​မြို့​နှင့် ရာ​မ​သက်​မြို့​ကို​တည်​ဆောက်​ရ​ကြ​၏။ သို့​သော်​လည်း၊ နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သည်​အ​တိုင်း၊ တိုး​ပွား​များ​ပြား​လျက် ရှိ​ကြ၏။ သူ​တို့​ကြောင့် အဲ​ဂု​တ္တု​လူ​တို့​သည်​စိတ်​ညစ်​၍၊ အ​လွန်​ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ကြ​၏။ သ​ရွတ်​နှင့်​အုတ်​လုပ်​သော​အ​မှု၊ လယ်​လုပ်​သော​အ​မှု​အ​မျိုး​မျိုး၌ ခဲ​ယဉ်း​စွာ​စေ​ခိုင်း၍ အ​လွန်​ဆင်း​ရဲ​ပင်​ပန်း​စေ​ကြ၏။ စေ​ခိုင်း​လေ​ရာ​ရာ၌​လည်း ခဲ​ယဉ်း​စွာ​စေ​ခိုင်း​ကြ​၏။ ရှိ​ဖ​ရ​နှင့် ပု​အာ​အ​မည်​ရှိ​သော ဟေ​ဗြဲ​ဝမ်း​ဆွဲ​မ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​က၊ သင်​တို့​သည် ဟေ​ဗြဲ​မိန်း​မ​တို့​အား​ဝမ်း​ဆွဲ​လုပ်၍ မွေး​ရာ​အ​ရပ်၌ စောင့်​နေ​သော​အ​ခါ၊ ယောက်ျား​ဖြစ်​လျှင် သေ​စေ၊ မိန်း​မ​ဖြစ်​လျှင် အ​သက်​ရှင်​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​အ​တိုင်း​မ​ပြု၊ ယောက်ျား​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ၏။ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​လည်း၊ ဝမ်း​ဆွဲ​မ​တို့​ကို​ခေါ်၍ သင်​တို့​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း။ ယောက်ျား​တို့​ကို အ​ဘယ်​ကြောင့် အ​သက်​ချမ်း​သာ​ပေး​သ​နည်း​ဟု မေး​စစ်​သော်၊ ဝမ်း​ဆွဲ​မ​တို့​က၊ ဟေ​ဗြဲ​မိန်း​မ​တို့​သည်၊ အဲ​ဂု​တ္တု​မိန်း​မ​ကဲ့​သို့​မ​ဟုတ်၊ သန်​စွမ်း​သော​ကြောင့်၊ ဝမ်း​ဆွဲ​မ မ​ရောက်​မီ သား​ကို​ဖွား​တတ်​ကြ၏​ဟု ပြန်​လျှောက်​လေ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ဝမ်း​ဆွဲ​မ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​လူ​အ​မျိုး​သည်​လည်း​များ​ပြား၍ အ​လွန်​အား​ကြီး​ကြ​လေ၏။ ဝမ်း​ဆွဲ​မ​တို့​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ သူ​တို့​အိမ်​သူ​အိမ်​သား​များ​ကို ပြု​စု​တော်​မူ၏။ ဖာ​ရော​ဘု​ရင်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်၊ ဖွား​မြင်​သော​သူ​ငယ် ယောက်ျား​အ​ပေါင်း​တို့​ကို မြစ်​ထဲ​သို့​ချ​ပစ်​စေ။ မိန်း​မ​ကို​မူ​ကား​အ​သက်​ရှင်​စေ​ဟု မိ​မိ​လူ​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ၏။

ထွက်မြောက်ရာ 1:1-22 Common Language Bible (BCL)

အီ​ဂျစ်​ပြည်​သို့​ယာ​ကုပ်​နှင့်​အ​တူ သွား​ရောက်​ကြ​သော​ယာ​ကုပ်​၏​သား​များ​မှာ၊- ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊- ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊ ဗင်္ယာ​မိန်၊ ဒန်၊ န​ဿ​လိ၊ ဂဒ်၊ အာ​ရှာ​တို့​ဖြစ်​ကြ​၏။ သူ​တို့​၏​မိ​သား​စု​များ​လည်း​လိုက်​ပါ​သွား​ကြ​၏။- ဤ​သူ​တို့​သည်​ယာ​ကုပ်​မှ​တိုက်​ရိုက်​ဆင်း​သက်​၍ ဦး​ရေ​အား​ဖြင့်​စု​စု​ပေါင်း​ခု​နစ်​ဆယ်​ရှိ​သ​တည်း။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက်​နှင့်​ပြီး​ဖြစ်​၏။- အ​ချိန်​တန်​သော်​ယော​သပ်​နှင့်​သူ​၏​ညီ​အစ်​ကို​များ​နှင့်​တ​ကွ သူ​တို့​၏​ခေတ်​က​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည်​ကွယ်​လွန်​ကြ​ကုန်​၏။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။ ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။- ထို​ဘု​ရင်​က​သူ​၏​ပြည်​သား​တို့​အား``ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လူ​ဦး​ရေ​အ​လွန်​များ​ပြား​၍​အင်​အား​ကြီး​မား​လာ​သ​ဖြင့် ငါ​တို့​အား​အန္တရာယ်​ပြု​နိုင်​၏။- သူ​တို့​၏​လူ​ဦး​ရေ​ယခု​ထက်​မ​တိုး​ပွား​လာ​စေ​ရန် လိမ္မာ​စွာ​ငါ​တို့​ပြု​ရ​ကြ​မည်။ အ​ကယ်​၍​စစ်​မက်​ဖြစ်​ပွား​လာ​လျှင် သူ​တို့​သည်​ငါ​တို့​၏​တစ်​ဘက်​ရန်​သူ​နှင့်​ပူး​ပေါင်း​၍​ငါ​တို့​ကို​တိုက်​ခိုက်​ပြီး​လျှင် တိုင်း​ပြည်​မှ​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​မိန့်​ကြား​လေ​၏။- သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။- သို့​သော်​လည်း​အီ​ဂျစ်​ပြည်​သား​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လေ၊ သူ​တို့​၏​လူ​ဦး​ရေ​တိုး​ပွား​ပျံ့​နှံ့​လာ​လေ​ဖြစ်​၏။ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကြောက်​ရွံ့​လာ​ကြ​၏။- ထို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကျွန်​အ​ဖြစ်​အ​တင်း​အ​ကြပ်​စေ​ခိုင်း​၍​ညှဉ်း​ဆဲ​ကြ​၏။ ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။ အီ​ဂျစ်​ဘု​ရင်​က ရှိ​ဖ​ရ​နှင့်​ပု​အာ​နာ​မည်​ရှိ​သော​ဟေ​ဗြဲ​ဝမ်း​ဆွဲ​နှစ်​ဦး​တို့​အား၊- ``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။- သို့​ရာ​တွင်​ဝမ်း​ဆွဲ​အ​မျိုး​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ဘု​ရင်​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ကြ​၏။- ထို့​ကြောင့်​ဘု​ရင်​သည်​ဝမ်း​ဆွဲ​တို့​အား​ဆင့်​ခေါ်​လျက်``သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ဘဲ အ​ဘယ်​ကြောင့်​ယောကျာ်း​က​လေး​များ​ကို​အ​သက်​ချမ်း​သာ​စေ​ရ​သ​နည်း'' ဟု​မေး​လေ​၏။- ထို​အ​ခါ​ဝမ်း​ဆွဲ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​သည် အီ​ဂျစ်​အ​မျိုး​သ​မီး​တို့​နှင့်​မ​တူ​ပါ။ သူ​တို့​သည်​သား​ဖွား​လွယ်​ကြ​သ​ဖြင့်​ဝမ်း​ဆွဲ​မ​ရောက်​မီ က​လေး​ကို​ဖွား​နှင့်​ပြီး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။- ဝမ်း​ဆွဲ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သူ​များ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​ကို​ကျေး​ဇူး​ပြု​၍ သူ​တို့​၌​အိမ်​ထောင်​မိ​သား​စု​များ​ရှိ​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဦး​ရေ​သည်​လည်း​တိုး​ပွား​များ​ပြား​လာ​၏။- သို့​ဖြစ်​၍​ဖာ​ရော​ဘု​ရင်​သည်``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​မှ​ဖွား​မြင်​သော သား​ယောကျာ်း​မှန်​သ​မျှ​တို့​ကို​နိုင်း​မြစ်​ထဲ​သို့​ပစ်​ချ​ရ​မည်။ သ​မီး​မိန်း​က​လေး​များ​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ရ​မည်'' ဟု​မိ​မိ​၏​ပြည်​သူ​ပြည်​သား​တို့​အား​အ​မိန့်​ပေး​လေ​၏။

ထွက်မြောက်ရာ 1:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အီဂျစ်​ပြည်​သို့​ရောက်လာ​ကြ​သော အစ္စရေး​၏​သား​တို့​အမည်​များ​ကား ဤသို့တည်း​။ ယာကုပ်​နှင့်အတူ မိသားစု​အလိုက် ရောက်လာ​သော​သူ​များ​မှာ ရုဗင်​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန်​၊ ဗင်္ယာမိန်​၊ ဒန်​၊ နဿလိ​၊ ဂဒ်​၊ အာရှာ တို့​ဖြစ်​ကြ​၏​။ ယာကုပ်​မှ ဆင်းသက်​လာ​သော​သူ စုစုပေါင်း အယောက်​ခုနစ်ဆယ်​ရှိ​၏​။ ယောသပ်​ကား အီဂျစ်​ပြည်​၌​ရှိ​နှင့်​၏​။ ယောသပ်​မှစ၍ သူ​၏​ညီအစ်ကို​ရှိသမျှ​နှင့် ထို​မျိုးဆက်​အားလုံး သေ​ကြ​ကုန်​၏​။ သို့ရာတွင် အစ္စရေး​အမျိုးသား​တို့​သည် တိုးပွားသည်ထက်တိုးပွား​လာ​ကြ​၏​။ ထိုသို့ တိုးပွား​လာ​ကြ​သဖြင့် လူဦးရေ​များသည်ထက်များ​လာ​၍ တစ်ပြည်လုံး သူ​တို့​နှင့် ပြည့်​လေ​၏​။ နောက်ပိုင်း​တွင် အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော ရှင်ဘုရင်​အသစ်​တစ်​ပါး ပေါ်လာ​၏​။ ထို​ရှင်ဘုရင်​က မိမိ​လူ​တို့​အား “​ကြည့်​ကြ​လော့​။ အစ္စရေး​အမျိုးသား​တို့​သည် ငါ​တို့​ထက်​များပြား​၍ အင်အားကြီး​ကြ​၏​။ လာ​ကြ​။ သူ​တို့​ကို လိမ္မာပါးနပ်​စွာ​ပြု​ကြ​စို့​။ သို့မဟုတ်လျှင် သူ​တို့​သည် များပြား​လာ​ကြ​လိမ့်မည်​။ စစ်​ဖြစ်​လျှင် သူ​တို့​သည် ငါ​တို့​၏​ရန်သူ​တို့​နှင့်​ပေါင်း​၍ ငါ​တို့​ကို​တိုက်ခိုက်​ပြီး ဤ​ပြည်​မှ ထွက်သွား​ကြ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ သို့ဖြစ်၍ အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြမ်းတမ်း​သော​အလုပ်​များ​ဖြင့် နှိပ်စက်​ရန် အဓမ္မစေခိုင်းသူ​များ​ကို ခန့်ထား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ပစ္စည်းသိုလှောင်ရာ​မြို့​ဖြစ်​သော​ပိသုံ​မြို့​နှင့် ရာမသက်​မြို့​ကို ဖာရော​မင်းကြီး​အတွက် တည်ဆောက်​ကြ​ရ​၏​။ သို့သော် သူ​တို့​ကို နှိပ်စက်​လေ ပို၍​တိုးပွား​ပျံ့နှံ့​လာ​လေ​ဖြစ်​သောကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် စိုးရိမ်ပူပန်​ခြင်း​သို့​ရောက်​ကြ​ရ​၏​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရက်စက်ကြမ်းတမ်း​စွာ စေခိုင်း​ကြ​၏​။ သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။ ထို့ပြင် အီဂျစ်​ဘုရင်​က ရှိဖရ​နှင့်​ပုအာ​အမည်​ရှိ​သော ဟေဗြဲ​ဝမ်းဆွဲ​နှစ်​ယောက်​အား “​သင်​တို့​သည် ဟေဗြဲ​အမျိုးသမီး​တို့​အား သားဖွား​ပေး​သောအခါ ကြည့်​၍ သားဖွားခုံ​ပေါ်၌ ယောက်ျားလေး​ဖြစ်လျှင်​သတ်​စေ​။ မိန်းကလေး​ဖြစ်လျှင်​အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။ သို့သော် ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သဖြင့် သူ​တို့​အား အီဂျစ်​ဘုရင်​အမိန့်ပေး​သည့်​အတိုင်း​မ​ပြု​ဘဲ ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​၏​။ ထို့ကြောင့် အီဂျစ်​ဘုရင်​သည် ဝမ်းဆွဲ​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် အဘယ်ကြောင့် ဤ​အမှု​ကို​ပြု​ကြ​သနည်း​။ အဘယ်ကြောင့် ယောက်ျားလေး​များ​ကို အသက်ချမ်းသာ​ပေး​ကြ​သနည်း​”​ဟု သူ​တို့​အား မေး​လေ​၏​။ ဝမ်းဆွဲ​တို့​က​လည်း ဖာရော​မင်းကြီး​အား “​ဟေဗြဲ​အမျိုးသမီး​တို့​သည် အီဂျစ်​အမျိုးသမီး​တို့​နှင့်​မ​တူ​ပါ​။ သူ​တို့​သည် သန်စွမ်း​သောကြောင့် ဝမ်းဆွဲ​မ​ရောက်​မီ သားဖွား​တတ်​ကြ​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​၏​။ ထို့ကြောင့် ဘုရားသခင်​သည် ထို​ဝမ်းဆွဲ​တို့​အား ကျေးဇူးပြု​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း တိုးပွား​ကာ အလွန်​အားကြီး​လာ​၏​။ ထို​ဝမ်းဆွဲ​တို့​သည် ဘုရားသခင်​ကို ကြောက်ရွံ့​သောကြောင့် သူ​တို့​အား မိသားစု​ဘဝ​ကို​ပေးသနား​တော်မူ​၏​။ ဖာရော​မင်းကြီး​က​လည်း မိမိ​လူ​အပေါင်း​တို့​အား “​မွေးလာ​သော​ယောက်ျားလေး​ရှိသမျှ​ကို နိုင်း​မြစ်​ထဲသို့​ပစ်ချ​စေ​။ မိန်းကလေး​ရှိသမျှ​ကို​ကား အသက်ရှင်​စေ​”​ဟု အမိန့်ပေး​လေ​၏​။