YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 1:6-21

ဒံယေလ 1:6-21 JBMLE

ထို​သူ​တို့​တွင် ယု​ဒ​အ​မျိုး​သား ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​သည်​ပါ​ကြ၏။ မိန်း​မ​စိုး​အုပ်​သည် ထို​သူ​တို့​ကို အ​မည်​နာ​မ​လဲ၍၊ ဒံ​ယေ​လ​ကို ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို အ​ဗေ​ဒ​နေ​ဂေါ​ဟု၊ အ​သီး​အ​သီး အ​မည်​အ​သစ်​ကို​ပေး၏။ ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။ ဘု​ရား​သ​ခင် ပြု​ပြင်​တော်​မူ​သော​အား​ဖြင့်၊ မိန်း​မ​စိုး​အုပ်​သည် ဒံ​ယေ​လ​ကို အ​လွန်​ချစ်​သ​နား​သော်​လည်း၊ ငါ့​သ​ခင်​ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ငါ​ကြောက်၏။ သင်​တို့​အ​စား​အ​သောက်​ကို စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​မျက်​နှာ​သည် အ​ရွယ်​တူ လူ​ပျို​တို့၏ မျက်​နှာ​လောက် အ​ဆင်း​မ​လှ​သည်​ကို မြင်​တော်​မူ​လျှင်၊ သင်​တို့​အ​တွက် ငါ​သည် ရာ​ဇ​ဝတ်​သင့်၍ အ​သက်​မ​လွတ်​ရ​ဟု ဒံ​ယေ​လ​ကို ပြော​ဆို၏။ ထို​အ​ခါ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ဒံ​ယေ​လ​က၊ အ​ကျွန်ုပ်​တို့ စား​သောက်​စ​ရာ​ဖို့ ဟင်း​သီး​ဟင်း​ရွက်​နှင့် ရေ​ကို​သာ ဆယ်​ရက်​ပတ်​လုံး​ပေး​စမ်း​ပါ။ ထို​နောက်၊ အ​ကျွန်ုပ်​တို့​မျက်​နှာ​နှင့်၊ ပွဲ​တော်​မှ ကြွင်း​သော အ​စာ​ကို​စား​သော လူ​ပျို​တို့၏​မျက်​နှာ​ကို သ​ခင်​ရှေ့၌ စစ်​တော်​မူ​ပါ​စေ။ ကိုယ်​တော်​တိုင်​မြင်​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​ကို စီ​ရင်​တော်​မူ​ပါ​ဟု ပြော​လျှင်၊ စား​တော်​ကဲ​သည် ဝန်​ခံ၍ ဆယ်​ရက်​စုံ​စမ်း​လေ​၏။ ဆယ်​ရက်​စေ့​လျှင် သူ​တို့​မျက်​နှာ​သည်၊ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​ကို စား​သော လူ​ပျို​အ​ပေါင်း​တို့၏ မျက်​နှာ​ထက် အ​ဆင်း​လှ၍ ဖွံ့​ဝ​လျက်​ရှိ၏။ ထို​အ​ခါ စား​တော်​ကဲ​သည် သူ​တို့​အ​စာ​ကို​လည်း​ကောင်း၊ သူ​တို့​သောက်​ဖို့ စ​ပျစ်​ရည်​ကို​လည်း​ကောင်း ရုပ်​သိမ်း၍၊ ဟင်း​သီး ဟင်း​ရွက်​နှင့်​သာ ကျွေး​မွေး၏။ ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။ နန်း​တော်​သို့ သွင်း​စေ​ခြင်း​ငှာ ချိန်း​ချက်​တော်​မူ​သော အ​ချိန်​ရောက်​သော်၊ မိန်း​မ​စိုး​အုပ်​သည် လု​လင်​များ​တို့​ကို​ခေါ်၍ နန်း​တော်​သို့ သွင်း​လေ၏။ ရှင်​ဘု​ရင်​သည် ထို​လု​လင်​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​တော်​မူ​ပြီး​လျှင်၊ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​နှင့် တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​သော​ကြောင့်၊ သူ​တို့​သည် အ​ထံ​တော်၌ ခ​စား​ရ​သော အ​ခွင့်​အ​ရာ​ကို ရ​ကြ၏။ ရှင်​ဘု​ရင်​မေး​တော်​မူ​သ​မျှ​သော အ​တတ်​ပ​ညာ​ကို ထို​လု​လင်​တို့​သည် နိုင်​ငံ​တော်၌​ရှိ​သ​မျှ​သော မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်​များ​ထက်​သာ၍ ဆယ်​ဆ​တတ်​ကြ​သည်​ကို တွေ့​မြင်​တော်​မူ၏။ ဒံ​ယေ​လ​သည် ကု​ရု​မင်း​ကြီး​နန်း​စံ ပ​ထ​မ​နှစ်​တိုင်​အောင် ရှိ​နေ​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။