YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 7:1-10

ဧသတာ 7:1-10 JBMLE

တစ်​ဖန် ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည်၊ မိ​ဖု​ရား ဧ​သ​တာ​နှင့်​အ​တူ စ​ပျစ်​ရည်​သောက်​အံ့​သော​ငှာ သွား​ကြ၏။ ဒု​တိ​ယ​နေ့​ရက်၌ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊ မိ​ဖု​ရား ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ အ​လို​တော်​ရှိ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​လို​အ​တိုင်း ကျွန်​တော်​မ​အ​သက်​နှင့် ကျွန်​တော်​မ​တောင်း​ပန်​သည်​အ​တိုင်း၊ အ​မျိုး​သား​ချင်း​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​က​လည်း၊ ထို​သို့​ပြု​မည်​ဟု ကြံ​ဝံ့​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိ​ဖု​ရား​ဧ​သ​တာ​အား မေး​တော်​မူ​လျှင်၊ ဧ​သ​တာ​က၊ ရန်​ဘက်​ပြု​သော ရန်​သူ​သည် ဤ​ဆိုး​ညစ်​သော​ဟာ​မန် ဖြစ်​ပါ၏​ဟု​လျှောက်​သော်၊ ဟာ​မန်​သည် ရှင်​ဘု​ရင်​နှင့်​မိ​ဖု​ရား​ရှေ့​မှာ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​လေ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်​သ​ဖြင့်၊ စ​ပျစ်​ရည် သောက်​ပွဲ​မှ ထ၍ ဥ​ယျာဉ်​တော်​သို့ သွား​တော်​မူ၏။ အ​ပြစ်​ပေး​တော်​မူ​မည်​ဟု ဟာ​မန်​သည်​ရိပ်​မိ၍ အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း မိ​ဖု​ရား​ဧ​သ​တာ​ရှေ့​မှာ တောင်း​ပန်​ခြင်း​ငှာ ထ၏။ ရှင်​ဘု​ရင်​သည် ဥ​ယျာဉ်​တော်​မှ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​ရာ အ​ရပ်​သို့ ဝင်​ပြန်​သော​အ​ခါ၊ ဧ​သ​တာ​ထိုင်​သော သာ​လွန်​နား​မှာ ဟာ​မန်​သည် ပျပ်​ဝပ်​လျက်​နေ​သည်​ကို မြင်​လျှင်၊ ဤ​သူ​သည် နန်း​တော်၌ ငါ့​ရှေ့​မှာ မိ​ဖု​ရား​ကို အ​ဓ​မ္မ​ပြု​ရ​မည်​လော​ဟု မိန့်​တော်​မူ​စဉ်​တွင်၊ အ​ခြံ​အ​ရံ​တို့​သည် ဟာ​မန်၏​မျက်​နှာ​ကို ဖုံး​ကြ၏။ မိန်း​မ​စိုး ဟာ​ဗော​န​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​ကျိုး​တော်​ကို​စောင့်၍ လျှောက်​ထား​သော မော်​ဒ​ကဲ​အ​ဖို့ ဟာ​မန်​လုပ်၍ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်​သည်၊ ဟာ​မန်​အိမ်၌ စိုက်​ထား​လျက် ရှိ​ပါ၏​ဟု နား​တော်​လျှောက်​သော်၊ ထို​တိုင်၌ လည်​ဆွဲ​ချ​စေ​ဟု ရှင်​ဘု​ရင်​မိန့်​တော်​မူ၏။ ထို​သို့ မော်​ဒ​ကဲ​အ​ဖို့​လုပ်​သော လည်​ဆွဲ​ချ​တိုင်၌ ဟာ​မန်​ကို ဆွဲ​ချ​ကြ၏။ ရှင်​ဘု​ရင်​လည်း စိတ်​ပြေ​တော်​မူ၏။