YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:1-9

ဒံယေလ 6:1-9 JBMLE

ဒါ​ရိ​မင်း​ကြီး​သည် နိုင်​ငံ​တော် အ​မှု​အ​ရေး​အ​လုံး​စုံ​တို့​ကို စီ​ရင်​ရ​သော မြို့​ဝန်​တစ်​ရာ​နှစ်​ဆယ် တို့​ကို​လည်း​ကောင်း၊ အ​ကျိုး​တော်​ကို မ​ယုတ်​မ​လျော့​စေ​ခြင်း​ငှာ၊ ထို​မြို့​ဝန်​အ​ပေါင်း​တို့​ကို အုပ်​ချုပ်​စစ်​ကြော​ရ​သော ဝန်​ကြီး​သုံး​ပါး​ကို​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း ခန့်​ထား​တော်​မူ၏။ ထို​ဝန်​ကြီး​သုံး​ပါး​တွင် ဒံ​ယေ​လ​သည် ဝန်​ကြီး​အ​ရာ​ကို​ရ​သည်​သာ​မ​က၊ ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။ ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊ ဘု​ရား​သ​ခင်၏ ဘာ​သာ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​တွင် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို ငါ​တို့​မ​တွေ့​နိုင်​ကြ​ဟု တိုင်​ပင်​ပြော​ဆို​ပြီး​မှ၊ အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊ ဒါ​ရိ​မင်း​ကြီး​သည် အ​မိန့်​တော်​ကို​ပေး၍ တံ​ဆိပ်​ခတ်​တော်​မူ၏။