YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 4:9-10

တရားဟောရာ 4:9-10 JBMLE

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊