YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 6:13-23

ဧဖက် 6:13-23 JBMLE

ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။- သ​စ္စာ​တည်း​ဟူ​သော ခါး​ပန်း​ကို​စည်း​လျက်၊ ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊- ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။- မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။- ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​လည်း​ကောင်း ယူ​ကြ​လော့။- ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။- ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​လျက်၊ သံ​တ​မန်​အ​မှု​ကို ပြု​ရ​သည်​ဖြစ်၍၊ ထို​တ​ရား၏ နက်​နဲ​သော​အ​ရာ​ကို ဖော်​ပြ​ခြင်း​ငှာ ငါ​သည်​နှုတ်​ကို ရဲ​ရင့်​စွာ ဖွင့်​လှစ်​ခြင်း​အ​ခွင့် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​တ​ရား​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ၊ ရဲ​ရင့်​စွာ​ဟော ပြော​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။ သင်​တို့​သည် ငါ၌​ဖြစ်​သော အ​ကြောင်း​အ​ရာ​များ​ကို သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​ချစ်​သော​ညီ တု​ခိတ်​သည် အ​လုံး​စုံ​တို့​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- သင်​တို့​သည် ငါ​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ​မည်​အ​ကြောင်း​နှင့်၊ ထို​သူ​သည် သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​မည်​အ​ကြောင်း၊ ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။- ညီ​အစ်​ကို​တို့၌ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။ ခ​မည်း​တော်​ဘု​ရား​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ် ပေး​တော်​မူ​သော ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေ​တ္တာ​ရှိ​ပါ​စေ​သော။

​ဧဖက် 6:13-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။