YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 7:12-15

တရားဟောရာ 7:12-15 JBMLE

ထို​ပ​ညတ်​တို့​ကို သင်​သည် ကျင့်​ဆောင်​အံ့​သော​ငှာ နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပ​ဋိ​ညာဉ်​နှင့် က​ရု​ဏာ​တော်​ကို စောင့်​တော်​မူ​မည်။ သင့်​ကို​ချစ်​သ​ဖြင့် ကောင်း​ချီး​ပေး၍ များ​ပြား​စေ​တော်​မူ​မည်။ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​ဖွား​မြင်​သော သား​တို့​ကို​လည်း​ကောင်း၊ သင်၏​မြေ​အ​သီး​အ​နှံ၊ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ နွား၊ အ​စီး​အ​ပွား၊ သိုး​စု​တို့​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင်​သည် လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​ကောင်း​ချီး​ခံ​ရ​သော​သူ​ဖြစ်၍၊ သင်၌​မြုံ​သော ယောက်ျား​မိန်း​မ​တစ်​ယောက်​မျှ၊ တိ​ရ​စ္ဆာန်​တွင် မြုံ​သော​အ​ထီး​အ​မ တစ်​ကောင်​မျှ​မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။