YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 3:1-15

ဒေသနာ 3:1-15 JBMLE

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။ ဖွား​ချိန်​နှင့် သေ​ချိန်​လည်း​ရှိ၏။ စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် စိုက်​ပျိုး​ရ​သော​အ​ရာ​ကို နုတ်​ရ​သော​အ​ချိန်​လည်း ရှိ၏။ သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။ ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။ ကျောက်​တို့​ကို ဖြန့်​ကြဲ​ရ​သော​အ​ချိန်​နှင့် စု​သိမ်း​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖက်​ယမ်း​ရ​သော​အ​ချိန်​နှင့်၊ မ​ဖက်​ယမ်း​ဘဲ ခွဲ​ခွာ၍ နေ​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ဆည်း​ပူး​ရ​သော​အ​ချိန်​နှင့် ဥ​စ္စာ​ပျောက်​ရ​သော အ​ချိန်​လည်း ရှိ၏။ သို​ထား​ရ​သော​အ​ချိန်​နှင့် ပစ်​လိုက်​ရ​သော​အ​ချိန်​လည်း ရှိ၏။ အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။ ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ လုပ်​ကိုင်​သော​သူ​သည် ကြိုး​စား​အား​ထုတ်​ရာ​တွင်၊ အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ပင်​ပန်း​ခြင်း​အ​မှု​ကို ငါ​ကြည့်​မြင်​ပြီ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မိ​မိ​တို့​အ​ချိန်​တန်​မှ၊ လျောက်​ပတ်​စွာ ဖန်​ဆင်း​တော်​မူ​ပြီ။ လူ​စိတ်​နှ​လုံး​ကို​လည်း အ​န​န္တ​ကာ​လ၌ စွဲ​လန်း​စေ​တော်​မူ​ပြီ။ သို့​ရာ​တွင်၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို၊ အ​စ​မှ​အ​ဆုံး​တိုင်​အောင်၊ လူ​သည် စစ်၍​မ​ကုန်​နိုင်။ ရွှင်​လန်း​ခြင်း​အ​မှု​နှင့် အ​သက်​ရှင်​စဉ်​တွင် ကျေး​ဇူး​ပြု​ခြင်း​အ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​အ​ရာ​တို့၌၊ အ​ကျိုး​ကျေး​ဇူး​မ​ရှိ​သည်​ကို ငါ​သိ၏။ လူ​တိုင်း​စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​ကြိုး​စား အား​ထုတ်​သ​မျှ​သော​အ​မှု၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ အ​ခွင့်​ရှိ၏။ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု​သည် နိ​စ္စ​ထာ​ဝ​ရ ဖြစ်​သည်​ကို ငါ​သိ၏။ ထပ်၍ မ​ပြု​နိုင်​ရာ။ နုတ်၍ မ​ယူ​နိုင်​ရာ။ လူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ပြု​တော်​မူ၏။ ဖြစ်​ဖူး​သော​အ​ရာ​သည် ယ​ခု​ဖြစ်​သော​အ​ရာ​နှင့် တူ၏။ ဖြစ်​လ​တ္တံ့​သော​အ​ရာ​သည်​လည်း၊ ဖြစ်​ဖူး​သော​အ​ရာ​နှင့်​တူ၏။ လွန်​ပြီး​သော​အ​ရာ​တို့​ကို​လည်း ဘု​ရား​သ​ခင်​တောင်း​ပြန်​တော်​မူ၏။

​ဒေသနာ 3:1-15 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။