YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 12:1-32

တရားဟောရာ 12:1-32 JBMLE

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊ သင်​တို့ အ​စိုး​ရ​သော​လူ​မျိုး​တို့​သည် တောင်​ကြီး၊ တောင်​ငယ်​အ​ပေါ်၊ စိမ်း​သော​သစ်​ပင်​အောက်၌ မိ​မိ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။ သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို​လည်း ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို မီး​ရှို့​ရ​မည်။ ထု​လုပ်​သော ဘု​ရား​ဆင်း​တု​များ​ကို ခုတ်​လှဲ​ရ​မည်။ ထို​အ​ရပ်၌ ထို​ဘု​ရား​တို့၏​နာ​မ​ကို​ပင် ပယ်​ရှင်း​ရ​မည်။ သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပြု​ရ​ဘဲ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။ ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။ ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ ယ​ခု​ကာ​လ၊ ဤ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ ထို​အ​ရပ်၌ လူ​တိုင်း​ကိုယ်​ဉာဏ်​ကို​လိုက်၍ မ​ပြု​ရ​ကြ။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​ချမ်း​သာ​ထဲ​သို့ သင်​တို့​သည် မ​ဝင်​ရ​ကြ​သေး။ သင်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး၍၊ သင်​တို့​အ​မွေ​ခံ​ရာ​ဖို့ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​သော​အ​ခါ၊ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ သင်​တို့​ကို​ကယ်​နုတ်​တော်​မူ​သ​ဖြင့် ငြိမ်​ဝပ်​စွာ​နေ​ကြ​သော​အ​ခါ၊ နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။ ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ​တို့​နှင့် ကိုယ်​အ​ဖို့​မ​ရှိ၊ အ​မွေ​မ​ခံ​ရ​ဘဲ၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ တွေ့​မြင်​ရာ​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။ သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။ သို့​ရာ​တွင် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တွင် ပူ​ဇော်​သော​တစ်​ဖို့၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ တစ်​စုံ​တစ်​ခု​ကို​မျှ၊ သင်​တို့​သည် ကိုယ်​နေ​ရာ​အ​ရပ်၌ မ​စား​ရ​ကြ။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ကိုယ်​တိုင်​မှ​စ၍​သား​သ​မီး၊ ကျွန်​ယောက်ျား​မိန်း​မ၊ တည်း​ခို​သော​လေ​ဝိ​သား​တို့​သည် စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။ မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လေ​ဝိ​သား​တို့​ကို မ​မေ့​လျော့​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​နေ​ရာ​ပြည်​ကို ကျယ်​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် အ​မဲ​သား​ကို​စား​ချင်​သော​စိတ်​ရှိ၍၊ အ​မဲ​သား​ကို ငါ​စား​မည်​ဟု​ဆို​လျှင်၊ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သည် သင့်​နေ​ရာ​နှင့် ဝေး​လွန်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​သိုး​နွား​ကို၊ ငါ​မှာ​ထား​သည်​အ​တိုင်း​သတ်၍၊ သင့်​နေ​ရာ​အ​ရပ်၌ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့ စား​ရ​မည်။ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် ရော​နှော၍​စား​ရ​သော​အ​ခွင့် ရှိ​ကြ၏။ သို့​ရာ​တွင်၊ အ​သွေး​ကို​မ​စား​မည်​အ​ကြောင်း၊ သ​တိ​ပြု​လော့။ အ​သက်​သည် အ​သွေး၌​တည်၏။ အ​သား​နှင့်​တ​ကွ အ​သက်​ကို​မ​စား​ရ။ ထို​ကြောင့် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​တို့​သည် ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း၊ အ​သွေး​ကို​ရှောင်​ရ​မည်။ သင်၌ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​အ​တိုင်း​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သို့ သွား​ရ​မည်။ အ​သား​နှင့် အ​သွေး​ကို​ရော​နှော၍၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။ ယဇ်​ကောင်​အ​သွေး​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ သွန်း​လောင်း၍၊ အ​သား​ကို​စား​ရ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​မြတ်​နိုး​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​စ​ကား​တို့​ကို​စေ့​စေ့​နား​ထောင်၍ စောင့်​ရှောက်​လော့။ သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ရှိ​သော​လူ​မျိုး​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ပြည်၌ သင်​သည် ဝင်၍​နေ​သော​အ​ခါ၊ သူ​တို့​သည် သင့်​ရှေ့​မှာ​ပျက်​စီး​သော​နောက်၊ သူ​တို့​အ​ကျင့်​အ​တိုင်း သင်​ကျင့်၍ အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း၊ ထို​လူ​မျိုး​တို့​သည် သူ​တို့​ဘု​ရား​များ​ကို အ​ဘယ်​သို့​ဝတ်​ပြု​သ​နည်း။ ထို​နည်း​တူ ငါ​ပြု​မည်​ဟု သူ​တို့​ဘု​ရား​ဝတ်​ကို မ​မေး​မြန်း​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။ သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။ ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။