ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။- အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။- အထွတ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။- ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊- ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။- ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။- အထွတ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။- ထိုအရာတို့သည် နောက်ဖြစ်လတ္တံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။- ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံး အချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌လည်းကောင်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌လည်းကောင်း မွေ့လျော်သောသူ တစ်စုံတစ်ယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။- ဦးခေါင်းတော်မှ တစ်ကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွားတတ်၏။ သင်တို့သည် ခရစ်တော်နှင့်အတူသေ၍၊ လောကီတရားနုမှ စုတေကြသည်မှန်လျှင်၊- မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့် နားထောင်ကြသနည်း။- လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။- ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။
ကောလောသဲ 2 ကိုဖတ်ပါ။
နားထောင်ပါ။ ကောလောသဲ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကောလောသဲ 2:8-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ