ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တစ်နှစ်စေ့သောအခါ တစ်ယောက်နောက်တစ်ယောက် အလှည့်သင့်သည်အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လပတ်လုံး မုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုး အစရှိသော စင်ကြယ်စေသော ဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု ပြီးသည်တိုင်အောင် ထိုမျှကာလကို လွန်စေရ၏။ ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။ ညဉ့်ဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော်မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယမိန်းမနန်းသို့ ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တစ်ဖန် အထံတော်သို့မဝင်ရ။ မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင်ထံသို့ ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတစ်ပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် ချစ်တတ်ကြ၏။ ထိုသို့ ရှင်ဘုရင်အာရွှေရုသည် နန်းစံခုနစ်နှစ်၊ တေဗက်အမည်ရှိသော ဒသမလတွင်၊ ဧသတာကို နန်းတော်၌ သိမ်းတော်မူပြီးလျှင်၊ အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမတကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရားဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။ ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီးသောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဖို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့်လျော်စွာ ဆုချတော်မူ၏။
ဧသတာ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 2:12-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ