YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 3:1-11

ဒေသနာ 3:1-11 JBMLE

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။ ဖွား​ချိန်​နှင့် သေ​ချိန်​လည်း​ရှိ၏။ စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် စိုက်​ပျိုး​ရ​သော​အ​ရာ​ကို နုတ်​ရ​သော​အ​ချိန်​လည်း ရှိ၏။ သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။ ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။ ကျောက်​တို့​ကို ဖြန့်​ကြဲ​ရ​သော​အ​ချိန်​နှင့် စု​သိမ်း​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖက်​ယမ်း​ရ​သော​အ​ချိန်​နှင့်၊ မ​ဖက်​ယမ်း​ဘဲ ခွဲ​ခွာ၍ နေ​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ဆည်း​ပူး​ရ​သော​အ​ချိန်​နှင့် ဥ​စ္စာ​ပျောက်​ရ​သော အ​ချိန်​လည်း ရှိ၏။ သို​ထား​ရ​သော​အ​ချိန်​နှင့် ပစ်​လိုက်​ရ​သော​အ​ချိန်​လည်း ရှိ၏။ အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။ ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ လုပ်​ကိုင်​သော​သူ​သည် ကြိုး​စား​အား​ထုတ်​ရာ​တွင်၊ အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ လူ​သား​တို့ ကျင်​လည်​ရာ​ဖို့ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ပင်​ပန်း​ခြင်း​အ​မှု​ကို ငါ​ကြည့်​မြင်​ပြီ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မိ​မိ​တို့​အ​ချိန်​တန်​မှ၊ လျောက်​ပတ်​စွာ ဖန်​ဆင်း​တော်​မူ​ပြီ။ လူ​စိတ်​နှ​လုံး​ကို​လည်း အ​န​န္တ​ကာ​လ၌ စွဲ​လန်း​စေ​တော်​မူ​ပြီ။ သို့​ရာ​တွင်၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို၊ အ​စ​မှ​အ​ဆုံး​တိုင်​အောင်၊ လူ​သည် စစ်၍​မ​ကုန်​နိုင်။

​ဒေသနာ 3:1-11 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။