YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 12:1-32

တရားဟောရာ 12:1-32 Judson Bible (JBMLE)

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊ သင်​တို့ အ​စိုး​ရ​သော​လူ​မျိုး​တို့​သည် တောင်​ကြီး၊ တောင်​ငယ်​အ​ပေါ်၊ စိမ်း​သော​သစ်​ပင်​အောက်၌ မိ​မိ​တို့​ဘု​ရား​များ​ကို ဝတ်​ပြု​ရာ​အ​ရပ်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။ သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို​လည်း ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို မီး​ရှို့​ရ​မည်။ ထု​လုပ်​သော ဘု​ရား​ဆင်း​တု​များ​ကို ခုတ်​လှဲ​ရ​မည်။ ထို​အ​ရပ်၌ ထို​ဘု​ရား​တို့၏​နာ​မ​ကို​ပင် ပယ်​ရှင်း​ရ​မည်။ သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပြု​ရ​ဘဲ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။ ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။ ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ ယ​ခု​ကာ​လ၊ ဤ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ ထို​အ​ရပ်၌ လူ​တိုင်း​ကိုယ်​ဉာဏ်​ကို​လိုက်၍ မ​ပြု​ရ​ကြ။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​ချမ်း​သာ​ထဲ​သို့ သင်​တို့​သည် မ​ဝင်​ရ​ကြ​သေး။ သင်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး၍၊ သင်​တို့​အ​မွေ​ခံ​ရာ​ဖို့ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​သော​အ​ခါ၊ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ သင်​တို့​ကို​ကယ်​နုတ်​တော်​မူ​သ​ဖြင့် ငြိမ်​ဝပ်​စွာ​နေ​ကြ​သော​အ​ခါ၊ နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။ ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ​တို့​နှင့် ကိုယ်​အ​ဖို့​မ​ရှိ၊ အ​မွေ​မ​ခံ​ရ​ဘဲ၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။ တွေ့​မြင်​ရာ​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။ သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။ သို့​ရာ​တွင် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တွင် ပူ​ဇော်​သော​တစ်​ဖို့၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ တစ်​စုံ​တစ်​ခု​ကို​မျှ၊ သင်​တို့​သည် ကိုယ်​နေ​ရာ​အ​ရပ်၌ မ​စား​ရ​ကြ။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ကိုယ်​တိုင်​မှ​စ၍​သား​သ​မီး၊ ကျွန်​ယောက်ျား​မိန်း​မ၊ တည်း​ခို​သော​လေ​ဝိ​သား​တို့​သည် စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။ မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး၊ လေ​ဝိ​သား​တို့​ကို မ​မေ့​လျော့​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​နေ​ရာ​ပြည်​ကို ကျယ်​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် အ​မဲ​သား​ကို​စား​ချင်​သော​စိတ်​ရှိ၍၊ အ​မဲ​သား​ကို ငါ​စား​မည်​ဟု​ဆို​လျှင်၊ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သည် သင့်​နေ​ရာ​နှင့် ဝေး​လွန်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​သိုး​နွား​ကို၊ ငါ​မှာ​ထား​သည်​အ​တိုင်း​သတ်၍၊ သင့်​နေ​ရာ​အ​ရပ်၌ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့ စား​ရ​မည်။ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် ရော​နှော၍​စား​ရ​သော​အ​ခွင့် ရှိ​ကြ၏။ သို့​ရာ​တွင်၊ အ​သွေး​ကို​မ​စား​မည်​အ​ကြောင်း၊ သ​တိ​ပြု​လော့။ အ​သက်​သည် အ​သွေး၌​တည်၏။ အ​သား​နှင့်​တ​ကွ အ​သက်​ကို​မ​စား​ရ။ ထို​ကြောင့် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​တို့​သည် ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း၊ အ​သွေး​ကို​ရှောင်​ရ​မည်။ သင်၌ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​အ​တိုင်း​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သို့ သွား​ရ​မည်။ အ​သား​နှင့် အ​သွေး​ကို​ရော​နှော၍၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။ ယဇ်​ကောင်​အ​သွေး​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ သွန်း​လောင်း၍၊ အ​သား​ကို​စား​ရ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​မြတ်​နိုး​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​စ​ကား​တို့​ကို​စေ့​စေ့​နား​ထောင်၍ စောင့်​ရှောက်​လော့။ သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ရှိ​သော​လူ​မျိုး​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ပြည်၌ သင်​သည် ဝင်၍​နေ​သော​အ​ခါ၊ သူ​တို့​သည် သင့်​ရှေ့​မှာ​ပျက်​စီး​သော​နောက်၊ သူ​တို့​အ​ကျင့်​အ​တိုင်း သင်​ကျင့်၍ အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း၊ ထို​လူ​မျိုး​တို့​သည် သူ​တို့​ဘု​ရား​များ​ကို အ​ဘယ်​သို့​ဝတ်​ပြု​သ​နည်း။ ထို​နည်း​တူ ငါ​ပြု​မည်​ဟု သူ​တို့​ဘု​ရား​ဝတ်​ကို မ​မေး​မြန်း​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။ သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။ ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။

တရားဟောရာ 12:1-32 Common Language Bible (BCL)

``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။- သင်​တို့​သိမ်း​ယူ​မည့်​ပြည်​တွင်​တောင်​ထိပ်​ပေါ်၊ တောင်​ကုန်း​ပေါ်၊ သစ်​စိမ်း​ပင်​အောက်​ရှိ​ထို​ပြည် သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​ဖျက် ဆီး​ပစ်​ရ​မည်။- သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​၍ သူ​တို့​၏ ဘု​ရား​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက်​ရ​မည်။ သူ​တို့​ကိုး​ကွယ်​သော​ဘု​ရား​မ​အာ​ရှ​ရ​၏ တံ​ခွန်​တိုင်​များ​ကို​မီး​ရှို့​ရ​မည်။ သူ​တို့​၏ ရုပ်​တု​များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ထို​အ​ရပ်​များ​တွင် ယင်း ဘု​ရား​များ​ကို​ကိုး​ကွယ်​မှု​ပ​ပျောက်​သွား လိမ့်​မည်။- ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သူ​တို့​ကိုး​ကွယ်​သည့်​နည်း​အ​တိုင်း​မ​ကိုး ကွယ်​ရ။- ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။- သင်​တို့​သည်​ထို​ဌာ​န​တွင် မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခြား​ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့် ပူ​ဇော်​သ​ကာ​များ၊ ထာ​ဝ​ရ​ဘု​ရား​အား က​တိ​ထား​သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ စေ​တ​နာ​အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ၊ သင်​တို့​၏​သိုး​နွား​တို့​မှ​သား​ဦး​ပေါက်​စ​သည် တို့​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​ရ​မည်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။'' ``သင်​တို့​သည်​က​တိ​ထား​တော်​မူ​သော​ပြည် သို့​ဝင်​ရောက်​သည့်​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ရာ​တွင် ယ​ခင်​က​လိုက်​နာ​ကျင့်​သုံး ခဲ့​သည့်​နည်း​အ​တိုင်း​မ​ကိုး​ကွယ်​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ပြည်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​နိုင်​သည့် ကာ​လ​မ​ရောက်​သေး​မီ၊- သင်​တို့​အ​ပေါင်း​သည်​မိ​မိ​နှစ်​သက်​ရာ​နည်း ဖြင့် ယ​နေ့​တိုင်​အောင်​ကိုယ်​တော်​ကို​ကိုး​ကွယ် လျက်​ရှိ​ကြ​၏။- သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ပြည်​ကို သင်​တို့​အား​သိမ်း​ပိုက်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ သ​ဖြင့် သင်​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် နိုင်​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။- သင်​တို့​သည်​ကြိုက်​ရာ​ဌာ​န​၌​ယဇ်​ပူ​ဇော် ခြင်း​ကို​မ​ပြု​ရ။ သင်​တို့​အ​နွယ်​များ​အ​နက်​တစ်​နွယ်​၏​နယ် မြေ​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​မည့်​ဌာ​န​၌​သာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​ဌာ​န ၌​သာ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​၍ သင်​တို့​အား ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ဆောင်​ရွက်​ရ​မည်။'' ``သို့​ရာ​တွင်​သင်​တို့​နေ​ထိုင်​ရာ မြို့​ရွာ​များ​၌ တိ​ရစ္ဆာန်​များ​ကို​သတ်​စား​နိုင်​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ကြွယ်​ဝ​ချမ်း​သာ စေ​တော်​မူ​သ​မျှ​အ​တိုင်း​သတ်​စား​နိုင်​သည်။ သင်​တို့​အ​ပေါင်း​သည်​သ​မင်​ဒ​ရယ်​သား ကို​စား​သုံး​ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး တမ်း​အ​ရ​စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ် သူ​ဖြစ်​စေ​ထို​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား သုံး​ခွင့်​ရှိ​သည်။- သို့​ရာ​တွင်​တိ​ရစ္ဆာန်​တို့​၏​သွေး​ကို​မူ​ကား မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့​မြေ​ပေါ်​မှာ သွန်​ရ​မည်။- ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။- သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။- သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။'' ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။- အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။- သင်​တို့​အ​ပေါင်း​သည်​သမင်​ဒရယ်​သား​ကို​စား ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး​တမ်း​အ​ရ စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ်​သူ​ဖြစ်​စေ ထို​အ​သား​ကို​စား​ခွင့်​ရှိ​သည်။- သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။- သွေး​ကို​မစား​သုံး​ရ။ ရေ​ကို​မြေ​ပေါ်​မှာ​သွန် သ​ကဲ့​သို့​သွေး​ကို​သွန်​ရ​မည်။- ဤ​ပညတ်​ကို​လိုက်​နာ​ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်​၏။ သို့​ဖြစ်​၍​သင် တို့​သည်​ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း​ကောင်း စား​ကြ​လိမ့်​မည်။- သင်​တို့​၏​ပူ​ဇော်​သ​ကာ​နှင့် ဆက်​ကပ်​ပါ​မည် ဟု​က​တိ​ပြု​ထား​သော​လက်​ဆောင်​ပ​ဏ္ဏာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​တစ်​ခု တည်း​သော​ဌာ​န​သို့​ယူ​ဆောင်​သွား​ရ​ကြ​မည်။- ထို​ဝတ်​ပြု​ရာ​ဌာ​န​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏ ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ မည်။ ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​၏​သွေး​ကို သွန်း​၍​အ​သား​ကို​စား​ရ​သော​ယဇ်​ကို လည်း​ပူ​ဇော်​ရ​မည်။- သင်​တို့​သည်​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​ခြင်း​အား​ဖြင့် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် တွင်​မှန်​ကန်​သော​အ​မှု၊ နှစ်​သက်​တော်​မူ​ဖွယ် သော​အ​မှု​ကို​ပြု​ကြ​သော​ကြောင့် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​စဉ် အ​မြဲ​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။'' ``သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင်​နေ​ထိုင်​သော လူ​မျိုး​များ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့ သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နေ​ထိုင်​ရ​ကြ​လိမ့် မည်။- ထာ​ဝ​ရ​ဘု​ရား​က​ထို​လူ​မျိုး​များ​ကို​သုတ် သင်​ပယ်​ရှင်း​ပြီး​သော​အ​ခါ သင်​တို့​သည်​သူ​တို့ ၏​ဘာ​သာ​ရေး​အ​လေ့​အ​ကျင့်​များ​ကို​မ​လိုက် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သူ​တို့​၏​အ​လေ့ အ​ကျင့်​များ​ကို​လိုက်​ခြင်း​သည် သင်​တို့​အ​တွက် သေ​လောက်​သော​ကျော့​ကွင်း​ဖြစ်​လိမ့်​မည်။- သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။- သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

တရားဟောရာ 12:1-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် မြေကြီး​ပေါ်၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သည့်​ပြည်​၌ သင်​တို့​လိုက်နာ​စောင့်ထိန်း​ရ​မည့် ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကား ဤသို့​ဖြစ်​၏​။ သင်​တို့​နှင်ထုတ်​မည့်​လူမျိုး​တို့​သည် မြင့်မား​သော​တောင်​များ​ပေါ်၌​လည်းကောင်း​၊ တောင်ကုန်း​များ​ပေါ်၌​လည်းကောင်း​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌​လည်းကောင်း မိမိ​တို့​၏​ဘုရား​များ​ကို ဝတ်ပြု​တတ်​ကြ​၏​။ ထို​အရပ်​ရှိသမျှ​တို့​ကို သင်​တို့ လုံးလုံး​ဖျက်ဆီး​ပစ်​ရ​မည်​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​လည်း ဖြိုဖျက်​၍ ကျောက်တိုင်​များ​ကို ဖြိုလှဲ​ပစ်​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို မီး​ရှို့​ပစ်​ရ​မည်​။ သူ​တို့​၏​ဘုရား​များ​ဖြစ်​သည့် ရုပ်တုဆင်းတု​များ​ကို ခုတ်လှဲ​၍ ထို​ဘုရား​များ​၏​နာမ​ကို ထို​အရပ်​မှ ဖျောက်ဖျက်​ပစ်​ရ​မည်​။ သူ​တို့​ပြု​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။ နာမ​တော်​တည်​ရာ​၊ ကိန်းဝပ်​တော်မူ​ရာ​အဖြစ် သင်​တို့​မျိုးနွယ်​အားလုံး​ထဲမှ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​ကို​ရှာ​၍ ထို​နေရာ​သို့​သာ​သွား​ရ​မည်​။ သင်​တို့​သည် မိမိ​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ နွား​သားဦး​၊ သိုး​သားဦး တို့​ကို ထို​အရပ်​သို့ ယူဆောင်​လာ​၍ ထို​အရပ်​တွင် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ စား​ရ​မည်​။ သင်​တို့​လုပ်ဆောင်​လေရာရာ​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သောကြောင့် သင်​တို့​နှင့်​သင်​တို့​၏​အိမ်သူအိမ်သား​တို့​သည် ဝမ်းမြောက်​ကြ​ရ​မည်​။ လူတိုင်း မိမိ​မှန်​သည်​ဟု ထင်သောအရာ​ရှိသမျှ​ကို​ပြု​တတ်​ကြ​၏​။ ယနေ့ ဤ​နေရာ​၌ ငါ​တို့​ပြု​သမျှ​အတိုင်း သင်​တို့​မ​ပြု​ရ​။ ငြိမ်ဝပ်​ရာ​အရပ်​ဖြစ်​သော သင်​တို့​အား​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​တော်​ထဲသို့ ယခု​ထိ သင်​တို့​မ​ရောက်​ရ​သေး​။ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​၌ သင်​တို့​နေထိုင်​ရ​မည်​။ ကိုယ်တော်​သည် သင်​တို့​ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​ဘေး​မှ ကင်းဝေး​စေ​တော်မူ​သဖြင့် သင်​တို့​လုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ ထိုအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် နာမ​တော်​ကိန်းဝပ်​ရာ​နေရာ​ကို​ရွေးချယ်​တော်မူ​မည်​။ သင်​တို့​အား ငါ​မှာကြား​ထား​သမျှ​အတိုင်း သင်​တို့​၏​မီးရှို့ရာယဇ်​၊ ပူဇော်သက္ကာ​၊ ဆယ်ဖို့တစ်ဖို့​၊ အလှူပစ္စည်း​၊ ထာဝရဘုရား​ထံ သင်​တို့​ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​အကောင်းဆုံး​ပူဇော်သက္ကာ​ရှိသမျှ​တို့​ကို ထို​နေရာ​သို့ သင်​တို့​ယူဆောင်​လာ​ရ​မည်​။ သင်​တို့​မှစ၍ သင်​တို့​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​နှင့်အတူ သင်​တို့​၏​မြို့​တံခါး​အတွင်း​ရှိ အမွေ​ဝေစု​မ​ရ​သော​လေဝိ​အမျိုး​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။ တွေ့​လေရာ​အရပ်​၌ မီးရှို့ရာယဇ်​ကို မ​ပူဇော်​မိ​စေရန် သင့်ကိုယ်သင်​သတိပြု​လော့​။ မျိုးနွယ်​တစ်​နွယ်​ထဲရှိ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ မီးရှို့ရာယဇ်​ကို ပူဇော်​ရ​မည်​။ ထို​နေရာ​၌ ငါ​မှာကြား​ထား​သမျှ​ကို သင်​ပြု​ရ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​ကောင်းချီးမင်္ဂလာ​ပေး​သည်​နှင့်အညီ စား​လို​သော​တိရစ္ဆာန်​ကို​သတ်​၍ မြို့​တိုင်း​၌ စားခွင့်​ရှိ​၏​။ ထို​အသား​ကို စင်ကြယ်​သော​သူ​ရော မစင်ကြယ်​သော​သူ​ပါ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စား​နိုင်​၏​။ သို့သော် သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။ သင်​၏​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားဦး​၊ သိုး​သားဦး​၊ ကတိသစ္စာ​ပြု​ထား​သည့် ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ​ရှိသမျှ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​၊ အလှူပစ္စည်း စသည်​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သင်​သည် မိမိ​မြို့​၌ စား​ခွင့်​မ​ရှိ​။ သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင်​၏​မြို့​တံခါး​အတွင်း​ရှိ လေဝိ​အမျိုး​များ​သည် ထို​ပူဇော်သက္ကာ​တို့​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​သာ စား​ရ​မည်​။ သင်​လုပ်ဆောင်​လေရာရာ​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ဝမ်းမြောက်​ကြ​ရ​မည်​။ သင်​၏​ပြည်​၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လေဝိ​အမျိုး​တို့​ကို စွန့်ပယ်​မ​ထား​မိ​စေရန် သတိပြု​လော့​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​သောအခါ သင်​သည် အသား​စား​လို​သော​စိတ်​ရှိ​၍ ‘​ငါ​အသား​စား​မည်​’​ဟု ဆို​လျှင် သင်​၏​စိတ်ဆန္ဒ​ရှိသမျှ​အတိုင်း စား​ခွင့်​ရှိ​၏​။ နာမ​တော်​တည်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သည် သင်​နှင့်​ဝေးလွန်း​လျှင် သင့်​ကို​ငါ​မှာကြား​ထား​သည့်​အတိုင်း သင့်​အား ထာဝရဘုရား​ပေး​တော်မူ​သော သင်​၏​နွား​၊ သိုး​တို့​ကို သတ်​၍ သင်​၏​စိတ်ဆန္ဒ​ရှိသမျှ​အတိုင်း သင်​၏​မြို့​၌ စား​ခွင့်​ရှိ​၏​။ သမင်​၊ ဒရယ်​အသား​ကို စား​သကဲ့သို့ စား​ခွင့်​ရှိ​၏​။ စင်ကြယ်​သော​သူ​၊ မစင်ကြယ်​သော​သူ​တို့ အတူတကွ​စား​ခွင့်​ရှိ​၏​။ သွေး​သည် အသက်​ဖြစ်​သောကြောင့် သွေး​ကို​လုံးဝ​မ​စား​ရ​။ အသား​နှင့်တကွ အသက်​ကို​မ​စား​ရ​။ သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။ သင်​မှစ၍ နောင်လာမည့် သင်​၏​သားမြေး​တို့​ကောင်းစား​ကြ​မည့်​အကြောင်း သွေး​ကို​မ​စား​ရ​။ ထိုသို့​ပြု​ခြင်း​သည် ထာဝရဘုရား​၏​ရှေ့​တော်​၌ ဖြောင့်မှန်​သော​အမှု​ကို​ပြု​ခြင်း​ဖြစ်​၏​။ သင်​ပူဇော်​ရ​မည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​၊ ကတိသစ္စာ​ဆိုင်ရာ​ပူဇော်သက္ကာ တို့​ကို​ယူ​၍ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​၏​အသား​နှင့်​သွေး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ ပူဇော်​ရ​မည်​။ ယဇ်ကောင်​၏​သွေး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်၌ သွန်း​၍ အသား​ကို​စား​ရ​မည်​။ သင်​မှစ၍ နောင်လာမည့် သင်​၏​သားမြေး​တို့ အစဉ်​ကောင်းစား​မည့်​အကြောင်း သင့်​အား ငါ​မှာကြား​ထား​သော ဤ​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​လော့​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ကောင်း​သော​အမှု​၊ ဖြောင့်မှန်​သော​အမှု​တို့​ကို​ပြု​ခြင်း​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​ရှိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ​ဖယ်ရှား​တော်မူ​မည်​။ သင်​သည် ထို​လူမျိုး​တို့​ကို​နှင်ထုတ်​၍ သူ​တို့​၏​ပြည်​၌​နေထိုင်​သောအခါ သင်​သည် သူ​တို့​နောက်လိုက်​ပါ​ခြင်း​ဖြင့် မ​ကျော့မိ​စေရန် သတိပြု​လော့​။ သင်​၏​ရှေ့​မှ ထို​လူမျိုး​တို့​ဖျက်ဆီး​ခံရ​ပြီးနောက် သင်​က ‘ထို​လူမျိုး​တို့​သည် သူ​တို့​၏​ဘုရား​များ​ကို မည်သို့​ဝတ်ပြု​ကြ​သနည်း​။ ငါ​လည်း ထိုနည်းတူ​ပြု​မည်’​ဟု ဆို​လျက် သူ​တို့​၏​ဘုရား​များ​အကြောင်း​ကို မ​မေးမြန်း​နှင့်​။ ထို​လူမျိုး​သည် ထာဝရဘုရား​မုန်း​တော်မူ​သည့် စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို မိမိ​တို့​ဘုရား​များ​အတွက် ပြု​ကြ​၏​။ စင်စစ် သူ​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​ကို​ပင် သူ​တို့​၏​ဘုရား​များ​အတွက် မီး​ရှို့​ကြ​၏​။ သူ​တို့​ပြု​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။ သင်​တို့​အား ငါ​မှာကြား​ထား​သည့် နှုတ်ကပတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။