YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 2:8-23

ကောလောသဲ 2:8-23 Judson Bible (JBMLE)

ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဇာ​တိ​အ​ဖြစ်​တော်၏ ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်၌ ကိုယ်​ထင်​ရှား၍ ကျိန်း​ဝပ်​တော်​မူ၏။- အ​ထွတ်​အ​မြတ် အာ​ဏာ​စက်​ရှိ​သ​မျှ​ကို အုပ်​စိုး​တော်​မူ​သော ထို​သ​ခင်၌ သင်​တို့​သည် စုံ​လင်​ခြင်း​ရှိ​ကြ၏။- ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊- ဗ​တ္တိ​ဇံ​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပြု​ပြင်​အား​ထုတ်​တော်​မူ​ခြင်း​ကို ယုံ​ကြည်​သော​အား​ဖြင့်၊ ဗ​တ္တိ​ဇံ​ကို​ခံ၍ ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​ခြင်း​သို့ ရောက်​ကြ၏။- ဒု​စ​ရိုက်​အ​ပြစ်၌​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ၏ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​ဖြစ်၌​လည်း​ကောင်း သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ၍၊ သင်​တို့ အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ၏။- ငါ​တို့​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့် စပ်​ဆိုင်​သော​လက်​မှတ်​ကို ချေ၍၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​လျက်၊ ငါ​တို့​စပ်​ကြား​ထဲ​က ပယ်​ရှင်း​တော်​မူ​ပြီ။- အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်​များ​ကို လု​ယူ​လျှင်၊ ထင်​ရှား​စွာ ထုတ်​ပြ၍ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် အောင်​ပွဲ​ကို ခံ​တော်​မူ​ပြီ။ ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။- ထို​အ​ရာ​တို့​သည် နောက်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့၏ အ​ရိပ်​ဖြစ်​ကြ၏။ ကိုယ်​မူ​ကား ခ​ရစ်​တော်၏​ကိုယ်​ဖြစ်၏။- ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။- ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ၍၊ လော​ကီ​တ​ရား​နု​မှ စု​တေ​ကြ​သည်​မှန်​လျှင်၊- မ​တို့​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူ​သော ပ​ညတ်​စ​ကား​ကို လော​ကီ​အ​သက်​ရှင်​သေး​သ​ကဲ့​သို့၊ အ​ဘယ်​ကြောင့် နား​ထောင်​ကြ​သ​နည်း။- လူ​တို့၏ ပ​ညတ်​ဩ​ဝါ​ဒ​အ​တိုင်း စောင့်​ရှောက်​သော ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​သည် ပုပ်​ပျက်​စေ​ခြင်း​အ​ကြောင်း ဖြစ်​ကြ၏။- ထို​သို့​သော ပ​ညတ်​တို့​သည် ကိုယ်​အ​သား​ကို ဝ​ပြော​စွာ ကျွေး​မွေး​ခြင်း​နှင့်​မ​ဆိုင်၊ ကိုယ်​အ​လို​အ​လျောက် ကိုး​ကွယ်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ ကိုယ်​ကာ​ယ​ကို နှိပ်​စက်​ခြင်း​နှင့်​ဆိုင်၍၊ ပ​ညာ​ရှိ​ယောင်​ဆောင်​ကြ၏။

ကောလောသဲ 2:8-23 Common Language Bible (BCL)

ခ​ရစ်​တော်​ထံ​မှ​မ​ဟုတ်​ဘဲ​လူ​တို့​၏​ထုံး​တမ်း စဉ်​လာ​မှ​လည်း​ကောင်း၊ စ​ကြ​ဝ​ဠာ​ကို အ​စိုး​ရ သည့်​ဝိ​ညာဉ်​များ​မှ​လည်း​ကောင်း၊ လက်​ဆင့်​ကမ်း သည့်​အ​ချည်း​နှီး​သော​လူ​ပ​ညာ​ပ​ရိ​ယာယ်​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကျွန်​ဘ​ဝ​သို့ မ​သက်​ဆင်း​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- လူ့​ဇာ​တိ​အ​ဖြစ်​နှင့်​လော​က​တွင်​သက်​တော် ထင်​ရှား​ရှိ​တော်​မူ​စဉ်​အ​ခါ​က ခ​ရစ်​တော်​၌ ဘု​ရား​ဇာ​တိ​တော်​အ​ပြည့်​အ​ဝ​ကိန်း​အောင်း တော်​မူ​ပေ​သည်။- သင်​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့် ကြွယ်​ဝ​သော​အ​သက်​ကို​ရ​ရှိ ကြ​၏။ ထို​အ​ရှင်​ကား​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး ရှင်​များ​နှင့်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့​ကို​အ​စိုး​ရ တော်​မူ​သ​တည်း။ ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လာ​ကြ သော​အ​ခါ သင်​တို့​ဇာ​တိ​သ​ဘော​တ​ရား​မှ လွတ်​မြောက်​ခြင်း​တည်း​ဟူ​သော​ခ​ရစ်​တော်​၏ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပေ​သည်။ ဤ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကား​ကာ​ယ​နှင့် ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​မ​ဟုတ်။- သင်​တို့​သည်​ဗတ္တိ​ဇံ​ခံ​သော​အ​ခါ​ကိုယ်​တော်​နှင့် အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ကြ​၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​၌ ရှင်​ပြန်​ထ​မြောက်​စေ​နိုင်​သော တန်​ခိုး​တော်​ကို​သင်​တို့​ယုံ​ကြည်​ကြ​သော​ကြောင့် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​ပြန်​ထ​မြောက်​ကြ​၏။ သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​ကူး သူ​များ​ဖြစ်​ကြ​သော​ကြောင့်​လည်း​ကောင်း၊ ပ​ညတ် တ​ရား​မ​ခံ​ယူ​သော​လူ​မျိုး​ခြား​ဖြစ်​သော ကြောင့်​လည်း​ကောင်း ဝိ​ညာဉ်​ရေး​အ​ရ​သေ​သူ များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင် စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏ အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​၍၊- ငါ​တို့​၏​အ​ပြစ်​ကြွေး​စာ​ရင်း​ကို​လည်း​ကောင်း၊ ၎င်း​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ​စည်း​ကမ်း​များ​ကို လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​ရိုက်​ခြင်း အား​ဖြင့်​ပယ်​ဖျက်​တော်​မူ​သည်။- ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ခ​ရစ်​တော်​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ ပိုင်​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​ပယ်​ရှား တော်​မူ​ပြီး​နောက် ၎င်း​တို့​ကို​သုံ့​ပန်း​များ​အ​ဖြစ် အောင်​ပွဲ​လှည့်​ရာ​တွင်​နောက်​မှ​လိုက်​ပါ​စေ​ကာ လူ​အ​ပေါင်း​တို့​အား​ပြ​တော်​မူ​၏။ သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။- ထို​အ​ရာ​တို့​သည်​နောင်​အ​ခါ​ဖြစ်​ပေါ်​လာ​မည့် အ​ရာ​တို့​၏​အ​ရိပ်​အ​ရောင်​မျှ​သာ​ဖြစ်​ကြ​၏။ အ​တု​မ​ဟုတ်​အ​စစ်​မှာ​ခ​ရစ်​တော်​ဖြစ်​သည်။- မ​မှန်​ကန်​သော​နှိမ့်​ချ​ခြင်း၊ ကောင်း​ကင်​တ​မန် တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​တို့​ကို​အ​လေး အ​နက်​ပြော​ဆို​၍​မိ​မိ​တို့​တွေ့​မြင်​သည့်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​ကို​အ​ကြောင်း​ပြု​ကာ မိ​မိ တို့​က​အ​ခြား​သူ​တို့​ထက်​သာ​သည်​ဟု​ပြော ဆို​တတ်​သူ​များ​က​သင်​တို့​အား​ရှုတ်​ချ​ခွင့် ကို​မ​ပေး​နှင့်။ သူ​တို့​သည်​လူ့​သ​ဘော​ဖြင့် စဉ်း​စား​ဆင်​ခြင်​လျက်​အ​ကြောင်း​မဲ့​စိတ် နေ​မြင့်​လျက်​ရှိ​ကြ​၏။- သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။ သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ သေ​ပြီ​ဖြစ် သ​ဖြင့်​ဤ​လော​က​ဋ္ဌာတ်​ကို အ​စိုး​ရ​သော တန်​ခိုး​ရှင်​များ​၏​လက်​အောက်​တွင်​မ​ရှိ​တော့ ပေ။- ထို​သို့​ဖြစ်​ပါ​လျက်​သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ​ကဲ့​သို့​ပြု​ကျင့် နေ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်``ဤ​အ​ရာ​ကို မ​ကိုင်​နှင့်။ ထို​အ​ရာ​ကို​မ​မြည်း​မ​စမ်း​နှင့်။ မ​တို့ မ​ထိ​နှင့်'' အ​စ​ရှိ​သည့်​ဥ​ပ​ဒေ​များ​ကို​လိုက် လျှောက်​နေ​ကြ​သ​နည်း။- ထို​ဥ​ပ​ဒေ​များ​သည်​အ​သုံး​ပြု​ပြီး​နောက်​အ​သုံး မ​ဝင်​တော့​သည့်​အ​ရာ​များ​နှင့်​စပ်​ဆိုင်​၏။ ယင်း​တို့ အား​လုံး​ပင်​လျှင်​လူ​လုပ်​သည့်​ဥ​ပ​ဒေ​များ၊ သွန် သင်​ချက်​များ​သာ​ဖြစ်​သည်။- ကောင်း​ကင်​တ​မန်​များ​အား​မ​ဖြစ်​မ​နေ​ကိုး ကွယ်​ရ​ခြင်း၊ မ​မှန်​ကန်​သော​စိတ်​နှိမ့်​ချ​ခြင်း၊ အ​လွန်​အ​မင်း​ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တည်း ဟူ​သော​ဥ​ပ​ဒေ​တို့​သည် ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​ဥ​ပ​ဒေ​ပ​ညတ်​များ​ဖြစ်​ဟန်​တူ​သော် လည်း​ကာ​ယ​တပ်​မက်​မှု​များ​ကို​ထိန်း​ချုပ် ရာ​တွင်​မည်​သို့​မျှ​အ​ထောက်​အ​ကူ​မ​ပေး ချေ။

ကောလောသဲ 2:8-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရား​ဇာတိ​အဖြစ်​တော်​၏​ပြည့်စုံ​ခြင်း​အပေါင်း​သည် ခရစ်တော်​၌​ခန္ဓာ​အသွင်​အားဖြင့် ကိန်းဝပ်​တော်မူ​၏။ သင်​တို့​သည် အုပ်ချုပ်မှု​နှင့်​အာဏာစက်​ရှိသမျှ​တို့​၏​ဦးခေါင်း​ဖြစ်​တော်မူ​သော ထို​သခင်​အားဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​ပြီး ခရစ်တော်​နှင့်ဆိုင်သော​အရေဖျား​လှီး​ခြင်း​အားဖြင့် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​ကို​ချွတ်ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အရေဖျား​လှီး​ခြင်း​ကို ထို​သခင်​၌​ခံယူ​ကြ​၏။ သင်​တို့​သည် ဗတ္တိဇံ​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားသခင်​၏​တန်ခိုး​တော်​ကို ယုံကြည်​သော​အားဖြင့် ထို​သခင်​နှင့်အတူ ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ကျူးလွန်​သော​အပြစ်​များ​နှင့် ကိုယ်ကာယ​၏​အရေဖျား​မ​လှီး​ခြင်း​အဖြစ်​၌ သေ​နေ​သော​သင်​တို့​ကို ဘုရားသခင်​သည် ခရစ်တော်​နှင့်အတူ​အသက်ရှင်​စေ​တော်မူ​၍ ငါ​တို့​ကျူးလွန်​သော​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​တော်မူ​ပြီး ငါ​တို့​ကို​ဆန့်ကျင်​၍​အပြစ်ရှာ​တတ်​သော​စည်းမျဉ်း​များ​ပါ​သည့် ကတိခံဝန်ချက်​ကို ပယ်ဖျက်​ကာ ၎င်း​ကို လက်ဝါးကပ်တိုင်​ပေါ်၌​ရိုက်​ထား​လျက် ဖယ်ရှား​တော်မူ​၏။ အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။ ထို့ကြောင့် အစား​အသောက်​နှင့်​ပတ်သက်၍​ဖြစ်စေ၊ ပွဲ​နေ့၊ လဆန်း​နေ့​၊ သို့မဟုတ် ဥပုသ်နေ့​တို့​နှင့်​ပတ်သက်၍​ဖြစ်စေ မည်သူမျှ သင်​တို့​ကို​မ​စီရင်​စေ​နှင့်။ ၎င်း​တို့​သည် ဖြစ်လာ​မည့်​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ကြ​ပြီး အကောင်အထည်​အစစ်​မူကား ခရစ်တော်​၌​ရှိ​၏။ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း၊ ကောင်းကင်​တမန်​များ​ကို​ကိုးကွယ်​ခြင်း​တို့​၌ မွေ့လျော်​နေ​သော​သူ​တစ်စုံတစ်ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အဖြစ်မျိုး​ကို အဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်မက်​သော​အရာ​တို့​ကို နှိုက်နှိုက်ချွတ်ချွတ်​စူးစမ်း​၍ မိမိ​၏​သွေးသား​ဇာတိ​နှင့်ဆိုင်သော စိတ်နှလုံး​အားဖြင့် အချည်းနှီး​ထောင်လွှား​ကာ ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​သေဆုံး​၍ လောက​၏​အခြေခံ​တရား​မှ ခွဲခွာ​ခဲ့​သည်​ဆိုလျှင် အဘယ်ကြောင့် လောက​၌​အသက်ရှင်​နေ​သကဲ့သို့ မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူသော စည်းမျဉ်း​များ​ကို​လိုက်နာ​ကြ​သနည်း။ ထို​အရာ​အားလုံး​တို့​သည် လူ​တို့​၏​ပညတ်ချက်​နှင့်​သွန်သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ အသုံးပြု​ရင်း ပျက်စီး​သွား​မည့်​အရာ​များ​ဖြစ်​ကြ​၏။ ထို​အရာ​တို့​သည် ထင်ရာမြင်ရာ​ကိုးကွယ်​ခြင်း၊ မိမိ​ကိုယ်​ကို​ချိုးနှိမ်​ခြင်း​နှင့် ကိုယ်ခန္ဓာ​ကို​နှိပ်စက်​ခြင်း​တို့​ပါ​၍ ဉာဏ်ပညာ​ရှိ​ဟန်​ပေါ်​သော်လည်း သွေးသား​ဇာတိ​၏​တပ်မက်​မှု​ကို ချုပ်တည်း​ရာ​၌ မည်သည့်​အကျိုး​မျှ​မ​ပြု​ချေ။