YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:6-12

ဒံယေလ 6:6-12 Judson Bible (JBMLE)

အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊ ဒါ​ရိ​မင်း​ကြီး​သည် အ​မိန့်​တော်​ကို​ပေး၍ တံ​ဆိပ်​ခတ်​တော်​မူ၏။ အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ထို​သို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​နေ​သည်​ကို မှူး​မတ်​အ​ရာ​ရှိ​တို့​သည် စည်း​ဝေး၍ တွေ့​မြင်​ကြ​လျှင်၊ အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။

ဒံယေလ 6:6-12 Common Language Bible (BCL)

ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​ရှေ့​တော်​သို့ သွား​ရောက်​၍``ဒါ​ရိ​မင်း​မြတ်​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ။- အ​ရှင်​မင်း​ကြီး​သည်​အ​မိန့်​တော်​တစ်​ရပ် ကို​ထုတ်​ဆင့်​ကာ ထို​အ​မိန့်​တော်​ကို​လူ​တို့ တိ​ကျ​စွာ​လိုက်​နာ​ကြ​စေ​သင့်​ကြောင်း​ကြီး ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ၊ ဘု​ရင်​ခံ​များ၊ လက် ထောက်​ဘုရင်​ခံ​များ​နှင့်​အ​ကြံ​ပေး​အ​ရာ ရှိ​များ​ဖြစ်​သည့်​နိုင်ငံ​တော်​ကို​စီ​မံ​အုပ်​ချုပ် ကြ​သူ အ​ကျွန်ုပ်​တို့​အား​လုံး​သ​ဘော​တူ​ညီ ကြ​ပါ​၏။ ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင် အ​ဘယ်​သူ​မျှ​အ​ရှင်​မင်း​ကြီး​မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ​မည်​သူ မ​ဆို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့​ပစ်​ချ ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​ထုတ်​တော် မူ​ပါ။- ထို​အ​မိန့်​တော်​ကို​အ​ရှင်​မင်း​ကြီး​ထုတ် ၍​တံ​ဆိပ်​ခတ်​နှိပ်​၍​လက်​မှတ်​ရေး​ထိုး တော်​မူ​ပါ​လျှင် ယင်း​အ​မိန့်​တော်​သည်​ပြင် ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​သော​မေ​ဒိ​နှင့် ပါ​ရှ​လူ​မျိုး​များ​၏​ဋ္ဌမ္မ​သတ်​ဖြစ်​လာ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။- သို့​ဖြစ်​၍​ဒါ​ရိ​မင်း​သည်​ထို​အ​မိန့်​တော် ကို တံ​ဆိပ်​ခတ်​လက်​မှတ်​ရေး​ထိုး​တော်​မူ​၏။- မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။ သူ​၏​ရန်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဒံ​ယေ​လ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ သည်​ကို​မြင်​သော​အ​ခါ၊- တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။ မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဋ္ဌမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။

ဒံယေလ 6:6-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ အတူတကွ​စုရုံး​ကာ ရှင်ဘုရင်​ထံသို့​သွား​ပြီး “​အို ဒါရိ​မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​တားမြစ်​အမိန့်​ကို အတည်ပြု​အမိန့်​ထုတ်ပြန်​စေ​လို​ပါ​သည်​ဟု နိုင်ငံ​အကြီးအကဲ​များ​ဖြစ်​သည့်​အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ​၊ မင်း​အတိုင်ပင်ခံ​များ​၊ ဘုရင်ခံ​များ​အားလုံး​သဘောတူ​တိုင်ပင်​ကြ​ပါ​၏​။ အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​နိုင်​သော​ဥပဒေသ​အတိုင်း ဤ​အမိန့်​စာ​ကို ယခု အတည်ပြု​လက်မှတ်ရေးထိုး​တော်မူ​ပါ​”​ဟု လျှောက်တင်​ကြ​သောကြောင့် ဒါရိ​မင်းကြီး​လည်း ထို​အမိန့်​စာ​ကို လက်မှတ်ရေးထိုး​လေ​၏​။ ထို​အမိန့်စာ​ကို ဒါရိ​မင်းကြီး​လက်မှတ်ရေးထိုး​ကြောင်း ဒံယေလ​ကြားသိ​သော်လည်း သူ​သည် အိမ်​သို့​ပြန်​၍​အပေါ်ထပ် မိမိ​အခန်း​သို့​ဝင်​ကာ ဂျေရုဆလင်​မြို့​ဘက်​သို့​မျက်နှာမူ​ထား​သော ပြတင်းပေါက်​ကို​ဖွင့်​ပြီး ဘုရားသခင်​ရှေ့​တော်​တွင် ယခင်​က​တစ်​နေ့​သုံး​ကြိမ်​ဒူးထောက်​ဆုတောင်း​ခဲ့​သည့်​အတိုင်း ဆုတောင်း​လျက်​ကျေးဇူး​တော်​ကို ချီးမွမ်း​လေ​၏​။ ထိုအခါ လူ​တို့​သည် အုပ်စုလိုက်​ရောက်လာ​၍ ဒံယေလ​သည် မိမိ​ဘုရားသခင်​ရှေ့​တော်​တွင် ဆုတောင်း​အသနားခံ​နေ​သည်​ကို တွေ့​သောအခါ ရှင်ဘုရင်​ထံသို့​သွား​ပြီးလျှင် ရှင်ဘုရင်​ထုတ်ပြန်​ထား​သော​အမိန့်​နှင့်​ပတ်သက်၍ “အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​အမိန့်​ကို လက်မှတ်ရေးထိုး​ထား​ပြီ​မ​ဟုတ်​ပါ​လော​၊ အရှင်မင်းကြီး​”​ဟု မေးလျှောက်​ကြ​လျှင် မင်းကြီး​က “​မေဒိ​နှင့်​ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​အတိုင်း ဤ​ကိစ္စ​မှာ မှန်ကန်​၏​”​ဟု ပြန်လည်​မိန့်ဆို​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။