ရှင်ဘုရင်တစ်ပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကိုကိုယ် ချီးပင့်မြှောက်စားလျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဖွယ်သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက် စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ်သမျှအတိုင်း ဖြစ်ရလိမ့်မည်။ ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကိုလည်းကောင်း၊ မိန်းမ၌ တပ်မက်သော အလိုကိုလည်းကောင်း၊ တစ်ပါးသော ဘုရားများကိုလည်းကောင်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကိုကိုယ် ချီးမြှောက်လိမ့်မည်။ ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကို ချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဖွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။ ခိုင်ခံ့သော ရဲတိုက်များကိုလည်းကောင်း၊ မိမိဝန်ခံသော တစ်ပါးအမျိုးသားဘုရားကိုလည်းကောင်း ပြုစု၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာ အုပ်စိုးရသောအခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလိုငှာ မြေကိုဝေဖန်လိမ့်မည်။ အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေပွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။ သာယာသောပြည်ကိုလည်း ဝင်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏လက်မှ လွတ်သောသူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။ ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရလိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။ ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဖိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည်သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။ သို့ရာတွင် သူသည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သတင်းကိုကြား၍ စိတ်ပူပန်သဖြင့်၊ လူအများတို့ကို ဖျက်ဆီးသုတ်သင် ပယ်ရှင်းခြင်းငှာ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။ ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသောတောင်ပေါ်၌ စံရာတဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှမစခြင်းငှာ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။
ဒံယေလ 11 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 11:36-45
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ