YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 5

5
ဧ​သ​တာ​၏​ည​စာ​စား​ပွဲ
1သုံး​ရက်​မြောက်​သော​နေ့၌၊ ဧ​သ​တာ​သည် မိ​ဖု​ရား​အ​ဝတ်​တန်​ဆာ​ကို ဝတ်​ဆင်၍၊ နန်း​တော် အ​ဆောင်​မ တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​အ​တွင်း တံ​တိုင်း​ထဲ​မှာ ရပ်​နေ၏။ ရှင်​ဘု​ရင်​သည် နန်း​တော်​တံ​ခါး တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​ထဲ၊ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ၏။ 2မိ​ဖု​ရား​ဧ​သ​တာ​သည် တံ​တိုင်း​တော်​ထဲ​မှာ ရပ်​နေ​သည်​ကို ရှင်​ဘု​ရင်​သည်​မြင်​လျှင်၊ နူး​ညွတ်​သော​စိတ်​ရှိ၍ လက်​တော်၌​ပါ​သော ရွှေ​ရာ​ဇ​လှံ​တံ​ကို၊ ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည် ချဉ်း​ကပ်၍ ရာ​ဇ​လှံ​တံ​တော်​အထွတ်​ကို တို့​လေ၏။ 3ရှင်​ဘု​ရင်​က​လည်း၊ မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊ 4ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်၊ အ​ရှင်​မင်း​ကြီး​အ​ဖို့ ကျွန်​တော်​မ​ပြင်​ဆင်​သော​ပွဲ​သို့ ဟာ​မန်​နှင့်​တ​ကွ ယ​နေ့ ကြွ​တော်​မူ​ပါ​ဟု လျှောက်​သော်၊ 5ရှင်​ဘု​ရင်​က၊ ဧ​သ​တာ လျှောက်​သည်​အ​တိုင်း ပြု​အံ့​သော​ငှာ၊ ဟာ​မန်​သည် အ​လျင်​အ​မြန်​လာ​စေ​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​ပြင်​ဆင်​သော​ပွဲ​သို့ ဟာ​မန်​နှင့်​တ​ကွ ရှင်​ဘု​ရင်​ကြွ​တော်​မူ၏။
6တစ်​ဖန် စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော်​တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ဧ​သ​တာ​အား​မိန့်​တော်​မူ​လျှင်၊ 7ဧ​သ​တာ​က၊ ကျွန်​တော်​မ​အ​လို​ရှိ၍ ကျွန်​တော်​မ​တောင်း​ချင်​သော​ဆု ဟူ​မူ​ကား၊ 8ကျွန်​တော်​မ​ကို အ​ရှင်​မင်း​ကြီး၏​စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​လို​ရှိ၍ ကျွန်​တော်​မ​တောင်း​ချင်​သော​ဆု​ကို ပေး​သ​နား​ခြင်း​ငှာ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​ပြင်​ဆင်​သော​ပွဲ​သို့ အ​ရှင်​မင်း​ကြီး​သည် ဟာ​မန်​နှင့်​တ​ကွ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း နက်​ဖြန်​နေ့၌ ကျွန်​တော်​မ​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​လေ၏။
ဟာ​မန်​၏​လျှို့​ဝှက်​အ​ကြံ​အ​စည်
9ထို​နေ့၌ ဟာ​မန်​သည် ဝမ်း​မြောက်​ရွှင်​လန်း​သော စိတ်​နှင့် ထွက်​သွား​သော်​လည်း၊ နန်း​တော်​တံ​ခါး​ဝ​မှာ မော်​ဒ​ကဲ​သည် ရို​သေ​စွာ​မ​ထ၊ အ​လျှင်း​မ​လှုပ်​ဘဲ​နေ​သည်​ကို မြင်​သော​အ​ခါ၊ မော်​ဒ​ကဲ​ကို အ​လွန်​အ​မျက်​ထွက်​လေ၏။ 10သို့​ရာ​တွင် မိ​မိ​စိတ်​ကို ချုပ်​တည်း​လျက်​သွား၍၊ မိ​မိ​အိမ်​သို့​ရောက်​သော​အ​ခါ၊ မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​တို့​ကို ခေါ်​ပြီး​လျှင်၊ 11မိ​မိ​ဘုန်း​စည်း​စိမ်​ကြီး​ကြောင်း၊ သား​သ​မီး​များ​ကြောင်း၊ ရှင်​ဘု​ရင် အ​လွန်​ချီး​မြှောက်၍ မှူး​တော်​မတ်​တော် ကျွန်​တော်​မျိုး​များ​ထက် သာ၍​မြတ်​သော​အ​ရာ၌ ခန့်​ထား​တော်​မူ​ကြောင်း​များ​ကို ဖော်​ပြ​လျက်၊ 12မိ​ဖု​ရား​ဧ​သ​တာ​သည် မိ​မိ​ပြင်​ဆင်​သော​ပွဲ​သို့ ငါ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​ကို​မျှ ရှင်​ဘု​ရင်​နှင့်​အ​တူ မ​ဝင်​စေ။ နက်​ဖြန်​နေ့၌​လည်း ရှင်​ဘု​ရင်​နှင့်​အ​တူ ငါ့​ကို​ဖိတ်​ပြန်၏။ 13သို့​ရာ​တွင်၊ ယု​ဒ​လူ​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ​မှာ ထိုင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​သည် ကာ​လ​ပတ်​လုံး၊ ယ​ခု​ဖော်​ပြ​သ​မျှ​တို့​သည် ငါ၌​ကျေး​ဇူး​မ​ရှိ​ဟု ဆို၏။ 14ထို​အ​ခါ မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​ရှိ​သ​မျှ​တို့​က၊ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေ​မည်​အ​ကြောင်း နက်​ဖြန်​သံ​တော်​ဦး​တင်​လော့။ ထို​နောက်​မှ စိတ်​ရွှင်​လန်း​လျက် ရှင်​ဘု​ရင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​လော့​ဟု ပြော​ဆို​သော​စ​ကား​ကို ဟာ​မန်​သည် နှစ်​သက်၍၊ လည်​ဆွဲ​ချ​တိုင်​ကို လုပ်​စေ၏။

လက်ရှိရွေးချယ်ထားမှု

ဧသတာ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။