YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 10:12-21

တရားဟောရာ 10:12-21 JBMLE

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​တော်​သို့​လိုက်​သွား​ခြင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သင်၏​အ​ကျိုး​ကို​ထောက်၍ ယ​နေ့​ငါ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်​ခြင်း​အ​မှု​မှ​တစ်​ပါး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​အ​မှု​ကို တောင်း​တော်​မူ​သ​နည်း။ မိုး​ကောင်း​ကင်​နှင့် ကောင်း​ကင်​ဘ​ဝဂ်​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး၍၊ ယ​နေ့​ရှိ​သ​ကဲ့​သို့၊ သူ​တို့​အ​မျိုး​အ​နွယ်​တည်း​ဟူ​သော သင့်​ကို၊ အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​တွင် ရွေး​ကောက်​တော်​မူ၏။ သို့​ဖြစ်၍ သင်၏​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​လော့။ နောက်​တစ်​ဖန် ခိုင်​မာ​သော​လည်​ပင်း မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဘု​ရား​တို့၏​ဘု​ရား၊ သ​ခင်​တို့၏​သ​ခင်၊ ကြီး​မြတ်​သော​ဘု​ရား၊ တန်​ခိုး​နှင့်​ပြည့်​စုံ၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ လူ​မျက်​နှာ​ကို​မ​ထောက်၊ တံ​စိုး​ကို​မ​စား​ဘဲ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ဘက်၌ တ​ရား​စီ​ရင်၍၊ ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို စုံ​မက်​သ​ဖြင့်၊ အ​ဝတ်​အ​စား​တို့​ကို ပေး​သ​နား​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သို့​ဖြစ်၍ ဧည့်​သည်​တို့​ကို ချစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ ကိုယ်​တော်၌ ဆည်း​ကပ်​ရ​မည်။ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​ခြင်း​ကို ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဂုဏ်​အ​သ​ရေ၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​သည်​အ​တိုင်း၊ ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​ကြီး​တို့​ကို သင့်​အ​ဖို့​ပြု​တော်​မူ​ပြီ။