YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 31:1-6

တရားဟောရာ 31:1-6 JBMLE

တစ်​ဖန် မော​ရှေ​သည်​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဟော​ပြော​သည်​ကား၊ ငါ​သည် ယ​နေ့ အ​သက်​တစ်​ရာ​နှစ်​ဆယ်​စေ့​ပြီ။ သင်​တို့​ရှေ့​မှာ ထွက်​ဝင်​ခြင်း​ငှာ နောက်​တစ်​ဖန် မ​တတ်​နိုင်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယော်​ဒန်​မြစ်​ကို မ​ကူး​ရ​ဟု မိန့်​တော်​မူ​ပြီ။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှာ​ကူး၍၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့​ကို ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ကို သင်​တို့​ဝင်​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ ယော​ရှု​သည်​လည်း သင်​တို့​ရှေ့​မှာ ကူး​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌​လည်း​ကောင်း၊ ဖျက်​ဆီး​တော်​မူ​သော သူ​တို့​ပြည်၌​လည်း​ကောင်း ပြု​သ​ကဲ့​သို့၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့၌ ပြု​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့၌ အပ်​တော်​မူ​သ​ဖြင့်၊ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​အ​တိုင်း၊ သူ​တို့၌ ပြု​ရ​ကြ​လိမ့်​မည်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။