YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 5:1-22

တရားဟောရာ 5:1-22 JBMLE

တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား​ငါ​ဟော​ပြော​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို သင်​တို့​သည် သွန်​သင်၍​ကျင့်​ခြင်း​ငှာ သ​တိ​ပြု​မည်​အ​ကြောင်း နား​ထောင်​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဟော​ရပ်​တောင်၌ ငါ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​သာ ပြု​တော်​မူ​သည်​မ​ဟုတ်။ ယ​နေ့​ပင်​အ​သက်​ရှင်၍ ဤ​အ​ရပ်၌​ရှိ​သ​မျှ​သော ငါ​တို့​နှင့် ပြု​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​သင်​တို့​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ သင်​တို့​သည် မီး​ကို​ကြောက်၍ တောင်​ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သင်​တို့ စပ်​ကြား​မှာ​ရပ်​နေ၏။ မိန့်​မြွက်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ကို မ​ကိုး​ကွယ်​နှင့်။ အ​ထက် မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက် ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​စွာ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။ ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌ ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊ ငါ့​ကို​ချစ်၍ ငါ့​ပ​ညတ်​တို့​ကို​ကျင့်​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​စောင့်​လော့။ ခြောက်​ရက်​ပတ်​လုံး အ​လုပ်​မျိုး​ကို ကြိုး​စား၍​လုပ်​ဆောင်​လော့။ သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​အ​စ​ရှိ​သော သင်၏​တိ​ရ​စ္ဆာန်၊ သင်၏​တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။ သင်​သည် ငြိမ်​ဝပ်​စွာ​နေ​သ​ကဲ့​သို့၊ သင်၏​ကျွန်​ယောက်ျား မိန်း​မ​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်။ သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​ရုံး​တော်​ကို​ဆန့်၍၊ ထို​ပြည်​မှ သင့်​ကို​နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​အ​ကြောင်း​ကြောင့်၊ သင်​သည် ဥ​ပုသ်​နေ့​ကို​စောင့်​ရ​မည်​ဟု သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​မ​ယား​ကို တပ်​မက်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်၊ လယ်​ယာ၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ ထို​စ​ကား​တော်​ကို ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ​မီး၊ မိုး​တိမ်၊ ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​က ကြီး​စွာ​သော​အ​သံ​နှင့် သင်​တို့​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​မိန့်​မြွက်​တော်​မူ၏။ ထပ်၍ မိန့်​မြွက်​တော်​မ​မူ။ ထို​စ​ကား​တော်​ကို​လည်း ကျောက်​ပြား​နှစ်​ပြား​ပေါ်​မှာ​ရေး၍ ငါ၌​အပ်​တော်​မူ၏။

​တရားဟောရာ 5:1-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။