YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:6-12

ဒံယေလ 6:6-12 JBMLE

အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊ ဒါ​ရိ​မင်း​ကြီး​သည် အ​မိန့်​တော်​ကို​ပေး၍ တံ​ဆိပ်​ခတ်​တော်​မူ၏။ အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ထို​သို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​နေ​သည်​ကို မှူး​မတ်​အ​ရာ​ရှိ​တို့​သည် စည်း​ဝေး၍ တွေ့​မြင်​ကြ​လျှင်၊ အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။