YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 11:1-15

တရားဟောရာ 11:1-15 JBMLE

သို့​ဖြစ်၍ သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ရ​မည်။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်၊ မှာ​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို အ​စဉ်​စောင့်​ရှောက်​ရ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် ပြည်​သူ​ပြည်​သား​များ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​စစ်​သူ​ရဲ အ​လုံး​အ​ရင်း​တည်း​ဟူ​သော မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လိုက်​သော​သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၍၊ ယ​နေ့​တိုင်​အောင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သို့​မ​ရောက်​မီ၊ တော၌​လှည့်​လည်​စဉ်​တွင် သင်​တို့​အား​ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ ထို​ကြောင့်၊ သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ကို ကြီး​စွာ​သော​ခွန်​အား​နှင့် ဝင်​စား​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘိုး​ဘေး​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ်​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ သင်​တို့​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည်​ကား၊ ယာ​လုပ်​သ​ကဲ့​သို့ မျိုး​စေ့​ကြဲ၍ ခြေ​ဖြင့်​ရေ​လောင်း​ရ​သော ပြည်​တည်း​ဟူ​သော သင်​တို့​ထွက်​လာ​သော အဲ​ဂု​တ္တု​ပြည်​နှင့် တူ​သည်​မ​ဟုတ်။ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည် တောင်​များ၊ ချိုင့်​များ​နှင့်​ပြည့်​စုံ၍ မိုး​ရေ​ကို​သောက်​သော​ပြည်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပြု​စု၍ တစ်​နှစ်​ပတ်​လုံး ကြည့်​ရှု​တော်​မူ​သော​ပြည် ဖြစ်၏။ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စေ့​စေ့​နား​ထောင်​လျှင်၊ သင်​တို့​သည် စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို​စု​သိမ်း​စေ​ခြင်း​ငှာ အ​ရင်​မိုး၊ နောက်​မိုး​တည်း​ဟူ​သော သင်​တို့​ပြည်​နှင့်​ဆိုင်​သော​မိုး​ရေ​ကို ငါ​ပေး​မည်။ သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​အ​ကြောင်း၊ သင်​တို့​တိ​ရ​စ္ဆာန်​များ​အ​ဖို့ လွင်​ပြင်၌​မြက်​ပင်​ကို ငါ​ပေါက်​စေ​မည်။