YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 5

5
ပ​ညတ်​တော်​ဆယ်​ပါး
(ထွ၊ ၂၀:၁-၁၇)
1တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား​ငါ​ဟော​ပြော​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို သင်​တို့​သည် သွန်​သင်၍​ကျင့်​ခြင်း​ငှာ သ​တိ​ပြု​မည်​အ​ကြောင်း နား​ထောင်​ကြ​လော့။ 2ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဟော​ရပ်​တောင်၌ ငါ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ၏။ 3ထို​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​သာ ပြု​တော်​မူ​သည်​မ​ဟုတ်။ ယ​နေ့​ပင်​အ​သက်​ရှင်၍ ဤ​အ​ရပ်၌​ရှိ​သ​မျှ​သော ငါ​တို့​နှင့် ပြု​တော်​မူ၏။ 4ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​သင်​တို့​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ မိန့်​မြွက်​တော်​မူ၏။ 5ထို​အ​ခါ သင်​တို့​သည် မီး​ကို​ကြောက်၍ တောင်​ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သင်​တို့ စပ်​ကြား​မှာ​ရပ်​နေ၏။ 6မိန့်​မြွက်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 7ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။ 8အ​ထက် မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက် ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​စွာ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။#ဝတ်၊ ၂၆:၁၊ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။ 9ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌ ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊#ထွ၊ ၃၄:၆-၇၊ တော၊ ၁၄:၁၈၊ တရား၊ ၇:၉-၁၀။ 10ငါ့​ကို​ချစ်၍ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား​ဖြစ်၏။ 11သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။#ဝတ်၊ ၁၉:၁၂။ 12သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​စောင့်​လော့။#ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။ 13ခြောက်​ရက်​ပတ်​လုံး အ​လုပ်​မျိုး​ကို ကြိုး​စား၍​လုပ်​ဆောင်​လော့။#ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊ ၃၅:၂၊ ဝတ်၊ ၂၃:၃။ 14သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​အ​စ​ရှိ​သော သင်၏​တိ​ရ​စ္ဆာန်၊ သင်၏​တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။ သင်​သည် ငြိမ်​ဝပ်​စွာ​နေ​သ​ကဲ့​သို့၊ သင်၏​ကျွန်​ယောက်ျား မိန်း​မ​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်။ 15သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​ရုံး​တော်​ကို​ဆန့်၍၊ ထို​ပြည်​မှ သင့်​ကို​နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​အ​ကြောင်း​ကြောင့်၊ သင်​သည် ဥ​ပုသ်​နေ့​ကို​စောင့်​ရ​မည်​ဟု သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။
16သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။#တရား၊ ၂၇:၁၆၊ မ၊ ၁၅:၄၊ ၁၉:၁၉၊ မာ၊ ၇:၁၀၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ဧ၊ ၆:၂-၃။ 17လူ​အ​သက်​ကို မ​သတ်​နှင့်။#က၊ ၉:၆၊ ဝတ်၊ ၂၄:၁၇၊ မ၊ ၅:၂၁၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉၊ ယာ၊ ၂:၁၁။ 18သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။#ဝတ်၊ ၂၀:၁၀၊ မ၊ ၅:၂၇၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉၊ ယာ၊ ၂:၁၁။ 19သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။#ဝတ်၊ ၁၉:၁၁၊ မ၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀၊ ရော၊ ၁၃:၉။ 20ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။#ထွ၊ ၂၃:၁၊ မ၊ ၁၉:၁၈၊ မာ၊ ၁၀:၁၉၊ လု၊ ၁၈:၂၀။ 21ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​မ​ယား​ကို တပ်​မက်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်၊ လယ်​ယာ၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။#ရော၊ ၇:၇၊ ၁၃:၉။
22ထို​စ​ကား​တော်​ကို ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ​မီး၊ မိုး​တိမ်၊ ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​က ကြီး​စွာ​သော​အ​သံ​နှင့် သင်​တို့​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​မိန့်​မြွက်​တော်​မူ၏။ ထပ်၍ မိန့်​မြွက်​တော်​မ​မူ။ ထို​စ​ကား​တော်​ကို​လည်း ကျောက်​ပြား​နှစ်​ပြား​ပေါ်​မှာ​ရေး၍ ငါ၌​အပ်​တော်​မူ၏။#ဟေဗြဲ၊ ၁၂:၁၈-၁၉။
လူ​တို့​ကြောက်​ရွံ့​ကြ​ခြင်း
(ထွ၊ ၂၀:၁၈-၂၁)
23သင်​တို့​သည် မှောင်​မိုက်​ထဲ​က​စ​ကား​သံ​ကို ကြား၍၊ တောင်​ထိပ်​သည် မီး​လောင်​လျက်​ရှိ​သော​အ​ခါ၊ သင်​တို့​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ၊ အ​သက်​ကြီး​သူ​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ်၍၊ 24အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပြီ။ မီး​ထဲ​က​စ​ကား​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည် လူ​နှင့် နှုတ်​ဆက်​တော်​မူ​သော်​လည်း၊ လူ​သည် အ​သက်​ရှင်​သေး​သည်​ကို၊ ယ​နေ့၌ အ​ကျွန်ုပ်​တို့​သည် သိ​မြင်​ရ​ပါ​ပြီ။ 25အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​ကြောင့် ယ​ခု​သေ​ရ​ပါ​မည်​နည်း။ ဤ​ကြီး​စွာ​သော​မီး​ဖြင့် အ​ကျွန်ုပ်​တို့​သည် ဆုံး​ရှုံး​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​အ​သံ​တော်​ကို တစ်​ဖန်​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်​မည်။ 26အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သော အ​သံ​တော်​ကို အ​ကျွန်ုပ်​တို့​ကြား​ရ​သ​ကဲ့​သို့ အ​ဘယ်​လူ​သ​တ္တ​ဝါ​သည်​ကြား၍ အ​သက်​ရှင်​သ​နည်း။ 27ကိုယ်​တော်​သည် အ​နီး​အ​ပါး​သို့ ချဉ်း​သွား၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​မိန့်​တော်​မူ​သ​မျှ​ကို ဆင့်​ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​နား​ထောင်၍ ပြု​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။ 28ထို​သို့​သင်​တို့​သည် ငါ့​အား​လျှောက်​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် သင့်​အား​လျှောက်​သော စ​ကား​သံ​ကို​ငါ​ကြား​ရ​ပြီ။ လျှောက်​လေ​သ​မျှ​သော​စ​ကား​သည် လျောက်​ပတ်​ပေ၏။ 29သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့၍ ငါ​ပ​ညတ်​သ​မျှ​တို့​ကို အ​စဉ်​စောင့်​ရှောက်​ချင်​သော​စိတ်​နှင့် ပြည့်​စုံ​ကြ​ပါ​စေ​သော။ 30တဲ​များ​သို့​ပြန်​သွား​ကြ​လော့​ဟု သူ​တို့​အား​ပြော​လော့။ 31သင်​မှာ​မူ​ကား၊ ဤ​အ​ရပ်၌ ငါ့​အ​နား​မှာ​ရပ်​နေ​လော့။ သူ​တို့​အား ငါ​အ​ပိုင်​ပေး​သော​ပြည်၌ သူ​တို့​ကျင့်​ဖို့​ရာ သင်​သည်​သူ​တို့​အား​သွန်​သင်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​တို့​ကို ငါ​မြွက်​ဆို​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။ 32သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည်​ကျင့်​အံ့​သော​ငှာ စောင့်​နေ​ရ​ကြ​မည်။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မ​ရှောင်​ရ​ကြ။ 33သင်​တို့​ဝင်​စား​လ​တ္တံ့​သော​ပြည်၌ သင်​တို့​သည် သေ​ဘေး​လွတ်​လျက် ချမ်း​သာ​ရ၍၊ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော လမ်း​အ​ပေါင်း​တို့၌ လျှောက်​သွား​ရ​ကြ​မည်။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။