YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 7:1-14

ဒေသနာ 7:1-14 JBMLE

ကောင်း​သော​အ​သ​ရေ​သည် နံ့​သာ​ဆီ​ထက် သာ၍​ကောင်း၏။ သေ​ရ​သော​နေ့​သည်​လည်း ဖွား​မြင်​သော​နေ့​ထက် သာ၍​ကောင်း၏။ မ​သာ​အိမ်​သို့​သွား​ခြင်း​သည်၊ ပွဲ​ခံ​ရာ​အိမ်​သို့​သွား​ခြင်း​ထက် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ လူ​ခပ်​သိမ်း​တို့​သည် မ​သာ​အိမ်၌ လမ်း​ဆုံး​ရ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော​သူ​တို့​လည်း၊ အ​သင့်​နှ​လုံး​သွင်း​မိ​ကြ​လိမ့်​မည်။ ပြုံး​ရယ်​ခြင်း​ထက် ဝမ်း​နည်း​ခြင်း​သည် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​ညှိုး​ငယ်​သော​အား​ဖြင့် နှ​လုံး​သာ၍ ကောင်း​တတ်၏။ ပ​ညာ​ရှိ​သော​သူ​တို့၏​နှ​လုံး​သည် မ​သာ​အိမ်၌ ရှိ၏။ မိုက်​သော​သူ​တို့၏ နှ​လုံး​မူ​ကား၊ ပျော်​မွေ့​ခြင်း​ပြု​ရာ အိမ်၌​ရှိ၏။ လူ​မိုက်​သီ​ချင်း​ဆို​သော စ​ကား​ကို နား​ထောင်​သည်​ထက်၊ ပ​ညာ​ရှိ​ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မိုက်​သော​သူ၏​ရယ်​ခြင်း​သည် အိုး​အောက်၌ ဆူး​ပင်​ကို​လောင်​သော​အ​သံ​နှင့် တူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ အ​ကယ်​စင်​စစ်၊ ညှဉ်း​ဆဲ​ခြင်း​သည် ပ​ညာ​ရှိ​သော​သူ​ကို ရူး​စေ​တတ်၏။ တံ​စိုး​သည်​လည်း စိတ်​နှ​လုံး​ကို ယို​ယွင်း​စေ​တတ်၏။ အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။ အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။ ရှေး​ကာ​လ​သည် ယ​ခု​ကာ​လ​ထက် အ​ဘယ်​ကြောင့် သာ၍​ကောင်း​သ​နည်း​ဟု မ​မေး​နှင့်။ ထို​သို့​မေး​လျှင်၊ ပ​ညာ​တ​ရား​အ​တိုင်း မေး​သည်​မ​ဟုတ်။ ပ​ညာ​သည် အ​မွေ​ဥ​စ္စာ​ကဲ့​သို့​ကောင်း၍၊ နေ​ကို​မြင်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တတ်၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆင်​ခြင်​လော့။ ကောက်​စေ​တော်​မူ​သော​အ​ရာ​ကို အ​ဘယ်​သို့ ဖြောင့်​စေ​နိုင်​သ​နည်း။ ကောင်း​စား​သည်​ကာ​လ၌ ဝမ်း​မြောက်​လော့။ ဆင်း​ရဲ​ခံ​ရ​သည်​ကာ​လ၌ ဆင်​ခြင်​လော့။ လူ​သည် မိ​မိ​နောက်​မှာ ဖြစ်​လ​တ္တံ​သော အ​မှု​အ​ရာ​ကို​သိ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ကောင်း​စား​ခြင်း​နှင့် ဆင်း​ရဲ​ခြင်း​ကို​လည်း အ​လှည့်​လှည့် ပေး​တော်​မူ၏။