YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 10:12-21

တရားဟောရာ 10:12-21 Judson Bible (JBMLE)

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​တော်​သို့​လိုက်​သွား​ခြင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သင်၏​အ​ကျိုး​ကို​ထောက်၍ ယ​နေ့​ငါ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ကို စောင့်​ရှောက်​ခြင်း​အ​မှု​မှ​တစ်​ပါး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​အ​မှု​ကို တောင်း​တော်​မူ​သ​နည်း။ မိုး​ကောင်း​ကင်​နှင့် ကောင်း​ကင်​ဘ​ဝဂ်​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး၍၊ ယ​နေ့​ရှိ​သ​ကဲ့​သို့၊ သူ​တို့​အ​မျိုး​အ​နွယ်​တည်း​ဟူ​သော သင့်​ကို၊ အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​တွင် ရွေး​ကောက်​တော်​မူ၏။ သို့​ဖြစ်၍ သင်၏​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖြတ်​လော့။ နောက်​တစ်​ဖန် ခိုင်​မာ​သော​လည်​ပင်း မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဘု​ရား​တို့၏​ဘု​ရား၊ သ​ခင်​တို့၏​သ​ခင်၊ ကြီး​မြတ်​သော​ဘု​ရား၊ တန်​ခိုး​နှင့်​ပြည့်​စုံ၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ လူ​မျက်​နှာ​ကို​မ​ထောက်၊ တံ​စိုး​ကို​မ​စား​ဘဲ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ဘက်၌ တ​ရား​စီ​ရင်၍၊ ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို စုံ​မက်​သ​ဖြင့်၊ အ​ဝတ်​အ​စား​တို့​ကို ပေး​သ​နား​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သို့​ဖြစ်၍ ဧည့်​သည်​တို့​ကို ချစ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ ကိုယ်​တော်၌ ဆည်း​ကပ်​ရ​မည်။ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​ခြင်း​ကို ပြု​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဂုဏ်​အ​သ​ရေ၊ သင်၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​သည်​အ​တိုင်း၊ ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​ကြီး​တို့​ကို သင့်​အ​ဖို့​ပြု​တော်​မူ​ပြီ။

တရားဟောရာ 10:12-21 Common Language Bible (BCL)

``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​ကျင့်​ဝတ်​ကား​ဤ​သို့​တည်း၊ ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍၊- မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​လော့။ ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​၍ အ​မှု တော်​ကို​ဆောင်​ရွက်​လော့။ သင်​တို့​၏​ကောင်း​ကျိုး အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ်​အ​လုံး စုံ​ကို​စောင့်​ထိန်း​လော့။- ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​အ​ထက် ဘ​ဝဂ်​ကို​ပင်​ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​အ​ရာ​ခပ်​သိမ်း​တို့ ကို​လည်း​ပိုင်​တော်​မူ​၏။- သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ ၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး​သ​ဖြင့် လူ မျိုး​များ​စွာ​ရှိ​သည့်​အ​နက်​သင်​တို့​ကို​ရွေး ချယ်​တော်​မူ​ခဲ့​ရာ သင်​တို့​သည်​ယ​နေ့​တိုင် အောင်​ကိုယ်တော်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​၏။- သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ လျက် ခေါင်း​မာ​သော​သ​ဘော​ကို​ပယ်​ရှား​ကြ လော့။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။- မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။- သို့​ဖြစ်​၍​လူ​မျိုး​ခြား​တို့​ကို​ချစ်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​ယ​ခင် အ​ခါ​က​အီ​ဂျစ်​ပြည်​တွင်​လူ​မျိုး​ခြား အ​ဖြစ်​နေ​ထိုင်​ခဲ့​ရ​ဖူး​သော​ကြောင့်​ဖြစ်​သည်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​ကို​သာ​ဝတ်​ပြု ကိုး​ကွယ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ စောင့်​၍ နာ​မ​တော်​ကို​သာ​တိုင်​တည်​လျက် သစ္စာ​ဆို​ရ​မည်။- ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည် သင်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​အ​တွက် ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​သော​အ​မှု ကြီး​များ​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ကြ​ပြီ။

တရားဟောရာ 10:12-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊ သင်​ကောင်းစား​မည့်​အကြောင်း သင့်​အား ယနေ့ ငါ​ဆင့်ဆို​သော ထာဝရဘုရား​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက် တို့​ကို စောင့်ထိန်း​ရ​မည် စသည်​တို့​ကို​သာ တောင်းဆို​သည်​မ​ဟုတ်​လော​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိုးကောင်းကင်​နှင့် အမြင့်ဆုံးမိုးကောင်းကင်​ကို​လည်းကောင်း​၊ မြေကြီး​နှင့် မြေကြီး​၌​ရှိ​သော​အရာ​အားလုံး​ကို​လည်းကောင်း ပိုင်ဆိုင်​သော​အရှင်​ဖြစ်​သော်လည်း ထာဝရဘုရား​သည် သင်​၏​ဘိုးဘေး​တို့​ကို ချစ်​တော်မူ​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း နောင်လာမည့် သူ​တို့​၏​သားစဉ်မြေးဆက်​ဖြစ်​သော​သင်​တို့​ကို လူမျိုး​ရှိသမျှ​တို့​ထဲမှ ရွေးချယ်​တော်မူ​၏​။ သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို​လှီး​ကြ​လော့​။ ခေါင်း​မ​မာ​ကြ​တော့​နှင့်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဘုရား​တကာ​တို့​၏​ဘုရား​၊ သခင်​တကာ​တို့​၏​သခင်​၊ ကြီးမြတ်​၍​တန်ခိုး​နှင့်​ပြည့်စုံ​သော​ဘုရား​၊ အံ့ဩဖွယ်​ကောင်း​သော​ဘုရား ဖြစ်​တော်မူ​၏​။ မျက်နှာ​မ​လိုက်​၊ တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​၊ ဖတဆိုး​နှင့်​မုဆိုးမ​တို့​အတွက် တရားသဖြင့်​စီရင်​သော​အရှင်​၊ တိုင်းတစ်ပါးသား​ကို​ချစ်​၍ အစားအစာ​နှင့် အဝတ်အစား​တို့​ကို ပေးသနား​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။ သင်​တို့​သည် အီဂျစ်​ပြည်​၌ တိုင်းတစ်ပါးသား​ဖြစ်​ခဲ့​ဖူး​သောကြောင့် တိုင်းတစ်ပါးသား​တို့​ကို ချစ်​ရ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​။ ဝတ်ပြု​ရ​မည်​။ ဆည်းကပ်​ရ​မည်​။ နာမ​တော်​ကို​တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။ သင်​မျက်မြင်ကိုယ်တွေ့​ကြုံ​ခဲ့​ရ​သည့် ကြောက်မက်ဖွယ်​ကောင်း​သော​အမှု​ကြီး​များ​ကို သင့်​အတွက်​ပြု​တော်မူ​သော​အရှင်​သည် သင်​ချီးမွမ်း​ရာ သင်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။