YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 6

6
အ​လို​ဆ​န္ဒ​သည်​အ​န​တ္တ
1လူ​တို့​တွင် အ​တွေ့​များ၍၊ နေ​အောက်၌ ငါ​မြင်​ရ​သော​အ​မှု​ဆိုး​ဟူ​မူ​ကား၊ 2အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ပြေ​လောက်​အောင် စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို ဘု​ရား​သ​ခင်​ပေး​သော်​လည်း၊ ခံ​စား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ကိုယ်​တိုင် မ​ခံ​စား​ရ။ မ​ဆိုင်​သော​သူ​တစ်​ပါး​ဝင်၍ ခံ​စား​ရ​သော​အ​မှု​သည် အ​န​တ္တ​အ​မှု၊ ဆိုး​သော​အ​မှု ဖြစ်၏။ 3လူ​သည် နှစ်​ပေါင်း​များ​စွာ အ​သက်​ရှည်၍၊ သား​တစ်​ရာ​ပင်​ရှိ​ငြား​သော်​လည်း၊ အ​လို​ဆ​န္ဒ​မ​ပြည့်​စုံ​ဘဲ၊ သင်္ဂြိုဟ်​ခြင်း​ကို မ​ခံ​ရ​ဘဲ​သေ​သွား​လျှင်၊ ထို​သူ​ထက် ပျက်​သော​ကိုယ်​ဝန်​သည် သာ၍​မြတ်၏။ 4အ​ကြောင်း​မူ​ကား၊ ပျက်​သော​ကိုယ်​ဝန်​သည် အ​ချည်း​နှီး​ပေါ်​လာ၏။ မှောင်​မိုက်​ထဲ​မှာ ထွက်​သွား၏။ သူ့​အ​မည်​ကား၊ မှောင်​မိုက်​နှင့်​ဖုံး​လွှမ်း​လျက် ရှိ​လိမ့်​မည်။ 5နေ​ကို​လည်း မ​မြင်​ရ။ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​ရ။ သို့​သော်​လည်း၊ အ​ရင်​ဆို​သော​သူ​ထက် သာ၍ ချမ်း​သာ​ရ၏။ 6အ​ကယ်၍ အ​ရင်​ဆို​သော​သူ​သည် အ​နှစ်​နှစ်​ထောင် အ​သက်​ရှင်​သော်​လည်း၊ အ​ကျိုး​ကျေး​ဇူး​မ​ရှိ။ အ​လုံး​စုံ​တို့​သည် တစ်​ခု​တည်း​သော​အ​ရပ်​သို့ သွား​ရ​ကြ​သည် မ​ဟုတ်​လော။
7လူ​ကြိုး​စား​အား​ထုတ်​သ​မျှ​တို့၌ ဝမ်း​ဖို့​သာ ကြိုး​စား​အား​ထုတ်​သော်​လည်း၊ စား​ချင်​သော​စိတ် မ​ပြေ​နိုင်။ 8ပ​ညာ​ရှိ​သော​သူ​သည် မိုက်​သော​သူ​ထက် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ အ​သက်​ရှင်​သော​သူ​များ​ရှေ့​မှာ ကျင့်​ကြံ​ပြု​မူ​တတ်​သော ဆင်း​ရဲ​သား၏​အ​ကျိုး​ကျေး​ဇူး​ကား အ​ဘယ်​သို့​နည်း။ 9ကိုယ်​တိုင်​တွေ့​မြင်​ခြင်း​အ​ကျိုး​သည် လော​ဘ​ပြန့်​ပွား​ခြင်း​အ​ကျိုး​ထက် သာ၍​ကြီး၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။ 10ရှိ​သ​မျှ​သော အ​ခြင်း​အ​ရာ​များ​ကို မှတ်​သား​နှင့်​ပြီ။ လူ၏​အ​ခြင်း​အ​ရာ သက်​သက်​ဖြစ်​သည်​ကို သိ​ရ၏။ လူ​သည် မိ​မိ​ထက် တန်​ခိုး​ကြီး​သော​သူ​နှင့် မ​ပြိုင်​နိုင်​ရာ။ 11အ​န​တ္တ​တိုး​ပွား​စ​ရာ​အ​ကြောင်း များ​ပြား​သည်​ဖြစ်၍၊ လူ​သည် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ 12အ​ရိပ်​ကဲ့​သို့ လွန်​တတ်​သော​အ​န​တ္တ​အ​သက် ကာ​လ​ပတ်​လုံး၊ လူ၌ ကျေး​ဇူး​ပြု​တတ်​သော​အ​ရာ​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။ နေ​အောက်၌ လူ​နောက်​မှာ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​တို့​ကို​လည်း၊ အ​ဘယ်​သူ​ပြော​နိုင်​သ​နည်း။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ